Xiaomi Mi S စမတ်ဖုန်းနှင့် ပတ်သက်သည့် အချက်အလက်များ တရုတ်နိုင်ငံမှ ပေါက်ကြားထွက်ပေါ်လာခဲ့သည်။
အဆိုပါ သတင်းများအရ Mi S တွင် ၄.၆ လက်မ 1080p display နှင့် 2.5D curved glass ပါဝင်ပြီး Snapdragon 821 chipset, 4GB RAM, 128GB storage တို့ဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။ 12MP ပင်မကင်မရာကို Sony ၏ IMX378 sensor နှင့် f/2.0 aperture, phase detection autofocus, 4K video caputre, dual-LED flash တို့ဖြင့် ရိုက်ကူးနိုင်မည်ဖြစ်သည်။
Selfie ကင်မရာက 4MP ဖြစ်ပြီး f/2.0 aperture ဖြင့် ရိုက်ကူးနိုင်မည်ဟု ဆိုသည်။
ဘက်ထရီက 2,600mAh ဖြစ်ပြီး USB Type-C port မှတစ်ဆင့် Qualcomm Quick Charge 3.0 ကို ထောက်ပံ့ပေးထားသည်။ ၃.၅ မီလီမီတာ နားကြပ်ပေါက်ပါဝင်သည်။ အရွယ်အစားက ၁၂၈.၃ x ၆၄.၂ x ၈.၂ မီလီမီတာဖြစ်ပြီး အလေးချိန်က ၁၃၈ ဂရမ်ဖြစ်သည်။ Home ခလုတ်တွင် လက်ဗွေဖတ်စနစ် ပါဝင်သည်။
ရောင်းချမည့်ဈေးနှုန်းနှင့် ဖြန့်ချိမည့်အချိန်တို့ကို ဖော်ပြခဲ့ခြင်း မရှိပေ။
No comments:
Post a Comment