တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ငွေကျပ် သိန်းပေါင်း ၅၆ဝ၁၉ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကွန်ဟိန်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ် ကာလိရဲစခန်းပိုင်နယ်မြေ သံလွင်မြစ် ကူးတို့ဆိပ် တကော်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ငွေကျပ် သိန်းပေါင်း ၅၆ဝ၁၉ တန်ဖိုးရှိ မူးယစ် ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၇ရက် နံနက် ၆ နာရီခွဲက ကွန်ဟိန်းမြို့နယ် သံလွင်မြစ် ကူးတို့ဆိပ်ရဲကင်း တာကော်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နယ်မြေခံတပ်ရင်း၊ မူးယစ်အထူးအဖွဲ့နှင့် သတင်းရဲတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကာလိဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း အောင်ကျော်မြင့် မောင်းနှင်လာသော 7C/---- SURF အမျိုးအစားယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်တွင် ရဲအောင်နှင့်အတူ ဘိန်းဖြူ ဘလောက်တုံး ၄၉၂ တုံး၊ အိုက်စ်အခဲ တစ်ကီလိုပါ အထုပ် ၆ဝ နှင့် ဘိန်းမည်း ၁ ဒသမ ၅ ကီလိုထုပ်နှစ်ထုပ်တို့ကို တွေ့ရှိခဲ့ရသဖြင့် သိမ်ဆည်းခဲ့သည်။
၎င်းတို့နှစ်ဦးအား ဆက်လက်စစ်ဆေးရာ အဆိုပါ မူးယစ်ဆေးဝါးများကို ဒီဇင်ဘာ ၁၆ ရက်က တာချီလိတ်မြို့မှ စိုင်းလျှံဆိုသူက မူးယစ်ဆေးဝါးများကို သယ်ယူစရိတ်အဖြစ် ငွေကျပ် ၃၅ သိန်း ၇ သောင်းပေးသဖြင့် တာချီလိတ်မြို့ရှိ အောင်ကျော်မြင့်၏ နေအိမ်သို့ မောင်းနှင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိသော စုစုပေါင်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၅၆ဝ၁၉ သိန်း ၅ သောင်းတန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် ခွာညိုလမ်း ဆန်ဆိုင်းရပ်ကွက် တာချီလိတ်မြို့နေသူများဖြစ်သည့် အောင်ကျော်မြင့် (၄၅ နှစ်)နှင့် ရဲအောင် (၂ဝနှစ်)တို့ နှစ်ဦးကို ကာလိနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
နီတိုး
Myanmaalinn
No comments:
Post a Comment