Wednesday, December 21, 2016

သက်တမ်းစေ့တာဝန်ထမ်းဆောင်ခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေလျှောက်ထားနိုင်

ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတစ်ခုအားတွေ့ရစဉ်/ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

ယခင်အစိုးရလက်ထက် က  သက်တမ်းစေ့တာဝန်ထမ်း ဆောင်ခဲ့ကြသည့် ရပ်ကျေးအုပ် ချုပ်ရေးမှူးများ တစ်လုံးတစ်ခဲ တည်း ချီးမြှင့်ငွေလျှောက်ထားနိုင် ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ခံစားခွင့်ကို ယခင် အစိုးရသက်တမ်းအတွင်း အပြည့် အဝတာဝန်ထမ်းဆောင်ပြီး အစိုးရသစ်လက်ထက် ရပ်ကျေးရွေး ကောက်ပွဲတွင် ရှုံးနိမ့်၍ ထွက်သွားရသူများအပြင် နောက်သက်တမ်း အတွက် ထပ်မံရွေးချယ်ခံရသူများ လည်း ရရှိမည်ဖြစ်သည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး များသည် အစိုးရသက်တမ်းတစ် ခုချင်းအလိုက် တာဝန်ကျေစွာ ထမ်းဆောင်ခဲ့ပါက တစ်လုံးတစ်ခဲ တည်း ချီးမြှင့်ငွေ ခံစားခွင့်ရှိသည် ဟု ဥပဒေတွင် ပြဋ္ဌာန်းထားချက် အရ ယခင်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူများအား ယခုအခါ ယင်းချီးမြှင့်ငွေထုတ် ပေးရန် စီစဉ်နေခြင်းဖြစ်သည်။

‘‘ဘတ်ဂျက်တွေလည်း ကျ လာပြီဖြစ်တဲ့အတွက် သက်ဆိုင် ရာမြို့နယ် ထွေအုပ်ရုံးတွေဆီမှာ လျှောက်လို့ရပါပြီ။ လျှောက်တဲ့ အခါမှာ မြို့နယ်ရုံးတွေက အဲဒီ အုပ်ချုပ်ရေးမှူးဟာ တကယ်ပဲ တစ်ဆက်တည်း တာဝန်ထမ်း ဆောင်ခဲ့တာဟုတ်ရဲ့လား၊ တာဝန်ထမ်းဆောင်ချိန်မှာ ဘာ ပြဿနာရှိလဲဆိုတာ စိစစ်ပြီး အထက်ကိုတင်ပြရမယ်။ မှန်ကန် တယ်ဆိုရင် ထုတ်ပေးမယ်ပေါ့’’ ဟု အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ရုံးချုပ်မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

တစ်လုံးတစ်ခဲတည်း ချီးမြှင့် ငွေအဖြစ် ကျပ်နှစ်သိန်းလေး သောင်းငါးထောင် ထုတ်ပေးမည် ဖြစ်ပြီး ခံစားခွင့်ရှိသူ ၁၄,၄၄၇ ဦးခန့်ရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

အဆိုပါ    ချီးမြှင့်ငွေကို ၂၀၁၆ နှစ်လယ်ပိုင်းကတည်းက ထုတ်ပေးရန် ပြင်ဆင်ခဲ့သော် လည်း ဘတ်ဂျက်ငွေသုံးစွဲရန် သုံးသပ်မှုများ ပြုလုပ်ခဲ့ရခြင်း ကြောင့် ထုတ်ပေးရမည့်ကာလကို နှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်းခဲ့ရ သည်။

ယင်းချီးမြှင့်ငွေကို နေပြည် တော် ပြည်ထောင်စုနယ်မြေအ တွင်းရှိ မြို့နယ်များတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ရပ်ကျေးအုပ် ချုပ်ရေးမှူးများအတွက် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံး ချုပ်)က ထုတ်ပေးမည်ဖြစ်ပြီး ကျန် ဒေသများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်ဘတ် ဂျက်များက   ထုတ်ပေးမည်ဟု သတင်းရရှိသည်။

‘‘မြို့နယ်ထွေအုပ်ရုံးက တော့ အဲဒီချီးမြှင့်ငွေနဲ့ပတ်သက် လို့ အကြောင်းကြားတာမရှိသေး ဘူး။ ချီးမြှင့်ငွေပေးဖို့ရှိတယ်ဆိုပြီး သတင်းစကြားတုန်းကတော့ မြို့ နယ်ကပဲ တာဝန်ယူလျှောက်ထား ပေးတယ်ပြောတယ်။ အခုပြန် လျှောက်ရမလား၊ ဘယ်လိုလုပ်ရ မလဲမသိသေးဘူး။ စုံတော့စုံစမ်း ကြည့်လိုက်ဦးမယ်’’ဟု ယခင်အစိုးရလက်ထက်တွင် တာဝန်ထမ်း ဆောင်ခဲ့သည့် မင်္ဂလာဒုံမြို့နယ် ၃/ခ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟောင်း ဦးစိန်ဝင်းက ပြောသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး များကို ယခင်အစိုးရလက်ထက်တွင် ၂၀၁၃ က ရွေးချယ်ခန့်အပ်ခဲ့ကြ ပြီး ၎င်းတို့အား ပြည်ထဲရေးဝန်ကြီး ဌာနက လစဉ်ထောက်ပံ့ငွေ ကျပ် ခုနစ်သောင်းနှင့် ရုံးအသုံးစရိတ် ကျပ် ငါးသောင်းခံစားခွင့်ပေးထား သည်။

No comments: