Wednesday, July 6, 2016

ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များဖမ်းဆီးမည်ဆိုလျှင် အစိုးရအဖွဲ့အသုံးပြုနေသည့် ယာဉ်များကို ဦးစွာစိစစ်ပေးစေလို ==================================


နေထက်ဝေ
==================================
ကချင်ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ်များဖမ်းဆီးမည်ဆိုလျှင် အစိုးရအဖွဲ့အသုံးပြုနေသည့် ယာဉ်များကို  ဦးစွာ စိစစ်ပေးစေလိုကြောင်း မြစ်ကြီးနားမြို့ခံပြည်သူ တစ်ဦးက ပြောသည်။
''ကျွန်တော်တို့ဆီမှာ ရာခိုင်နှုန်း ၉ဝ က လိုင်စင်မဲ့ကားတွေချည်းပဲ။ တကယ်လို့ လိုင်စင်မဲ့တွေကို ဖမ်းတော့ မယ်ဆိုရင် အစိုးရအဖွဲ့ အသုံးပြုနေတဲ့ ယာဉ်တွေအရင်စစ် ပြီးရင် KIA နဲ့ပတ်သက်တဲ့ ယာဉ်တွေစစ်ပြီးမှ ပြည်သူတွေကို စစ်ပါ။ ဒါဆိုရင် ရှင်းသွားပါ လိမ့်မယ်'ဟု အထက်ပါပြည်သူက ပြောသည်။
ကချင်ပြည်နယ်လွှတ်တော်တွင် လိုင်စင်မဲ့ယာဉ်များကို လိုင်စင်ပြုလုပ်ပေးရန်ဆုံးဖြတ်ခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်ကို ပြည်ထောင်စုအစိုးရက ပယ်ချခဲ့ကြောင်း၊ ထို့အပြင် လိုင်စင်မဲ့ယာဉ် များကိုဖမ်းဆီးရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
''ဖမ်းမယ်၊ ဆီးမယ်ဆိုတော့ ခုနောက်ပိုင်းကားတွေ သိပ်မထွက်ကြတော့ဘူး။ ကားတစ်စီးတန်ဖိုးက ကျပ်ခုနစ်သိန်း၊ ရှစ်သိန်းဆိုရနေတာပဲ''ဟု မြစ်ကြီးနား မြို့ခံပြည်သူတစ်ဦးက ပြောသည်။
ကချင်ပြည်နယ်၌ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့် အစရှိသည့်ဒေသများတွင် တရုတ်နိုင်ငံဘက်မှ တင်သွင်း လာသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များကို လိုင်စင်မဲ့အဖြစ် အများဆုံးအသုံးပြုလျက်ရှိကြောင်း သိရသည်။

No comments: