Thursday, December 22, 2016

ထိုင်းနဲ့ တရုတ် စစ်ပစ္စည်း ပူးပေါင်းထုတ်ဖို့ စီစဉ်


 


တရုတ်က ထိုင်းနိုင်ငံမှာ စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ဖို့ နှစ်နိုင်ငံဆွေးနွေးနေကြတယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူက ဒီနေ့ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမေရိကန်နဲ့ အဓိကမဟာမိတ်အဖြစ်နှစ်ရှည်လများရပ်တည်ခဲ့တဲ့ ထိုင်းနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နှစ်နိုင်ငံဆက်ဆံရေးအေးလာခဲ့သလို၊ ထိုင်းစစ်အစိုးရက တရုတ်အစိုးရနဲ့ ပိုပြီးဆက်ဆံလာနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပြန်မသွားမချင်း အမေရိကန်အနေနဲ့ပုံမှန်ဆက်ဆံမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

RFA Burmese

No comments: