Friday, September 13, 2013

ဆရာတော် ရှင်ဝီရသူအား မေးချင်မိတဲ့မေးခွန်းတွေ…. -------------------------------------------------------- အရှင် ဘုရားတပည့်တော်ကတော့ အရှင်ဘုရားလိုတိုင်းသိပြည်သိမဟုတ်တဲ့ အညတရ ဒကာတစ်ယောက်ပါဘုရား … အရှင်ဘုရားရဲ့ Post တွေ စကားတွေကို ဖတ်ပြီး တပည့်တော်စိတ်ထဲ ဒါကလေးတွေ သိချငိလို့မေးကြည့်မိပါတယ်ဘုရား ….. (၁) အရှင်ဘုရားဦးစီးတဲ့ ၉၆၉ အဖွဲ့ ဟာ တကယ့်ကို ငြိမ်းချမ်းသော အဖွဲ့ အစည်းတစ်ရပ်ဟုတ်ပါသလားဘုရား (၂) အရှင်ဘုရားဟာ အခုလို ၉၆၉ တွေဖွဲ့ မျိုးစောင့်ဥပဒေတွေတင်သွင်းဖို့ လက်မှတ်စုစောင်းစတာတွေလုပ်နေတာဟာ … အမျိုးဘာသာသာသနာကို စောင့်ရှောက်ဖို့ သက်သက်လား … ဒါမှ မဟုတ် ပုဂ္ဂိုလ်ရေး အရ မူဆလင်ဘာသာဝင်များကို မုန်းတီးစိတ်ရင်းစွဲနဲ့ လုပ်နေသလား သိချင်ပါတယ်ဘုရား (၃) အရှင်ဘုရား ယနေ့အထိ ရေးတဲ့ ပို့စ်အတော်များများ မှာ မူဆလင်ဘာသာဝင်များကို ကောင် ကောင် ဆိုပြီးထည့်ထည့်သုံးနေတာ ဘာကြောင့် ပါလဲ ဘုရား … (၄) အရှင်ဘုရားရဲ့ တရားပွဲတစ်ခုမှာ ဗုံးလန့်တဲ့ ဖြစ်စဉ်တစ်ခုကြုံခဲ့ဖူးပါတယ်ဘုရား…. အဲဒီတုန်းက အရှင်ဘုရားရဲ့ ပို့စ်မှာ … ဗုံးက အရှင်ဘုရားဆီပစ်တယ်…. ကံကောင်းထောင့်မစွာမထိပဲ .. သစ်ပင်နဲ့ ထိပြီး အောက်ပြုတ်ကျလို့ ကားအောက်ရောက်သွားရတယ်လို့ အရှင်ဘုရားက ဖြေကြားထားတာကို တွေ့ရပါတယ်ဘုရား ….. မရှင်းတာက တရားဟော စင်မြင့်ပေါ်မှာ ဟောနေတဲ့ အရှင်ဘုရားက ဘာလို့ ဗုံး ကသစ်ပင်ကို ထိတာရယ်…. အောက်ကို ကျသွားတာရယ်.. ကားအောက်ထဲဝင်တာရယ်ကို ဘယ်လို များသိသွားသလဲ သိချင်မိပါတယ် ဘုရား…. (၄) အရှင်ဘုရားကို ထောက်ခံသူများက NLD ကို ကုလားပါတီလို့ စွပ်စွဲပါတယ်ဘုရား…ဒေါ်စုကိုတော့ ကုလားမလို့ ခေါ်ပါတယ်ဘုရား ဒါဆို ကုလားအမတ် (လွှတ်တော်ထဲတွင်တာဝန်ထမ်းဆောင်နေသော ဘင်္ဂါလီ) သုံးယောက် တောင်ပါဝင်နေတဲ့ ကြံ့ဖွံ့ ပါတီကိုတော့ ဘာလို့ မစွပ်စွဲသလဲဘုရား…… ဦးသိန်းစိန်ကရော ဘာလို့ ကုလားကြီးလို့ မခေါ်သလဲ သိချင်ပါတယ် ဘုရား (၅) အရှင်ဘုရားဟောကြားတဲ့တရားအချို့ နဲ့ ရေးတဲ့ စာတစ်ချို့ကို တပည့်တော်ဖတ်ဖူးနာဖူးပါတယ်ဘုရား … ဒီအထဲမှာလည်း လွှတ်တော်ထဲက ဘင်္ဂါလီ အမတ် သုံးယောက်ကိစ္စကို လုံးဝထည့်ဟောထားတာ မတွေ့ဖူးပါဘူးဘုရား …. အဲဒီ အမတ်တွေက နယ်မြေတောင်းတာကိုလည်း ဝေဖန်တာ မတွေ့ဖူးပါဘူး ဘုရား … ဒီတော့ တခြား ကုလားကိစ္စသေးသေးလေးတွေကို လိုက်ပြောနေ ဟောနေ ရေးသားနေပြီးမှ…. ဒီသုံးယောက်ကိစ္စကို မဟောဖြစ်တာဟာ … မေ့နေတာလား ..မေ့ချင်ယောင်ဆောင်နေတာလား သိချင်ပါတယ်ဘုရား (၆) အရှင်ဘုရားဟာ အမျိုးသားရေး နဲ့ သာသနာကွယ်ပျောက်သွားမှာစိုးတာကြောင့် (အမျိုးဘာသာ.. သာသနာအတွက်)အခုလို စည်းရုံးနေရတယ်..လို့ သိထားပါတယ်ဘုရား …. ဒီလိုဆို တရုတ်ပြည်ကို နေ့စဉ်နဲ့ အမျှလူကုန်ကူးခံနေရတဲ့ မြန်မာမိန်းကလေးတွေ ကိစ္စ….. တိုင်းပြည်ထဲဝင်လာတဲ့ တရုတ်တွေရဲ့ လူမျိုးချင်းသွေးနှောတဲ့ ကိစ္စ ….. နောက်ပြီး တရုတ်ယဉ်ကျေးမှုလွှမ်းမိုးလာတဲ့ ကိစ္စ…. တိုင်းပြည် ကို တရုတ်ပြည်က စီးပွားရေး ကျူးကျော်တဲ့ ကိစ္စ…. စတဲ့စတဲ့ ကိစ္စတွေကို အရှင်ဘုရား ဟောတဲ့ တရား… ရေးတဲ့ပို့စ်တွေမှာ ဘာလို့ ထည့်မဟော ထည့်မပြောသလဲသိချင်ပါတယ် ဘုရား….. (၇) Times မဂ္ဂဇင်းက သတင်းထောက်က အရှင်ဘုရားရဲ့ ပုံတော်ကို မျက်နှာဖုံးတင်ပြီး “ The Face of Buddhist Terror” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးရေးခဲ့ပါတယ်ဘုရား … ဒီကိစ္စဟာ ဗုဒ္ဒဘာသာအတွက် အတော်အထိနာစေတဲ့ ကိစ္စဖြစ်ပါတယ်ဘုရား … အရှင်ဘုရားအနေနဲ့ ကိုယ့်ကို အင်တာဗျူးပြီး ရေးသွားတဲ့ ဆောင်းပါး အပေါ် မဟုတ်မမှန်ဘူး လိမ်ညာရေးသားတယ်ဆိုရင်…. ဘာလို့ တရားစွဲဖို့ မကြိုးစားပါသလဲဘုရား.. တပည့်တော်ကတော့ တရားစွဲသင့်တယ်ထင်တာပါပဲ….. ဘာကြောင့် ဆိုတာ သိပါရစေဘုရား….. နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ … (၈) ဘုရားရှင်ကိုယ်တော်မြတ်ကြီးက … မိမိနဲ့ ဘာသာမတူသူရဲ့ အကျိုးစီးပွားကို မဖြစ်မြောက်အောင် (ဥပမာ ဘာသာမတူသူဆိုင်မှာ ၀ယ်မစားခြင်း… ဘာသာမတူသူထုတ်တဲ့အ၀တ်တွေ မ၀တ်ဆင်ခြင်း … ကုန်ပစ္စည်းမသုံးစွဲခြင်း) စသည်ဖြင့် ကန့်သတ်ထားဖူးပါသလားဘုရား.. နောက်ပြီး ဘာသာမတူသူတွေ စီးပွားပျက်အောင် (ဥပမာ.. ဆိုင်ခန်းမီးရှို့ခြင်း… နေအိမ်မီးရှို့ခြင်း… လူရိုက်ခြင်း သတ်ခြင်း… )စသည်ဖြင့် ပြုလုပ်ရမယ်လို့ ခွင့်ပြုထားပါသလားဘုရား…. ကန့်သတ်ထားဖူးတယ်.. ခွင့်ပြုထားဖူးတယ်ဆိုရင်လည်း ဘယ်ကျမ်းဂန်မှာပါသလဲသိချင်ပါတယ်ဘုရား….. မကန့်သတ်ထားဘူးဆိုရင်လည်း … ဘာကြောင့် အရှင်ဘုရားက ဘုရားကို ကျော်ပြီး မူဆလင်ဆိုင်မစားဖို့ …. မသုံးဖို့ မ၀ယ်ဖို့ … ၀ါဒဖြန့်နေသလဲ သိချင်ပါတယ် ဘုရား….. ဒီမေးခွန်းလေးတွေကို စိတ်ထဲကနေ အကြိမ်ကြိမ်မေးနေမိတောတာပါပဲဘုရား ….. အရှင်ဘုရားကို တိုက်ရိုက်ဖူးခွင့်မကြုံလို့ မမေးဖြစ်တာကြောင့် ဒီလိုပဲ စာနဲ့သာရေးပြီး Blog လုပ်ထားလိုက်ရပါတယ်ဘုရား .. အဖြေများကိုလည်း မျှော်လင့်နေမိတာတော့ အမှန်ပါပဲဘုရား ….. တပည့်တော်တို့ ဗုဒ္ဓဘာသာဟာ တစ်ခါမှ ဘာသာတရားကြောင့် စစ်ပွဲမဖြစ်ဖူး တာကြောင့် သွေးချောင်းမစီးဖူးတာကြောင့် ကမ္ဘာအကောင်းဆုံးဘာသာအဖြစ်ကို သတ်မှတ်ခံခဲ့ရတာပါဘုရား….. အခုတော့ ဘာသာလည်း ပြာဖုံးနေပြီပေါ့ ဘုရား….. သာသနာ့အလံမှာလည်း ဆဲသံတွေ ဝေစည်နေပြီပေါ့ ဘုရား .. အမုန်းတွေ ပြည့်နေပြီပေါ့ … ဒီလို မေတ္တာတရားအခြေခံတဲ့ ဘာသာတရားကြီးကို အမုန်းတွေ ဘာကြောင့် ပြည့်လာသလဲ ကို သိပ်သိချင်မိတာပါပဲဘုရား…… တပည့်တော်ပြောမှား ဆိုမှားလေးများရှိရင်….. ဘုရားရှင်ကိုယ်တော်မြတ်ကြီးထုံး နှလုံးမူပြီး မေတ္တာတရားရှေ့ထားလို့ သည်းခံတော်မူပါဘုရား ….. တပည့်တော်ကတော့ သိချင်တာတွေကို ရင်ထဲမထားတတ်လို့ မေးလိုက်မိပါပြီ ဘုရား…… ဗုဒ္ဓသာသနာတော် အစဉ်သန့်ရှင်းစင်ကြယ် ပြန်ပွားပါစေသား ရိုသေစွာဖြင့် လင်းလွန်းညို https://www.facebook.com/LynnLonnNyo

No comments: