Saturday, September 14, 2013

ဗိုလ်ဇော်မျိုးထက်အသက်ခံရ

ဗိုလ်ဇော်မျိုးထက် နဲ့ တပ်မတော်သား နှစ်ဦး ရက်စက်စွာ အသက်ခံရတာ ဘယ်နေ့လဲ ၃၀ ရက် သြဂုတ်လ ခု ဘယ်နေ့လဲ ၁၄ ရက် စက်တင်ဘာ ၂ ပါတ်ကြာသွားပြီ... မြန်မာနိုင်ငံတော် အစိုးရ ခုဘာလုပ်နေလဲ... အမေရိကန်ကို ဘင်လာဒင်တို့ဆော်တော့ ချက်ခြင်း အမေရိကန်သမ္မတက ကြေငြာချက်ထုတ်တယ်... အကြမ်းဖက်သမားတွေနဲ့ မဆွေးနွေးဘူးတဲ့... ချက်ခြင်း အာဖဂန်ကို စစ်ကြေငြာပြီးတိုက်တယ်... အမေရိကန်စစ်သား တစ်ဦးကျရင် သမ္မတက ဝမ်းနည်းကြောင်း မိသားစုနဲ့ တိုင်းပြည်ကို ကြေငြာတယ်... တစ်ခါတစ်လေ ကိုယ်တိုင်လာ ပြီး အလောင်းကိုတောင် အလေးပြုတယ်.... ကျွန်တော်တို့နိုင်ငံမှာ ၂ ပါတ်ကြာမှ လူမှုကွန်ယက်စာမျက်နှာမှာ အတော်ပြန့်မှ အစိုးရကကြေငြာတယ်... ဒါတောင် အတင်းမေးမှ ပြောတယ်... ပြောတာလည်းကြည့်ဦး ... ဖြေရှင်းချက်တောင်းထားတယ်တဲ့... ဖြေရှင်းချက်ကို ၂ ပါတ်တောင် စောင့်တယ်တဲ့လား... မပေးမချင်း နောက် ၃၆၅ ရက်ကြာတောင် စောင့်နေဦးမှာလား... မောင်လနန်နဲ့ ဂွမ်မော်က အောက်ခြေကဖြစ်တာ ဆောရီးပါလို့ ပြောရင်ကော ကြေအေးပေးမှာလား... တပ်မတော်သားတွေ စစ်မြေပြင်မှာ တိုက်ပွဲကျတာ ခုလို မတရားအသတ်ခံရတာ နိုင်ငံတော်သမ္မတနှင့်တကွ အစိုးရက ဘာလုပ်နေလဲ... ဝမ်းနည်းကြောင်း တစ်ကြောင်းတစ်လေတောင် ထည့်လို့လား... သတင်းစာမှာ နာရေးထည့်တာတောင် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားပါတယ်ဆိုတာ ထည့်ခွင့်မရှိဘူးလား... ဘာလို့ခုထိ သတင်းအမှောင်ချတာလဲ... နိုင်ငံတော်အတွက် အသက်ပေးဆပ်ပြီး ကျဆုံးသွားတဲ့ တပ်မတော်သားတွေအတွက် နိုင်ငံတော်ကမှ တာဝန်မယူရင် ဘယ်သူက တာဝန်ယူမှာလဲ... ကျွန်တော် အမြဲတမ်း စိတ်ကို ငြိမ်အောင်ထားပြီး နေပါတယ်.. တုံ့ပြန်ပါတယ်... ဒီတစ်ခေါက်တော့ မရတော့ပါ... ၂ ပါတ်ကြာ ဘာမှဖြစ်မလာတဲ့ အစိုးရရဲ့ တုန့်ပြန်မှုဟာ တပ်မတော် သားဟောင်းတွေဆိုတာ အတော် အံ့အားသင့်စရာကောင်းလောက်အောင် ပျော့ညံ့လွန်းနေပါပြီ... ဝေဟင်ချစ်သူ

No comments: