Sunday, December 18, 2016

အမြန်လမ်း ဒိုက်ဦးမြို့နယ်တွင် ယာဉ်မောင်းအိပ်ငိုက်သောကြောင့် TOYOTA NOAX ကားတစ်စီး ချောက်ထဲကျ


 



ရန်ကုန် မန္တလေး အမြန်လမ်း ဒိုက်ဦးမြို့နယ်တွင် ယာဉ်မောင်း အိပ်ငိုက်သောကြောင့် TOYOTA NOAX ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျကာ တိမ်းမှောက်ခဲ့ရကြောင်း အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်း ထံက သိရသည်။

ဒီဇင်ဘာလ ၁၇ရက်နေ့ နံနက် ၆နာရီ ၃၀မိနစ် အချိန်ခန့်က ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၆၂/၃နှင့်၆၂/၄ အကြား၌ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဝဏ္ဏ မောင်းနှင်လာသော ယာဉ်အမှတ် 9H/9693 TOYOTA NOAX ခဲရောင် မော်တော်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် မြေသားလမ်းဘေးရှိ ချောက်ထဲသို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။


ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းပါ ကျား ၃ဦး မ၁ဦး တို့မှာ ထိခိုက်ဒဏ်ရာရရှိမှုများ မဖြစ်ခဲ့ဘဲ ယာဉ်မှာ ရှေ့လေကာမှန်ကွဲ အမိုးပိန့်ချိုင့် ဝဲယာဘေးမှန်တံခါးကွဲ ဝဲယာဘေးတံခါးပိန့်ချိုင့် ကိုယ်ထည်ပိန့်ချိုင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး တန်ဖိုးငွေကျပ် သိန်း ၃၀ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။


သတင်းအရ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှူး ရဲအုပ် ဇော်လင်းထွန်း ပါ တပ်ဖွဲ့ဝင် ၁၀ဦး မီးသတ်တပ်ဖွဲ့ အမြန်လမ်းမှ လက်ထောက်ဦးစီးမှူး ကျော်ဇင်ဝင်း ပါ တပ်ဖွဲ့ဝင် ၅ဦး တို့က သွားရောက်ကူညီ ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်ပြီး ယာဉ်မဆင်မခြင် ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း ဝဏ္ဏအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီး ရဲစခန်း ယာဉ် ပ ၃၅/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

No comments: