Monday, March 28, 2016

မန္တလေး မင်္ဂလာဈေးမီးလောင်တာ ဝါယာရှော့နဲ့ မီးကျွင်းမီးကျန်ကြောင့် မဟုတ်

မီးလောင်မှုမှာ တစ်စုံတစ်ဦးက ရည်ရွယ်ချက်နဲ့ ရှို့တဲ့ မီးဟုတ်၊ မဟုတ်နဲ့ လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ စစ်ဆေးခဲ့တာပါ။
play

မတ်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မန္တလေးမင်္ဂလာဈေး မီးလောင်ကျွမ်းမှုက လျှပ်စစ်ဝါယာရှော့နဲ့ ဈေးထဲမှာကျန်တဲ့ မီးကျွင်းမီးကျန်တွေကြောင့် လောင်ကျွမ်းခဲ့တာမဟုတ်ဘူးလို့ ကနဦးစစ်ဆေးမှုတွေအရ သိရပါတယ်။
မီးလောင်မှုမှာ တစ်စုံတစ်ဦးက ရည်ရွယ်ချက်နဲ့ ရှို့တဲ့ မီးဟုတ်၊ မဟုတ်နဲ့ လောင်ကျွမ်းရတဲ့ အကြောင်းအရင်းကို သိနိုင်ဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးခဲ့တာပါ။
play

‘‘စတင်လောင်ကျွမ်းတဲ့ နေရာကိုတော့ သိရတယ်။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ သိရတာဖြစ်တယ်။ မြို့ နယ်လျှပ်စစ် ကလည်း ၀ိုင်ယာရှော့ခ်ကြောင့် လောင်တာမဟုတ် ဘူးဆိုတာ အတည်ပြုပေးတယ်။ မီးဘုတ်ခုံမှာ မီးကျွမ်းထားတာတွေ မတွေ့ရဘူး။ ပြီးတော့ ဈေးထဲမှာ အသုံးပြုခွင့်ပေးထားတဲ့ မီးကနေကျန်ရှိပြီး လောင်တယ်ဆိုတာ လည်းမတွေ့ရဘူး’’ လို့ စုံစမ်းစစ်ဆးရေးအဖွဲ့ဝင် အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
play

မျက်မြင်သက်သေတွေကို စစ်ဆေးချက်တွေအရ မင်္ဂလာဈေး(ဃ)ရုံ၊ ဆိုင်အမှတ်(၇) အရောင်းဆိုင်နားကနေ  စတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် မင်္ဂလာဈေးထဲက ဆိုင်ခန်းပေါင်း ၃၀၀ ကျော်နဲ့ ကျပ် ၁၀,၅၄၆ သိန်းကျော်ဖိုးဆုံးရှုံးခဲ့ပြီး အခုအချိန်အထိ မီးစတင်လောင်ကျွမ်းရတဲ့  အကြောင်းရင်းကို မသိရသေးပါဘူး။
Source : 7DayDaily
Photo   : 7DayDaily

No comments: