Sunday, July 3, 2016

မြန်မာနိုင်ငံတွင် တစ်ဦးချင်း ဆန်စားသုံးမှု တစ်နှစ်လျှင် ဆန်သုံးအိတ်ကျော်ရှိဟုဆို





ဆန်ပွဲရုံတစ်ခုတွင် လုပ်ငန်းဝင်နေသော ၀န်ထမ်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

 မြန်မာနိုင်ငံတွင် တစ်နှစ် ဆန်စားသုံးမှုသည် တန်ချိန် ရှစ် သန်းခန့်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တို့ ပူး ပေါင်းကောက်ယူခဲ့သည့် ယခုနှစ် သုတေသန စစ်တမ်းအရ သိရ သည်။

တစ်ဦးချင်း ဆန်စားသုံးမှု သည် တစ်နှစ်လျှင် ဆန် သုံးအိတ် ကျော် (၁၅၅ဒသမ ၁၄ကီလိုဂရမ်) ရှိပြီး မြို့နေ လူတန်းစားများက တစ်နှစ်လျှင် ဆန်သုံးအိတ်ခန့် (၆၆ ပြည်ကျော်) စားသုံးကာ၊ ကျေးလက်ဒေသမှ ပြည်သူများက သုံးအိတ်ခွဲကျော် (၈၈ပြည်ကျော်) စားသုံးကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။

‘‘ဆန်စားသုံးမှုနဲ့ပတ်သက် ပြီး စံနှုန်းဖော်ထုတ်ဖို့အတွက် သု တေသနစစ်တမ်းကောက်ယူခြင်း ဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် ဥက္ကဋ္ဌဦးချစ်ခိုင် က ပြောသည်။

စစ်တမ်းကောက်ယူရခြင်း ၏ ရည်ရွယ်ချက်သည် လူတစ်ဦး ဆန်စားသုံးမှုကို တိကျခိုင်မာသော အချက်အလက်များ ရလိုခြင်း ကြောင့်ဟု ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ စိုက်ပျိုးစီးပွား ပညာ ဌာန တွဲဖက်ပါမောက္ခ ဒေါ်သိင်္ဂီ မြင့်က ပြောသည်။ အချက်အ လက်တိကျခိုင်မာမှုသည် နိုင်ငံဖွံ့ ဖြိုးရေးအတွက် အရေးကြီးကြောင်း ၎င်းက ဆိုသည်။မြန်မာနိုင်ငံတွင် လူတစ်ဦး ချင်း ဆန်စားသုံးမှုနှင့် ပတ်သက်၍ ခန့်မှန်းတွက်ချက်ရာ၌ အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဌာနမှ ၂၀၁၅ တွင် ထုတ်ပြန်ခဲ့သော စာရင်း ၌ မြို့ပြနေ လူတစ်ဦးသည် တစ်နှစ်လျှင် ဆန်လေးအိတ်ခန့် (၁၈၀ ကီလိုဂရမ်)နှင့် ကျေးလက် နေသူ တစ်ဦးက လေးအိတ်ခွဲ (၂၀၀ ကီလိုဂရမ်) စားသုံးသည်ဟု ဖော်ပြထားသည်။

ကမ္ဘာ့စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာ အဖွဲ့အစည်း(FAO) ၏ ၂၀၁၁ စာရင်းများအရ မြန်မာ နိုင်ငံရှိ လူတစ်ဦးသည် တစ်နှစ် လျှင် ဆန်ငါးအိတ်ခန့် (၂၃၉ကီလို ဂရမ်)စားသုံးကြောင်း ဖော်ပြထား သည်။ မြန်မာနိုင်ငံ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက ၂၀၁၄ တွင် ထုတ်ပြန် သော စာရင်းများအရ မြန်မာနိုင်ငံ မှ လူတစ်ဦးလျှင် ဆန်စားသုံးမှု သည် တစ်နှစ်လျှင် ဆန်သုံးအိတ်ခွဲ ကျော် (၁၇၆ ကီလိုဂရမ်) စားသုံး ကြောင်း ဖော်ပြထားသည်။

ဆန်စားသုံးမှုနှင့်ပတ်သက် ၍ စာရင်းများ ကွဲလွဲမှုမျိုးစုံဖြစ်နေ ၍ ၂၀၁၄ တွင် အသစ်ကောက်ယူ ထားသော သန်းခေါင်စာရင်းကို အခြေခံ၍ ယခုနှစ်မတ်လ၌ မြန်မာ နိုင်ငံရှိ လူတစ်ဦးချင်း ဆန်စားသုံးမှု မည်မျှရှိသည်ကို သိရှိနိုင်ရန် သုတေသနစစ်တမ်းကောက်ယူရ ခြင်းဖြစ်ကြောင်း ဒေါ်သိင်္ဂီမြင့်က ပြောသည်။

စစ်တမ်းကောက်ယူရာတွင် နေပြည်တော်အပါအ၀င် တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ မြို့နယ်ပေါင်း ၁၄၈ ခုရှိ မိသားစု ၅,၁၃၂ စုထံမှ စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်သည်။ သုတေသနစစ်တမ်းကို အချိန်သုံးလအတွင်း အပြီးကောက်ရန် စီစဉ်ခဲ့ခြင်းကြောင့် ရေဆင်းတက္ကသိုလ်မှ တတိယနှစ်နှင့်စတုတ္ထနှစ် မဟာသိပ္ပံကျောင်းသူ၊ကျောင်း သား ၁၅၃ ဦးနှင့် ဆရာ၊ ဆရာမ ငါးဦး ပူးပေါင်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ စစ်တမ်းကို တစ်နိုင်ငံ လုံး လွှမ်းခြုံပြီး တိကျသော အ ဖြေရရန်မြို့ပြနေထိုင်သူနှင့် ကျေး လက်နေထိုင်သူကို ခွဲခြားကောက် ယူခဲ့သည်။ ကျေးလက်နေသူများ ထံမှ စစ်တမ်းကောက်ယူရာတွင် လယ်လုပ်နေသူ လယ်သမားနှင့် လက်လုပ်လက်စား မြေယာမဲ့ဟူ ၍နှစ်မျိုးခွဲခြားပြီး ကျပန်းကောက် ယူခဲ့ခြင်းဟု ဒေါ်သိင်္ဂီမြင့်က ရှင်း ပြသည်။ ယခုသတင်း၌ ဆန်တစ် အိတ်ကို ၂၄ ပြည်နှင့် တွက်ထား ပြီး ဆန်တစ်ပြည်တွင် ၂ ကီလိုဂ ရမ် အလေးချိန်နှုန်းထားဖြင့် ဖော် ပြခြင်းဖြစ်သည်။

More in Business Section


No comments: