Thursday, December 22, 2016

ကသာ-ရွှေကူသွားကားလမ်းမှာ ဆိုင်ကယ်နှင့် (၁၀)ဘီးကား တိုက်မိ (၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ


 


နေပြည်တော်၊ ဒီဇင်ဘာ ၂၂

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကသာ-ရွှေကူသွားကားလမ်း၊ ယင်းခဲရွာတွင် ဆိုင်ကယ်နှင့် (၁၀)ဘီးကားတို့ တိုက်မိသဖြင့် (၃)ဦးသေ၊ (၂)ဦးဒဏ်ရာ ရရှိကြောင်း သတင်းရရှိပါသည်။

ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ ကျောက်ထုံးကြီးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါလမ်းအတိုင်း အရှေ့ဘက်မှ အနောက်ဘက်သို့ ရွှေကူမြို့နယ်၊ ရွှေညောင်ပင်ရွာနေ အောင်ကို (၃၇)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မတင်ဌေး(၃၅)နှစ်နှင့် မောင်ပေါက်စ(၄)နှစ်တို့လိုက်ပါ လာသည့် KENBO-125 ဆိုင်ကယ်အား မျက်နှာချင်းဆိုင်မှ ဝမ်းတွင်းမြို့နယ်၊ မြောင်းတော်လှ ကျေးရွာနေ ချစ်မင်းထွန်း(၁၅)နှစ်မောင်းနှင်ပြီး ပုသိမ်ကြီးမြို့နယ်နေ ရန်မျိုးနိုင်(၁၈)နှစ်လိုက်ပါ လာသည့် ၈ဈ/×××× NISSAN (၁၀)ဘီးယာဉ်မှ ဝင်တိုက်မိရာ မတင်ဌေး၊ အောင်ကိုနှင့် မောင်ပေါက်စတို့တွင် ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးသွားခဲ့ပြီး ချစ်မင်းထွန်း၊ ရန်မျိုးနိုင် တို့တွင် ဒဏ်ရာများရရှိခဲ့ပါသည်။

 ယာဉ်မောင်း ချစ်မင်းထွန်း အား ကသာမြို့မရဲစခန်းယာဉ်(ပ)၅၃/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

No comments: