ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် အဆို၊ မေးခွန်းများ တင်လာပါက လွှတ်တော်၏အဆုံးအဖြတ်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။
လက်ရှိအချိန်အထိ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်ကမျှ ၆၆(ဃ)နှင့်ပတ်သက်၍ မေးခွန်း မေးမြန်းခြင်း၊ အဆိုတင်ခြင်း၊ ဥပဒေကြမ်းတင်ခြင်းများ ပြုလုပ်ထားခြင်းမရှိသေးကြောင်းနှင့် လွှတ်တော်သို့ တင်သွင်းလာပါက လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးပြီး အဆုံးအဖြတ်အတိုင်း အဖြေပေါ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် ပြုလုပ်သော လွှတ်တော် သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းမြင့်က ပြောကြားခြင်းဖြစ်သည်။
‘‘အများဆွေးနွေးမယ်။ ဆုံး ဖြတ်မယ်။ အဲဒီအများ ဆွေးနွေး ဆုံးဖြတ်တဲ့အပေါ်မှာပဲ ကျွန်တော် လည်း ဒီမိုကရေစီသမားဆိုတဲ့အ ခါကျတော့ လိုက်နာရမှာပဲ။ ကျွန် တော်ကြိုက်ခြင်း၊ မကြိုက်ခြင်းက တစ်ပိုင်း။ ကျွန်တော်လိုက်နာရ မယ်’’ဟု ၎င်းက ဆက်လက်ပြော သည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး များ ပြီးဆုံးချိန်တွင် ဥက္ကဋ္ဌ ဦးဝင်း မြင့်က သတင်းစာရှင်းလင်းပွဲပြု လုပ်ရာ သတင်းထောက် ၁၀ ဦး မေးမြန်းသည့် မေးခွန်း ၁၀ ခုတွင် သုံးခုသည် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နှင့် သက်ဆိုင်သော မေးခွန်းများဖြစ်သည်။
ယင်းဆက်သွယ်ရေးဥပဒေ နှင့်ပတ်သက်၍ နိုင်ငံတကာမှ သံ အမတ်များ၊ ပြည်ပလူ့အခွင့်အ ရေးအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ ဧည့်သည်များက ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံ လာရောက် ဆွေးနွေးမှုများရှိပြီး နိုင်ငံတကာ တွင်လည်း ပုဒ်မ ၆၆(ဃ)ကဲ့သို့ ဥပဒေပြဋ္ဌာန်းမှုများရှိကြောင်းနှင့် မြန်မာနိုင်ငံတွင် ထူးကဲစွာလုပ် ဆောင်ထားခြင်းမရှိကြောင်း ပြန် လည်တုံ့ပြန်သည်ဟု ဦးဝင်းမြင့် က သတင်းထောက်များအား ပြောသည်။‘‘ပထမဆုံး ပြောချင်တာက ၆၆(ဃ)သည် ကျွန်တော်တို့ ဒုတိ ယအကြိမ် လွှတ်တော်သက်တမ်း မှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေမဟုတ်ပါ ဘူး။ ဒါကတော့ ရှင်းရှင်းလင်း လင်း အားလုံးသိမယ် ထင်ပါ တယ်။ ဒါက ပထမအကြိမ်လွှတ် တော်သက်တမ်းတုန်းက လိုအပ် လို့ ပြဋ္ဌာန်းခဲ့တာ’’ဟု ဦးဝင်းမြင့်က ရှင်းပြသည်။
သို့ရာတွင် ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့က ကောက်ယူထားသော စာရင်းများ အရ ယခင်အစိုးရလက်ထက်တွင် ယင်းဥပဒေပုဒ်မဖြင့် တရားစွဲဆို သည့်အရေအတွက်မှာ အမှုခုနစ် ခုရှိပြီး လက်ရှိအစိုးရလက်ထက် တွင် ပုဒ်မ ၆၆(ဃ)ဖြင့် တရားရုံး တင် တရားစွဲဆိုမှု ၄၄ မှု (ဒီဇင် ဘာ ၂၀ ရက်အထိ) ရှိနေပြီဖြစ် ကြောင်း သိရသည်။
ထို့အပြင် ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရ သော အမှုများတွင် အမှုအများစု သည် အာမခံမရရှိဘဲ ဥပဒေတွင် လည်း အာမခံ ပေး၊ မပေးဆိုသည့် အချက်ကို တိကျစွာ ထည့်သွင်း ပြဋ္ဌာန်းခြင်းမရှိသည်ကို ဥပဒေ ပညာရှင်များက ဝေဖန်ထောက်ပြ သည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ကို အာမခံရရှိရန် အသရေ ဖျက်မှု ထောင်ဒဏ်သုံးနှစ်အစား ထောင်ဒဏ် ၂ နှစ်ဟု ပြောင်းလဲပြင်ဆင်နိုင်ရန် အကြံပြုထားကြောင်း ဒီဇင်ဘာ ၁၆ ရက်က မန္တလေးမြို့တွင် ပြုလုပ်သည့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောကြားထားသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)တွင် ဆက်သွယ်ရေးကွန် ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးကို ခြောက်လှန့်တောင်းယူ ခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက် ခြင်း၊ မလျော်ဩဇာသုံးခြင်း (သို့ မဟုတ်) ခြိမ်းခြောက်ခြင်းတစ်ရပ် ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
7day
No comments:
Post a Comment