Thursday, July 7, 2016
အမေရိကန် အခြေခံဥပဒေရဲ့  ... ပထမ ပြင်ဆင်ချက် အက်ကို ... မဘသ မရှိသင့်ဘူးထင်တဲ့  ... တာဝန်ရှိသူတွေကို ... နီးစပ်သူများ ရှင်းပြပေးလိုက်ပ
ကြီးဘလက္ပစ္ဟာ ...
မဘသ ထောက်ခံသူ တစ်ယောက်လား ?
နိုးစ် ရက်စ် ...
:P :P :P :P
ဘယ်လို နိုးစ် ရက်စ်လဲ ...?
ကြီး ဘလက္ပစ္ဟာ ...
ထောက်ခံသူဆိုရင် ပိုမှန်မယ် ....
အဲဒီလို ဆိုတာ ...
:D :D :D :D
ကြီး ဘလက္ပစ္က ဘာလို ့ ...
မဘသ တည်ရှိတာကို ထောက်ခံတာလဲ ...?
မဘသ တည်ရှိတာကို ...
ထောက်ခံရတဲ့  အချက် နှစ်ခုရှိတယ် ...
ပထမ တစ်ခုက ...
စနစ်တကျ လုပ်ဆောင်တာတွေ အားနည်းတယ် ...
ခဏနဲ့ ပျက်လေ့ရှိတယ် ...
သူများ ဘာသာ သာသနာတွေက အဲဒီလို မဟုတ် ...
ခိုင်မာကျစ်လစ်တဲ့  အဖွဲ့ အစည်းပေါင်းများစွာနဲ့  ...
ကျားကန် ပံ့ ပိုးထားတယ် ...
အဲဒီတော့ ...
ကိုယ့်ဘာသာ သာသနာကို ၀န်းရံမယ့် ပံ့ ပိုးမယ့် ...
အဖွဲ့ တစ်ခု အဖြစ် ...
ကြီး ဘလက္ပစ္က ...
အင်မတန် အရစ်ရှည် သေချာချင်သူ ...
ဒါကြောင့် မဘသ ဥက္ကဌ ....
အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကျောင်းကို ...
လိုက်သွားဖူးတယ် ...
ဖွဲ့ စည်းပုံ ၊ ပါဝင်တဲ့  နာယကဆရာတော်တွေ ...
လုပ်ဆောင်နေတဲ့ လုပ်ငန်းအတော်များများကို ...
မေးမြန်း စပ်စုဖူးတယ် ...
မူလရည်ရွယ်ချက်တွေက ကောင်းမွန်တယ် ...
အောက်ခြေအဖွဲ့ ဝင် တစ်ချို့ ရဲ့ အစွန်းရောက်မှု ...
လုပ်ထုံးလုပ်နည်း မမှန်ကန်မှု ...
တစ်ဘက်က ...
ဒီမို လစ်ဗျဲ အစွန်းရောက် ကြက်ငှက်များရဲ့ ...
မဘသ အပေါ် ၀ိုင်းဝန်းအပုတ်ချမှု ...
ဒါတွေကြောင့်သာ ...
မဘသဟာ ပုံဖျက်ခံနေရတယ်လို့ မြင်တယ် ...
မဘသ အဖွဲ့ ဝင် တစ်ချို့ ရဲ့ ဘယ်လို လုပ်ရပ်က ...
အစွန်းရောက်စေတာလဲ ....?
ကွီးဘလက်ပစ် က ဘာတွေကို လက်မခံတာလဲ ...?
၁။ သူများဘာသာကို တိုက်ခိုက်တာ လက်မခံဘူး ။
ကိုယ့် အမျိုးဘာသာ သာသနာကို ...
ကာကွယ်စောင့်ရှောက်တာ ...
သူများဘာသာကို တိုက်ခိုက်ခြင်းမဟုတ် ....
ဒါကြောင့် သူများဘာသာကို တိုက်ခိုက်စရာအကြောင်း ...
လုံးဝ (လုံးဝ) မရှိ ....
ဟိုကျမ်းက ဟိုလို ဒီစာသားက ဒီလို ...
ဒါတွေပြောနေတာ လက်မခံ ...
သူ့ ဖာသာသူ ဘာရေးရေး ...
ကိုယ်တွေဆီ အကောင်အထည်ဖော်လို့ မရရင် ပြီးရော ...
ဖော်လို့ မရအောင် ဥပဒေနဲ့ တားထားရမယ် ...
ဥပဒေက တောက်လျောက် ကြပ်မတ်နေအောင် ...
ဖိအားပေးဖို့  စောင့်ကြည့်ဖို့ က ...
မဘသ အဖွဲ့ က လုပ်ဆောင်ရမယ် ....
ဆိုလိုတာက ကိုယ်တွေလဲ ဥပဒေနဲ့  အညီနေ ...
သူများမနေရင်လဲ ...
ချက်ချင်းအရေးယူနိုင်အောင် ဖိအားပေး ....
၂။ မဘသ က စီစဉ်တဲ့  သင်တန်းတွေရှိတယ် ...
အမျိုးဘာသာ သာသနာ ပြန့် ပွားရေး ...
ယဉ်ကျေးလိမ္မာ အစီအစဉ် ...
ကျောင်းပိတ်ရက် ဘာသာရေးသင်တန်း ...
ဒါတွေ ထောက်ခံတယ် ...
ကိုယ့် ဘာသာ သာသနာ ပြန့် ပွားအောင် အားပေးပါ ...
အမုန်းစကားတွေ ဆိုစရာ မလို ....
၃။ တစ်ခုခုဆို ...
ဟာ ဟိုဘာသာဝင်က ဟိုဟာလုပ်ပြန်ပြီ ...
ဒီဘာသာဝင်က ဒါလုပ်ပြန်ပြီ ...
ဝိုင်းကြပါ သွားကြပါ ...
ဘယ်ဘာသာဝင်ရဲ့ ရက်စက်ယုတ်မာသော လုပ်ရပ် ....
စသဖြင့် ဖွနေတဲ့  အကောင့်တွေရှိတယ် ...
လုံးဝ လက်မခံပါ ...
မဘသ ကို ပူးသတ်ပြီး ဖျက်ဆီးနေတဲ့   ...
လောက်ကောင်တွေလို့ သာ ယူဆပါတယ် ...
ဒါ မဘသ ရဲ့ မူဝါဒလို့  ...
မှတ်ကျောက်တင်ခံနိုင်တယ်ဆိုရင် ...
အဲဒီလို ဆိုမယ့် မဘသ အဖွဲ့ ဝင်များ .....
အင်းစိန်ရွာမဆရာတော်ကြီးရဲ့ ကျောင်းမှာ ...
ကြီး ဘလက္ပစ္နဲ ့ ဆံုရေအာင္ပါ ...
ဘယ္သူ ့ အယူအဆမွန္လဲ ...
မှတ်ကျောက်တင်ခံရအောင် ...
၎။ တစ်ခုခုဆို ရဲစခန်းကို တရားရုံးကို ...
ချီတက်လို့ ရပါတယ် ...
သို့ သော် ကိုယ့်ချီတက်ခြင်းဟာ ...
ဥပဒေနဲ့ အညီဖြစ်ပါစေ ...
သက်ဆိုင်ရာ တာဝန်ရှိသူတွေ ...
ဥပဒေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်တာကို ...
အထောက်အကူပြုဖို့  ...
မသမာမှု မလုပ်နိုင်အောင် ၀ိုင်းဝန်းစောင့်ကြည့်ဖို့  ....
ဒီလိုသာ ဖြစ်ပါစေ ...
ဥပဒေစိုးမိုးမှုကို အနှောက်အယှက်မဖြစ်ပါစေနဲ့  ...
၅။ တကယ်လို့ ကိုယ့်လုပ်ရပ်ဟာ ...
ဥပဒေကို ကျော်လွန်သွားခဲ့လို့  ...
အရေးယူ ခံခဲ့ရရင် ...
ကျေကျေနပ်နပ် ခံလိုက်ပါ ...
မဘသ ကို ဆွဲမထည့်ပါနဲ့  ....
မဘသ ရဲ့ မူဝါဒ နဲ့ ရပ်တည်မှုဟာ ...
ဥပဒေ ဘောင်တွင်းကသာ ဖြစ်ပါတယ် ...
၆။ တကယ်တော့ ...
အခု ကွီးဘလက်ပစ် ပြောခဲ့တာတွေဟာ ...
အထူးအဆန်း မဟုတ်ပါ ...
အရင်ကလဲ ပြောဖူးပါတယ်...
ဥပဒေနဲ့ အညီနေဖို့  ...
ဥပဒေနဲ့ အညီ ကိုယ့်အမျိုးဘာသာကို စောင့်ရှောက်ဖို့  ...
အဲဒီတုန်းက ...
အခု ကွီးဘလက်ပစ်ရဲ့ စေတနာကို ...
သဘောပေါက်ပါပြီလား ?
:D :D :D :D
အပေါ်မှာ ပြောခဲ့တာ တစ်ခု ရှိပါတယ် ...
အချက်နှစ်ချက်အရ ...
မဘသ ရဲ့ တည်ရှိမှုကို ထောက်ခံကြောင်းပါ ...
အခု တင်ပြခဲ့တာတွေက ....
ပထမ အချက်ဖြစ်တဲ့  ...
ကိုယ့်ဘာသာ သာသနာကို ၀န်းရံမယ့် ပံ့ ပိုးမယ့် ...
အဖွဲ့ တစ်ခု အဖြစ် ...
ထောက်ခံတယ်ဆိုတဲ့  ကိစ္စမှာ ...
အကျုံး ၀င်ပါတယ် ...
ဒုတိယအချက်က ဘာလဲဆိုတော့ ...
လွတ်လပ်စွာ ပြောဆိုခွင့် ....
ဒီမိုကရေစီရဲ့ စံတွေအရ ...
ထောက်ခံတာ ဖြစ်ပါတယ် ...
ကေသုံးလုံး ဂိုဏ်းအကြောင်း ...
လူတိုင်းကြားဖူးပါလိမ့်မယ် ...
သို့ သော် ....
ကေသုံးလုံး ဂိုဏ်းဟာ ...
သတိထားမိတဲ့ သူ အတော် နည်းပါလိမ့်မယ် ...
အမေရိကန် အစိုးရဟာ ...
ကေသုံးလုံး ဂိုဏ်းဝင်တွေ ဥပဒေချိုးဖောက်ရင် ...
အရေးယူပါတယ် ...
သို့ သော် ...
ကေသုံးလုံးဂိုဏ်းကို ဖျက်ပြစ်လို့ မရပါ ...
အမေရိကန် အခြေခံဥပဒေက ပေးတဲ့  ...
ပထမ ပြင်ဆင်ချက် ဥပဒေအရ ...
တရားဝင် ရပ်တည်ခွင့် ရတာ ဖြစ်ပါတယ် ...
အမေရိကန် အခြေခံဥပဒေရဲ့ ...
ပထမ ပြင်ဆင်ချက် အက်ကို ...
မဘသ မရှိသင့်ဘူးထင်တဲ့  ...
တာဝန်ရှိသူတွေကို ...
နီးစပ်သူများ ရှင်းပြပေးလိုက်ပါ ....
:P :P :P :P :P
No comments: