Friday, September 20, 2013

ရှိခိုးခြင်းကပိုမြတ်တယ်

ပေးလှုခြင်းထက် ရှိခိုးခြင်းကပိုမြတ် ===================== လောကမှာ ကောင်းမှုကုသိုလ်လိုချင်လွန်းလို့ မင်္ဂလာအထိမ်းအမှတ် အလှုပွဲကြီးတွေ ၊ဧည့်သည်ကို ဧည့်ဝတ်ပြုခြင်း အစရှိတဲ့.. သဒ္ဓါအထိမ်းအမှတ် အလှုပွဲလေးတွေနဲ့ အနှစ်တစ်ရာပတ်လုံး လောကီလူသား ပုထုဇဉ်အများကို ပေးလှုပူဇော်တာရယ် .... ဖြောင့်မတ်စွာကျင့်လို့ ဖြောင့်မတ်သူဖြစ်နေကြတဲ့ အရိယာပုဂ္ဂိုလ် တွေကို ကြည်လင်တဲ့စိတ်ထားနဲ့ ဝပ်တွားရှိခိုးတာရယ် .... အဲဒီနှစ်မျိုးထဲမှာ အနှစ်တရာပတ်လုံး လှုဒါန်းရတဲ့ ဒါနကုသိုလ် အားလုံးဟာ တစ်ကြိမ်တစ်ခါ ရှိခိုတဲ့ ဝန္ဒနာကုသိုလ်ရဲ့ လေးပုံတစ်ပုံကိုတောင် မမီပါဘူး ။ အရိယာပုဂ္ဂိုလ်တွေကို ရှိခိုးရတဲ့ကုသိုလ်က သာမာန်လူသားတွေကို လှုဒါန်းရတဲ့ကုသိုလ်ထက် အဆပေါင်းများစွာ ပိုပြီး မြင့်မြတ်ပါတယ် ။ ပိုပြီး အကျိုးပေးကြီးကျယ်ပါတယ် ။ (ဆရာတော်အရှင်ဆန္ဒာဓိက) စိတ်အားဖြည့်ဓမ္မပဒ )စာအုပ်မှကူးယူတင်ပြဓမ္မဒါနပြုပါသည် ။

No comments: