Sunday, March 27, 2016

မန္တလေးသားတစ်ယောက် ပြိုင်ပွဲမှ ထွက်လိုက်ရလို့ တစ်ပြည်လုံးရှိ ပရိသတ်တွေရဲ့ ဝေဖန်ဆဲဆိုခြင်းကို ခံနေရဒဲ့ Myanmar Idol .

Democrazy Idol
။။။။။။။။။။။။။။။။။။။။။။

.  .မန္တလေးသားတစ်ယောက် ပြိုင်ပွဲမှ ထွက်လိုက်ရလို့
တစ်ပြည်လုံးရှိ ပရိသတ်တွေရဲ့ ဝေဖန်ဆဲဆိုခြင်းကို
ခံနေရဒဲ့ Myanmar Idol .
Vote ပေးဒဲ့ စနစ်နဲ့ ကိုက်ညီမှုမရှိသေးဒဲ့ မြန်မာနိုင်ငံ ။

.  .Myanmar Idol ရဲ့လိုင်စင်က အမေရိကန်က ။
ဒီစနစ်တစ်ခုလုံးကို ပြောင်းလို့မရဘူး ။
သူတို့ရဲ့မူအတိုင်း တသွေမတိမ်းလိုက်လုပ်ရမယ် ။
မြန်မာနိုင်ငံကလူတွေ မကြိုက်မနှစ်သက်လည်း
အမေရိကန်က ချပေးဒဲ့ Plan အတိုင်းသွားရမယ် ။

.  .Vote စနစ်က MPT နဲ့ Facebook ကနှစ်မျိုးပေး
လို့ရတယ် ။
Vocalist သေလောက်အောင်ကျ Action တွေ
မိုးပျံနေပါစေ Vote ပေးဒဲ့လူ နည်းရင်တော့
အထုတ်ဆွဲပြီး လစ်တော့ဘဲ ။
ဒိုင်လူကြီးတွေရော Vote တွေရော ရှုပ်နေကြတော့
လူတွေအနေနဲ့က နားလည်ပေးဖို့ ခက်တာ မဆန်းပါ
ဘူး ။

.  .ဒီ Idol က မြန်မာပြည်က ဒီမိုကရေစီနဲ့ ခပ်ဆင်ဆင်
ဖြစ်နေတာ သတိထားမိတယ် ။
အသုံးမကျပေမဲ့ လူတွေရဲ့ရင်ကို ကိုင်လှုပ်နိုင်တယ် ။
အရည်အချင်းရှိရှိ မရှိရှိ မဲများရင် အနိုင်ဘဲ ။
မဲထည့်တဲ့လူတွေကလည်း အရည်အချင်းကိုကြည့်ပြီး
ပေးတာလား ပုဂ္ဂိုလ်စွဲနဲ့ ပေးတာလားဆိုတာ
မိမိကိုယ်မိမိ အသိဆုံးပါ ။

.  .ကောင်းရဲ့သားနဲ့ ပြုတ်ရလားဆိုပြီး ဒေါသမဖြစ်နဲ့။
Myanmar Idol ဆိုတာ သေးသေးလေး ။
ဒီမိုကရေစီရဲ့ မဲပေးတဲ့ စနစ်ကြောင့် အခုလွှတ်တော်
ထဲမှာ မူလတန်း အလယ်တန်း အထက်တန်းတွေ
အများကြီးဘဲ ရောက်သွားတယ် ။
ဒါဟာ လူတွေရဲ့ Vote ကြောင့် ဖြစ်သွားရတာ ။
ဘယ်သူကို အပြစ်တင်ရမယ် မသိလောက်အောင်
ဖြစ်ပျက်သွားတာ ။

. .ဒါကြောင့်မို့ Myanmar Idol ကို.အပြစ်မတင်ကြနဲ့ ။
ကြိတ်မှိတ်နားလည်ပေးလိုက်ပါ ။
Vote ပေးဒဲ့ လူတွေရဲ့ အတွေးအခေါ်ပေါ် မူတည်ပြီး
မိမိကံကြမ္မာကို ဝကွက်အပ်နှံပြီးပြီမို့ Myanmar Idol
လိုမျိုး တလွဲတွေ မဖြစ်ကြပါစေနှင့်လို့ ကျုပ်ဆုတောင်း
ပေးလိုက်ပါတယ် ။

မိုးလုံးဟိန်းချုံန်းးး

No comments: