Friday, September 20, 2013

ဝန်မလေးပါနဲ့

ကိုယ်မှားတဲ့အခါ တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ ---------------------------------------- ဆောရီးပဲ။ ကိုယ်မှားသွားတယ်ကွာ ... လို့ သူ့မျက်လုံးကို တည့်တည့်ကြည့်ပြီး အေးအေးလူလူပြောလိုက်တာဟာ ကိုယ်ရဲ့ ရင့်ကျက်တည်ငြိမ်မှုကို ပြပါတယ်။ ငါမှားပါစေ မတောင်းပန်ဘူးဆိုတာကတော့ တလွဲမာနဖြစ်သလို ကိုယ်ဟာ မပြည့်ဝသူ ဆိုတာလဲပြနေတယ်။ တောင်းပန်တာဟာ အောက်ကျခံတာ မဟုတ်ပါ။ လိုအပ်တာက တည်တည်ငြိမ်ငြိမ် ဂုဏ်သိက္ခာရှိရှိ တောင်းပန်တတ်ဖို့ပါ။ တောင်းပန်တာက မင်းအမြဲတမ်း မှားတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ အဲဒါက မင်းအတ္တထက် မင်းတို့ကြားက နှောင်ဖွဲ့မှုကို ပိုတန်ဘိုးထားတယ်ဆိုတာ ပြတာ။ ဒါကြောင့် အမှားလုပ်မိတဲ့အခါ တောင်းပန်ဖို့ ၀န်မလေးပါနဲ့။ တစ်ခါတစ်လေ မင်းအတွက် သံယောဇဉ်အရမ်းရှိတဲ့သူတွေကိုဆို သူတို့မှားတာတောင် တောင်းပန်လို့ရတယ်လေ။ ကိုယ့်ချစ်သူ ဒါမှမဟုတ် ကိုယ့်အချစ်ဆုံးသူငယ်ချင်းကို ဒီလိုအမှားမျိုး မလုပ်မိစေအောင် မတားမြစ်နိုင်တဲ့အတွက် မင်း စိတ်မကောင်းဖြစ်နိုင်ပါတယ်။ ကဲ ... ဒါကြောင့် ဒီနေ့ကနေ စလိုက်ရအောင်။ “ကိုယ်/ငါ/ကျနော်/ကျမ မှားသွားတယ်ကွာ။ ဒါဟာ နောက်ဆုံး အကြိမ်မှားတဲ့အမှားဖြစ်စေရပါမယ်။ တောင်းပန်ပါတယ်” အက်ဒမင် သွန်း for Heart Canteen

No comments: