Tuesday, September 29, 2015

တပ်မတော် (ကြည်း၊ ရေ၊လေ)အရာရှိ၊ အခြားအဆင့်(အမျိုးသား၊ အမျိုးသမီး) ၀တ်စုံများ အသစ်ပြဋ္ဌာန်းသတ်မှတ် ========================

တပ်မတော် (ကြည်း၊ ရေ၊လေ)အရာရှိ၊ အခြားအဆင့်(အမျိုးသား၊ အမျိုးသမီး) ၀တ်စုံများ အသစ်ပြဋ္ဌာန်းသတ်မှတ်
=================================================

နေပြည်တော် စက်တင်ဘာ ၂၈

မြန်မာ့တပ်မတော် (ကြည်း၊ ရေ၊လေ)အရာရှိ၊ အခြားအဆင့်(အမျိုးသား၊ အမျိုးသမီး)များ လက်ရှိအသုံးပြုလျက်ရှိသည့် စစ်ဝတ်စုံများကို နိုင်ငံတကာတပ်မတော်များ၏ ဝတ်စုံများနှင့်အညီဖြစ်စေရေး၊ တပ်မတော်သားများ၏ စိတ်ဓာတ် ပိုမိုမြင့်မားတက်ြ<ွကစေရေးနှင့် ရာသီဥတုအခြေအနေများနှင့် လိုက်လျောညီထွေစွာဝတ်ဆင်နိုင်ရေးအတွက် အသစ်ပြဋ္ဌာန်းလိုက်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ သတင်းရရှိသည်။

အသစ်ပြဋ္ဌာန်းလိုက်သည့်ဝတ်စုံများကို ယှဉ်တွဲပါပုံများအတိုင်း သတ်မှတ်ထားကြောင်းနှင့် အဆိုပါ စစ်ဝတ်စုံအသစ်များကို သတ်မှတ်ရက်များအလိုက် ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) တစ်ရပ်လုံး ပြောင်းလဲဝတ်ဆင်ကြရမည်ဖြစ်ကြောင်း၊ ပြောင်းလဲရန်ကျန်ရှိသော စစ်ဝတ်စုံများကိုလည်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (မြဝတီ)



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: