Saturday, December 24, 2016

ဒေါ်လာဈေး ပြန်လည်ကျဆင်းမည့် အလားအလာများရှိ


 


ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ငွေကြေးဖောင်းပွမှု အဆုံးသတ်ပြီး ဒေါ်လာဈေး ပြန်လည်ကျဆင်းမည့် အလားအလာများ ရှိနေကြောင်း မော်တော်ယာဉ်တင်းသွင်းရောင်းချသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

ပြည်တွင်းဘဏ်လုပ်ငန်းရှင်များ၏ ပြည်ပဘဏ်ငွေစာရင်းများအား ဗဟိုဘဏ်မှတောင်းယူထားသဖြင့် မနေ့က ညနေမှစတင်၍ စင်္ကာပူတွင် away ဒေါ်လာရောင်းချမှုများ မြင့်တက်လာနေပြီး တစ်ဦးချင်းကား တင်သွင်းမှုများ အသစ် ထပ်မံလျှောက်ထားရန် မရှိတော့သဖြင့် ဒေါ်လာဝယ်လိုအား demand ကျသွားခြင်း၊ ကားလိုင်စင်လျှောက်ထားရန်ဖွင့်ထားသည့် bank account ပေါင်း ထောင်ချီမှ ဒေါ်လာ သန်းပေါင်းများစွာ ဈေးကွက်တွင်း ပြန်လည်ဝင်ရောက်လာခြင်းတို့ကြောင့် ဒေါ်လာဈေးများ ကျဆင်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စီးပွားကူးသန်းကလည်း အလွယ်တကူ လုပ်ပေးမယ် ပြောထားတယ်။ အကောင့်တွေ ဖျက်ပြီး ပိုက်ဆံတွေ ပြန်ထုတ်ကြလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် သွင်းကုန်သမား ဒေါ်လာဈေးတက်သဖြင့် အ၀ယ်ရပ်နေခြင်း၊ ပြည်ပအလုပ်လုပ်နေသူများ ပြည်တွင်းသို့ remittances ငွေလွှဲခြင်းကို တရားဝင် ခွင့်ပြုရန် စီစဉ်နေခြင်း၊ ပြည်ပသို့ ဆန်တန်ချိန် ၃သိန်းခန့် တင်ပို့နေခြင်းတို့ကြောင့် ဒေါ်လာများ ဝင်လာရန် ရှိနေုကြောင်း သိရသည်။ ဇန်နဝါရီလတွင် ပြည်ပသို့ ပဲမျိုးစုံ တိုးချဲ့တင်ပို့လာဖွယ်ရှိပြီး (ပဲ exporter တစ်ဦး) ဒေါ်လာများ ဝင်ရောက်ရန် ရှိနေကြောင်းလည်း သိရသည်။

ထို့ပြင် ကမ္ဘာ့ဏ်မှ ဒေါ်လာသန်း ၁၀၀ ချေးငွေ ထုတ်ပေးရန် ရှိနေခြင်းကလည်း ဈေးကွက်အတွင်း ဒေါ်လာ အမြောက်အမြား ၀င်ရောက်လာမည်ဖြစ်သဖြင့် ဒေါ်လာဈေးကျဆင်းနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးဇော်လွင်ဝင်းက ဆိုသည်။

ယခုရက်သတ္တပတ်အတွင်း ဒေါ်လာဈေးမှာ ပြင်ပပေါက်ဈေး ကျပ် ၁၄၀၀ အောက်သို့ အကြိမ်ကြိမ် ပြုတ်ကျခဲ့သော်လည်း ဗဟိုဘဏ် ဈေးနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၇၅ ကျပ်နှုန်းဖြင့် တန့်နေဆဲဖြစ်သည်။

သဇင်လှိုင်
ဓာတ်ပုံ-AFP
SKY Land News & Entertainment Media

No comments: