Saturday, July 2, 2016

ရှမ်းပြည်နယ်ရှိ ဆိုင်းဘုတ်များတွင် မည်သည့်တိုင်းရင်းသား ဘာသာစကားကိုမျှ တားမြစ်ခြင်းမရှိဟု ပြည်နယ်အစိုးရထုတ်ပြန်

ရှမ်းပြည်နယ်ရှိ မြို့အ၀င်ဆိုင်းဘုတ်တစ်ခု (ဓာတ်ပုံ − ဂျွန်ချစ်ငြိမ်း)

ရှမ်းပြည်နယ်အတွင်း ရှိ မြို့နယ်များ၏ ဆိုင်းဘုတ်များ တွင် အသုံးပြုမည့်ဘာသာစကား ကို အများသုံးရုံးသုံးဖြစ်သည့် မြန် မာစကားအပြင် မည်သည့်တိုင်း ရင်းသား၊ လူမျိုးတို့၏ ဘာသာစ ကားများကိုမဆို ထည့်သွင်းအသုံး ပြုခြင်းကို တားမြစ်ပိတ်ပင်ထား ခြင်းမရှိကြောင်း ရှမ်းပြည်နယ်အ စိုးရအဖွဲ့က သတင်းထုတ်ပြန် သည်။

ဒေသခံအများစု၏ ဆန္ဒအလျောက် မြို့ဝင်ဆိုင်းဘုတ်၏ အရွယ်အစားနှင့်ကိုက်ညီမည့်မြန်မာစာနှင့် တိုင်းရင်းသားစာလုံးအရေအ တွက်ကို ထည့်သွင်းနိုင်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဇွန် လ ၃၀ရက်သတင်းထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ကျိုင်းတုံ၊ တာချီလိတ်မြို့ အ၀င်ဆိုင်းဘုတ်များကို ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းဆွံဆိုင်း၏ ခွင့်ပြုချက်ဖြင့်တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနက ဇွန်လဒုတိယပတ်တွင် ရှမ်း-မြန်မာနှစ်ဘာသာဖြင့် ပြန်လည်ပြုပြင်နေသော်လည်း လုပ်ငန်းမပြီးစီးမီ ရပ်နားထားရခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်စည်ပင်တာဝန်ရှိသူများထံသို့ အကြောင်းရင်းကို ဆက်သွယ်မေးမြန်းသော်လည်းဆက်သွယ်၍မရခဲ့ပေ။ ဆိုင်းဘုတ်ပြုပြင်မှုများ ရပ်နားထားရခြင်းသည် အဖွဲ့အစည်းတစ်ခု၏ တားမြစ်ခြင်းကြောင့်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံအချို့ကဆိုသည်။

ရှမ်းဘာသာဖြင့် ဆိုင်းဘုတ် အသစ်များ တားမြစ်ခံရသည်ဟု သတင်းထွက်ပေါ်မှုနှင့်ပတ်သက် ပြီး ဇွန်လ ၂၈ ရက်ကကျင်းပပြု လုပ်ခဲ့သည့် ရှမ်းပြည်နယ်အစိုးရ အစည်းအဝေးတွင်ဆွေးနွေးခဲ့ကာ ပြည်နယ်အစိုးရက ယင်းသို့ ပိတ်ပင်ထားခြင်းမရှိသည်ကို သက်ဆိုင်ရာမြို့နယ်ထွေအုပ်နှင့် စည်ပင်သာယာရေးတို့ သိရှိစေရန် စာထုတ်ပြန်ခဲ့သည်ဟုရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

‘‘ကျွန်တော်တို့ ကျောက်မဲမြို့ နယ်မှာတော့ ဒီလိုတားတာတွေ မကြားပါဘူး။ ဆိုင်းဘုတ်အသစ် ပြန်လုပ်ဖို့ကိုတောင် စည်ပင်အမှု ဆောင်အရာရှိနဲ့ စကားပြောဖြစ် သေးတယ်။ ဘတ်ဂျက်ရတာနဲ့ အသစ်ပြန်လုပ်သွားမှာပါ’’ဟု ရှမ်း အမျိုးသားများဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားပြု ကျောက်မဲမြို့ နယ်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်း ထွန်းဉာဏ်ကပြောသည်။

ရှမ်းပြည်နယ်ရှိ မြို့အ၀င် ဆိုင်းဘုတ်များကို ရှေးယခင်က တည်းက ရှမ်း-မြန်မာနှစ်ဘာသာ ဖြင့် မြို့တိုင်းနီးပါးတွင် ရေးသားဖော်ပြထား သည်ဟုရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အချို့ထံမှ သိရသည်။

No comments: