Wednesday, July 6, 2016

စမွတ်ပကန်တွင် ထူးဆန်းသော မြွေသေကောင် ၅သိန်းတွေ့ရှိ



စမွတ်ပကန်တွင်ထူးဆန်းသောမြွေသေကောင် ၅သိန်းတွေ့ရှိ
မနေ့ ဇူလိုင်လ ၅ရက်နေ့ ၂၀၁၆ခုနှစ်က တီဗွီလိုင်း၃ ရဲ့ မနက်ပိုင်းသတင်းဆွေးနွေးခန်းမှ ပြောကြားချက်အရ စမွတ်ပရာကန်ခရိုင်၊ ဖရစမွတ်စေတီနယ်ရှိ ဒေသခံများက ၎င်းနယ်မြေတွင်နာမည်ကြီးသော တရိုင်မိဝရာရမ်ဘုန်းကြီးကျောင်းတွင် မြွေကောင်ပေါင်းသောင်းဂဏန်းရှိတဲ့အရေခွံကို မီးခိုးရှို့ဖျက်ဆီးခဲ့ကြောင်းတိုင်ကြားသည့်အတိုင်း သတင်းထောက်မှ သွားရောက်စစ်ဆေးကြည့်ရာ ဘုန်းကြီးကျောင်းရှိလူသေလောင်းမီးသဂြိုလ်သည့်နေရာအရှေ့တွင် မြေသြဇာထည့်သည့်အိတ်အကြီးစား ၅အိတ်ကိုတွေ့ရပါတယ်။

 ထိုအိတ်ကို ဖွင့်ကြည့်ရာ မြွေအကောင် ၁၀၀၀ရဲ့ အရေခွံကိုတွေ့ရပါတယ်။ မြွေအရေခွံရဲ့အရွယ်များသည် ၄-၅လက်မကျယ်ပြီး ၅၀ စင်တီမီတာမှ ၁ မီတာအထိရှိကြပါတယ်။ ဘုန်းကြီးကျောင်းဒကာ မစ်တာကျို့ကို မေးမြန်းရာ ပြီးခဲ့တဲ့ ဇွန်လအလယ်ပိုင်းလောက်က လူတစ်ဦးသည် ကျောင်းထိုင်ဘုန်းကြီးဆီသို့ ဘုန်းကြီးကျောင်းမှာ သက်သေဖျောက်ဖျက်ရန် မြွေအရေခွံမီးရှိုးပေးဖို့ငှားရမ်းမည့်ကိစ္စ စကားလာပြောခဲ့ကြောင်းပြောပါတယ်။

 မြေအရေခွံမီးရှို့ရန် တစ်ခါကိုအိတ်ပေါင်း၂၀၀ ပို့လာပြီး ၄-၅အိတ်ချင်းစီမီးရှို့ပါတယ်။ ညပိုင်းမှာပဲ မီးရှို့ကြောင်းပြောပါတယ်။ အခု ၅ အိတ်ကျန်နေသေးကြောင်းပြောပါတယ်။ ဤ ၂-၃ရက်အတွင်း နောက်ထပ်မြွှေအရေခွံအိပ် ၂၀၀ ထပ်ပို့လာမယ်ဖြစ်ကြောင်းပြောပါတယ်။ သတင်းထောက်မှ ကျောင်းထိုင်ဘုန်းကြီးနှင့် စကားပြော မေးမြန်းရန်အဆက်အသွယ်မရကြောင်းပြောပါတယ်။

 မြို့နယ်ညွှန်ကြားရေးမှူး မစ်တာရတင် ဖိုမိန်မှ သတင်းရပြီးနောက် မြွေအရေခွံရှိသောနေရာကိုစုံစမ်းကြည့်ရာ စစ်တပ်အဖွဲ့နဲ့ နယ်မြေလုံခြုံရေးအဖွဲ့တို့မှ စမွတ်ပရာကန်ခရိုင် ဖရစမွတ်စေတီမြို့နယ် လဲမ်ဖိုင်ဖားရပ်ကွက် ပွမ့်ပါကန်အိမ်ခန်း အိမ်နံပါတ် ၂၆၇/၄၉ တွင်ဝင်ရောက်စစ်ဆေးရာ အိမ်ခန်းထဲဝင်တာနှင့် မြွေအရေခွံထည့်ထားသော အိတ်ပေါင်း ၄၀၀ အိတ်ကျော်ကိုတွေ့ရပါတယ်။

 ၎င်းအိတ်ထဲတွင် တစ်စီးကိုမြွေအကောင်ရေ ၁၀၀ ရဲ့အရေခွံ၊ တစ်အိတ်ကို အစီး ၂၀ရှိပြီး အားလုံးပေါင်းမြွေအကောင်ရေ ၅ သိန်းကျော်၏ အရေခွံရှိကြောင်းသိရပါတယ်။ ရဲအဖွဲ့မှ မြွေအရေခွံအားလုံးကို သိမ်းထားပြီး ဘယ်ကနေ ဘယ်နေရာမှ ဘယ်လိုရောက်ကြောင်းကို စုံစမ်းမည်ဖြစ်ကြောင်းပြောပါတယ်။

 အခုမြွေအရေခွံရဲ့ပိုင်ရှင်ကိုတော့သိပြီဖြစ်ပြီး ရဲစခန်းသို့ခွင့်ပြုချက်စာရွက်စာတမ်းကိုသက်သေအဖြစ်ပြရန်ပြောပါတယ်။ ခွင့်ပြုချက်စာရွက်စာတမ်းမရှိလျှင် ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှဆိုပါတယ်။

MTF Channel

No comments: