Saturday, July 2, 2016

‘‘အခု ဘာလိုအပ်လဲဆိုလို့ရှိရင် ဖက်ဒရယ်ကတော့ ဖက်ဒရယ်ပါပဲ၊ ဒါပေမဲ့ ဘယ်လိုပုံစံမျိုးလဲဆိုတာက အဓိကကျလာတယ်’’

ဒေါက်တာတူးဂျာ ဓာတ်ပုံ− မရန်

မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် လက္ခဏာများ မူကြမ်းရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ ၃၀ ရက်မှစ၍ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) နှင့် တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) တို့ပူးပေါင်း၍ ရန်ကုန်မြို့အင်းလျား လိတ်ဟိုတယ်၌ သုံးရက်ကြာ ပြုလုပ်လျက်ရှိသည်။

ယင်းမူကြမ်းဆွေးနွေးပွဲ၌ ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီးဆေထင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ဖဒိုနော်စီဖိုးရာစိန်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန် ထွန်းဦး၊ ကချင်ပြည်နယ်ဒီမိုကရေ စီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာတို့နှင့်အတူ နိုင်ငံရေးပါတီများ၊ CSO များ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များ ပါဝင်ဆွေးနွေးနေကြသည်။ တိုင်းရင်းသားစစ်ရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ ဆွေးနွေးနေကြသော ဖက်ဒရယ်မူနှင့်ပတ်သက်၍ ဒေါက်တာတူးဂျာကို ဆက်သွယ်မေးမြန်းခဲ့သည့်အနက်အချို့ကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာတို့ ဆွေးနွေးကြ တဲ့ ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ အဓိက မူဝါဒတွေနဲ့ လက္ခဏာ မူကြမ်းရေးဆွဲဆွေးနွေးပွဲအကြောင်း သိပါရစေ။

ဟုတ်ကဲ့ခင်ဗျ။ ဒီအစည်းအဝေးပွဲကို ဦးဆောင်ကျင်းပပေးတဲ့ ENAC က သူတို့မူကြမ်းကိုရေးဆွဲ ထားပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ခေါင်းစဉ်တွေနဲ့ မူကြမ်းရေးဆွဲ ထားပြီး အဲဒါကို ဝေငှပေးပြီးတော့ မှ အဲဒါကို အခန်းလိုက် ကျွန်တော် တို့ ပြန်ဆွေးနွေးတာပါ။ အခုတော့မပြီးသေးဘူးဗျ။ မနက်ဖြန်လောက် ဆိုရင်တော့ မူကြမ်းဆွေးနွေးတာ ပြီးကောင်းပြီးသွားနိုင်တယ်။ အခု  ကျွန်တော်တို့က အဖွဲ့နှစ်ဖွဲ့ခဲ့ပြီး တော့ ဆွေးနွေးတာကိုး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆွေးနွေးတဲ့အပိုင်း၊ ပြင် ဆင်ချင်တဲ့ဟာ ပြင်ဆင်တဲ့အပိုင်း ပြီးသွားပြီဆိုလို့ရှိရင် သန်ဘက်ခါကျ ရင်တော့ ဒီနှစ်ဖွဲ့ကို ပြန်လည်ပြီး တော့ ပေါင်းစပ်လိုက်မယ်။ အဲဒီ မှာ အချောပြန်ချုပ်မှာပေါ့။ အဲဒီလို လုပ်သွားဖို့ရှိပါတယ်။ လွှတ်တော် ကိစ္စတွေ။ အစိုးရနဲ့ဆိုင်တဲ့ကိစ္စ တွေ။ ကျွန်တော်တို့က ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် သွားမယ်ဆိုလို့ရှိရင် ဘယ်လိုပုံစံ ဖြစ်သင့်တယ်ဆိုတဲ့ဟာတွေ ခေါင်းစဉ်ထုတ်ထားပြီးတော့မှ အဲ ဒီအပေါ်မှာ ကြိုတင်ပြုစုထားတာ တွေ ရှိတယ်။ အဲဒီအပေါ်မှာ ၀ိုင်း ပြီးဆွေးနွေးကြတာ ဖြစ်တယ်။

အခုဆွဲထားတဲ့ မူကြမ်းမှာ မူဝါဒတွေက အဓိကဘယ်အချက် တွေကို ဦးစားပေးဆွဲထားတာလဲ။

အဓိကကတော့ ပြည်ထောင် စု မြန်မာနိုင်ငံတော် ဒီဟာကို ဘယ်လိုပုံဖော်သွားမလဲပေါ့။ နောက်ပြီးဖက်ဒရယ်စနစ်ကိုဆွေး နွေးတဲ့အ ခါကျရင် လွှတ်တော်နှစ်ရပ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်ဆိုင်ရာ၊ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုင်ရာ အာဏာခွဲဝေ ရေး၊ အာဏာသုံးရပ်ဘယ်လိုခွဲ ဝေမလဲဆိုတာတွေပေါ့။ ဒါတွေ နောက်ပြီး ရွေးကောက်ပွဲစနစ်နဲ့ ဆိုင်တာတွေ။ ကျွန်တော်တို့လည်း အခုဒီနေ့ Group ခွဲပြီး ဆွေးနွေး တာတစ်ဝက်လောက်ပဲ ရှိသေး တယ်။ ခေါင်းစဉ်အကြမ်းဖျဉ်းက အဲဒါတွေဖြစ်ပါတယ်ခင်ဗျ။

ဒီမူကြမ်းဆွေးနွေးပွဲ သုံးရက် လုံးပြီးသွားတဲ့အခါကျရင် ဒီရလဒ် တွေနဲ့မူကို ဘယ်လိုဆက်လုပ်မှာ ပါလဲ။ အစိုးရဘက်နဲ့ ဘယ်လိုပုံစံ မျိုး ညှိမလဲ။

ဒီမနက်အဖွင့်မှာ UNA နာယ က SNLD ဥက္ကဋ္ဌဦးခွန်ထွန်းဦးရဲ့ အဖွင့်မိန့်ခွန်းမှာပြောတဲ့အတိုင်း ဆိုရင်တော့ လာမယ့် ၂၁ ရာစု ပင်လုံကဲ့သို့သော ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံမှာ ကျွန်တော်တို့ က ဘာတွေတင်ပြမလဲဆိုတဲ့ အချက်အလက်တွေပေါ့။ ဒီညီလာ ခံကိုလည်း အကောင်းမြင်ဘက်က နေ ရှုမြင်ပါတယ်။ ပင်လုံဆိုတာ လည်းဖြစ်နေတဲ့အခါကျတော့ ၄၇ ပင်လုံညီလာခံနဲ့ အခုကျင်းပမယ့် ဟာတွေကို ပြန်ပြီးတော့ နှိုင်းယှဉ် ပြီးတော့ ပင်လုံစိတ်ဓာတ် ပင်လုံ ကတိက၀တ်ပေါ်မှာ အခြေခံသွား မယ်လို့ ယုံကြည်တဲ့ အကြောင်း ပေါ့။ ဖက်ဒရယ်စနစ်ကို ကျွန်တော် တို့က သွားနေတာဖြစ်တဲ့အခါကျ တော့ အခုလာမယ့် ပင်လုံကဲ့သို့ သော ညီလာခံမှာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်လဲဆိုတာကို ကျွန်တော် တို့ဘက်ကနေပြီးတော့မှ အပြု သဘောနဲ့ အကြုံပြုသွားဖို့ လိုအပ် တယ်ပေါ့။ ENAC ကရေးဆွဲထား တဲ့ဟာလည်း ဒီလိုရည်ရွယ်ချက် အပေါ်မှာ အခြေခံထားပါတယ်။ ဒါကိုကျွန်တော်တို့ ပိုပြီးတော့မှ ခိုင်မာတဲ့ငြိမ်းချမ်းရေးရရှိနိုင်အောင်၊ ဖက်ဒရယ်ဆိုတာလည်း ရှေ့မှာ လည်း ပြည်ထောင်စုပေါ့ တည် ဆောက်သွားနိုင်အောင်ဆိုလို့ရှိရင်ဘယ်လိုဖြစ်သင့်တယ်၊ ဘယ်လို ပုံစံဖြစ်သင့်တယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့မှ ကဏ္ဍခွဲပြီးရေး ထားတာကိုး။ အစိုးရဆီကို တင် မှာကတော့ ညီလာခံကျရင် တိုင်း ရင်းသားကိုယ်စားလှယ်တွေက ပါ တီဘက်ကဖြစ်ဖြစ်ပေါ့။ ညီလာခံ ဖိတ်ကြားခံရတဲ့ ကိုယ်စားလှယ် တွေက ဒီကနေ့ ဆွေးနွေးထားတဲ့ အချက်အလက်ပေါ်မှာ အခြေခံပြီး တော့မှ တင်ပြသွားဖို့ အဓိပ္ပာယ် ပေါ်တယ်လို့ ကျွန်တော်နားလည် တယ်ဗျ။

၁၉၄၇ ပင်လုံစာချုပ်မှာဆို ရင် ကိုယ်ပိုင်အုပ်ချုပ်ရေးရှိစေရ မယ်ဆိုတဲ့မူကို သဘောတူခဲ့ကြ တာရှိတော့ အခု ၂၁ ရာစုပင်လုံညီ လာခံကလည်း လုပ်တော့မှာဆို တော့ အခုမူကြမ်းမှာ ကိုယ်ပိုင်အုပ် ချုပ်ခွင့် စတာတွေနဲ့ပတ်သက်လို့ ဘယ်လိုမူဝါဒ ရှိပါသလဲ။

ကျွန်တော်တို့မူကြမ်းရေးဆွဲ ထားတဲ့အထဲမှာ ခွဲထွက်ခွင့်ဆိုတာ ထည့်မရေးထားပါဘူး။ ကိုယ်ပိုင် အုပ်ချုပ်ရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကတော့ လိုအပ်တယ်။ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ လူ့အခွင့်အရေး၊ အာ ဏာခွဲဝေရေး၊ သယံဇာတခွဲဝေ ရေး၊ အခွန်အကောက်ခွဲဝေရေး အစရှိသဖြင့် ဒါတွေကတော့ သင့် သင့်မြတ်မြတ်တွေ ဖြစ်ရမယ်။

ကချင်ပြည်နယ်မှာ ဒုတိယမဲ အများစု အနိုင်ရထားတဲ့ ကချင် ပြည်နယ်ကိုယ်စားပြုထားတဲ့ ပါ တီခေါင်းဆောင်အနေနဲ့ ဒေါက် တာကဘယ်လိုပုံစံ ဖက်ဒရယ်မူဝါ ဒကို ဆွေးနွေးသွားမှာလဲ။

ကျွန်တော်တို့နိုင်ငံကတော့ ဖက်ဒရယ်ကိုတော့ ဦးတည်နေပြီ။ သမ္မတဦးသိန်းစိန်လက်ထက်က တည်းက ဖက်ဒရယ်ဆိုတဲ့စကား ကတော့ သုံးနေပြီ။ အခုသမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် လက်ထက်ရောက်လာတဲ့ အခါကျတော့ ပင်လုံဆိုတဲ့စကား ပြန်သုံးလာတယ်။ ဆိုတဲ့အခါကျ တော့ တိုးတက်မှုခြေလှမ်းကတော့ အရှေ့ကိုလှမ်းနေတယ်လို့ ထင် မြင်မိတာပေါ့။ အခုဘာလိုအပ် လဲဆိုလို့ရှိရင် ဖက်ဒရယ်ကတော့ ဖက်ဒရယ်ပါပဲ။ ဒါပေမဲ့ ဘယ်လို ပုံစံမျိုးလဲဆိုတာက အဓိကကျလာ တယ်။ ကျွန်တော်တို့လက်ခံနိုင်တဲ့ ဟာက တိုင်းရင်းသားပြည်သူတွေ အားလုံး ကျေနပ်နိုင်မယ့် ဖက်ဒ ရယ်ပုံစံမျိုးကို ကျွန်တော်တို့အချင်း ချင်းညှိနှိုင်းပြီးတော့မှ အကြံဉာဏ် တွေ စုဆောင်းပြီးတော့မှ၊ လူထု သဘောထားဆန္ဒတွေလည်း ရယူ ပြီးတော့မှ ကျွန်တော်တို့ညီလာခံ ကြီးကို တင်ပြဖို့စဉ်းစားထားပါ တယ်။ ဒါကြောင့်မို့လို ဒီတစ်ခေါက်ကျွန် တော်တို့ရရှိတဲ့ အချက်အလက်တွေဟာ ကျွန်တော်တို့အနေနဲ့ တိုင်းရင်းသားများအနေနဲ့ ညီလာ ခံမှာတင်ပြဖို့ အစီအစဉ်ရေးဆွဲတဲ့နေရာမှာ တော်တော်လေး အ ထောက်အကူပြုသွားမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ တင်ပြချင်တာက ဘာလဲဆိုလို့ရှိ ရင် ကျွန်တော်တို့က ပါသင့်ပါထိုက်တဲ့ အချက်အလက်တွေ၊ မပါလို့ မဖြစ်တဲ့အချက်အလက်တွေကိုပဲ ပါစေချင်တဲ့အနေနဲ့ အချက်အ လက်တွေ တင်ပြသွားမယ်။ အဲဒါ က ဘာလဲဆိုရင် အာဏာသုံးရပ် နဲ့ ပတ်သက်ပြီးတော့မှ ဥပဒေပြု ရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတွေနဲ့ ပတ်သက်တဲ့အပိုင်းပေါ့။ နောက် ပြီး ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ကြား တာဝန်ခွဲဝေမှုအပိုင်း၊ ဒါတွေကို ပြောမယ်ဆိုရင် ခုနကပြောတဲ့အာဏာခွဲဝေရေး၊ သယံဇာတခွဲ ဝေရေးပေါ့။ အဲဒါတွေအပေါ်မှာ ဘယ်လိုပုံစံ ဖြစ်သင့်တယ်ဆိုတဲ့ ဟာကို ကျွန်တော်တို့က ဦးစားပေးပြီး တင်ပြသွားဖို့ရှိပါတယ်။ ကျွန်တော်တို့က ပြေလည်ရာပြေ လည်ကြောင်းကိုတော့ ဦးတည်ပါ တယ်။ ပြည်သူလူထုအကျိုးကို ရှေးရှုတဲ့အနေနဲ့ ကျွန်တော်တို့အ ကောင်းဆုံးဖြစ်အောင်တော့ ပြင် ဆင်တင်ပြသွားဖို့ ရှိပါတယ်။

ပြည်နယ်နဲ့ ဗဟိုအာဏာခွဲ ဝေမှုမှာဆိုရင် ဒေါက်တာတို့မူ ကြမ်းမှာ ဘယ်လိုရေးဆွဲထားပါ သလဲ။ ဥပမာ ပြည်နယ်ဝန်ကြီးချုပ် ကို ပြည်နယ်ကပဲ ရွေးကောက် တင်မြှောက်ခွင့်ပါဝင်ပါသလား။ နောက်ပြီး သယံဇာတခွဲဝေမှုကိုကော ဘယ်လိုရေးဆွဲထားပါသလဲ။

အခုကတော့ ကျွန်တော်တို့ က ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ကြား အာဏာခွဲဝေရေးမှာတော့ ပြောမယ်ဆိုလို့ရှိရင် ပြည်ထောင် စုအဆင့်ဆင့်ဆိုလို့ရှိရင် ကျွန်တော် တို့ဒါကိုပဲ တောင်းဆိုချင်တာပါ။ ဒါကတော့ ကျွန်တော်တို့ဘက်အ ပိုင်းကနေ စဉ်းစားထားတဲ့အချက် ပဲ ရှိပါတယ်။ ပြည်ထောင်စုအစိုးရ ကလည်း တောင့်တင်းတဲ့ အစိုးရ တစ်ရပ်ဖြစ်ဖို့လိုတာကိုး။ အဲဒါ ကြောင့် ပြည်ထောင်စုအစိုးရကို အားတင်းထားသင့်တဲ့ တာဝန်တွေ ၀တ္တရားတွေကတော့ အားတင်း ထားရမှာပဲ။ ဒါကတော့ ကျွန်တော် တို့က မလုပ်လို့မဖြစ်တဲ့ ကိစ္စ။ အထူးသဖြင့်ဆိုလို့ရှိရင် အဓိကအားဖြင့် နိုင်ငံတော်ကာကွယ်ရေးတို့၊ နိုင်ငံခြားဆက်ဆံရေးတို့၊ ပြည်ပစီးပွားကုန်သွယ်ရေးတို့၊ လမ်းပန်းဆက်သွယ်ရေးတို့ ဗဟိုအဆင့်က List ထဲမှာ ထည့်ဖို့လိုအပ်တဲ့ ရှိသင့်တဲ့ ဟာတွေလည်း များပါတယ်။ ငွေဒင်္ဂါးထုတ်လုပ် တာကအစ၊ ရထား၊ ရေကြောင်း၊ လေကြောင်း အစရှိသဖြင့်ပေါ့။ ကျွန်တော်အသေးစိတ်တော့ မပြောလို ပါဘူး။ ပြောချင်တာကတော့ ဗဟိုအစိုးရကို ပေးသင့်ပေးထိုက်တဲ့ အာဏာတွေကိုတော့ ပေးထားရ မှာပဲ။ ဒါတွေက လျှော့လို့မရပါ ဘူး။ တစ်ချိန်တည်းမှာ ပြည်နယ်အစိုးရကိုလည်း လုံလောက်တဲ့ အာဏာပေးထားဖို့ လိုအပ်တယ်။ ပြည်နယ်အစိုးရအနေနဲ့ ကိုင် တွယ်ဖြေရှင်းသွားမယ့် ပြဿနာ တွေ၊ လုပ်ဆောင်သွားမယ့်ဟာ တွေလည်း သူ့ဟာသူ ရှိတယ်။ ပညာရေး၊ ကျန်းမာရေး အစရှိ သဖြင့်။ ထပ်တူကျထပ်တူပြု ဥပဒေတွေလည်းရှိတာကိုး။ ဗဟိုမှာ လည်းထား၊ ပြည်နယ်မှာလည်းထား ဒါမျိုးလည်းရှိတယ်။ ကြွင်းကျန် ပါဝါဆိုတာလည်း ရှိတယ်။ Literature Power ဒါကိုလည်း ပြည်နယ်မှာ ထားစေချင်တာပေါ့  ကျွန်တော်တို့က။ အာဏာခွဲဝေပြီး နောက်မပါသေးတဲ့ အချက်တွေပါဖို့ လိုအပ်လာလို့ရှိရင် ဥပဒေပြုပြီးတော့မှ ကြွင်းကျန်အာဏာကိုတော့ ပြည်နယ်မှာထားရှိသင့်တယ်လို့။ ဒါမျိုးတွေကအစပေါ့။  အာဏာ ခွဲဝေတဲ့အခါမှာလည်း ပြည်နယ်တွေက ထွက်တဲ့ သယံ ဇာတတွေကတော့ ပြည်နယ်အ ဆင့်က အပြည့်အ၀ကိုင်တွယ်ပြီး တော့မှ ဗဟိုနဲ့ပြည်နယ်ကြား မျှမျှ တတ ခွဲဝေရမှာပဲ။ ပြည်နယ်ရဲ့ ရပိုင်ခွင့်ကတော့ အခုထက် ပိုများ ရမှာပေါ့ သဘောက။ ဒါမှလည်း ပြည်နယ်က ကိုယ့်ဒေသဖွံ့ဖြိုးရေး ကို ကောင်းကောင်းမွန်မွန် လုပ်နိုင် မှာကိုး။ အစရှိသဖြင့်ပေါ့။ ၀န်ကြီး ချုပ်ခန့်တဲ့ကိစ္စကလည်း ဒီမိုကရေ စီအပြည့်အ၀ပုံစံဆိုလို့ရှိရင် ပြည် နယ်ဝန်ကြီးချုပ်ကို ပြည်နယ်သား တွေကပဲ ရွေးကောက်တင်မြှောက် ရမှာ။ အခုလက်ရှိအနေအထား ပုံစံမျိုးဆိုရင်လည်း ပြောမယ်ဆို ရင် လွှတ်တော်လမ်းကြောင်းနဲ့ သွားတဲ့ပုံစံမျိုးဆိုရင်လည်း လွှတ် တော်အမတ်တွေ၊ ပြည်နယ်လွှတ် တော် အမတ်တွေထဲက အသင့် တော်ဆုံး ပုဂ္ဂိုလ်ကို မဲစနစ်နဲ့ရွေး ကောက်တင်မြှောက်ပြီးတော့ ခန့် တဲ့ပုံစံမျိုးဖြစ်သင့်တာပေါ့။ အခုလို သမ္မတက ကြိုက်တဲ့ပုဂ္ဂိုလ်ကို ကောက်ယူပြီးတော့မှ ပြည်နယ် ၀န်ကြီးချုပ် ခန့်တာမျိုးတော့ မဖြစ် သင့်တော့ဘူးလေ။ ဒါကတော့ ပြင်ရမှာပဲ။

ဒေါက်တာ ဖြည့်စွက် ပြော ချင်တာရှိရင် ပြောပေးပါဦး။

ဟုတ်ကဲ့ခင်ဗျာ။ အခုကြား ရတဲ့အတိုင်းဆို လာမယ့်သြဂုတ် လထဲမှာ ဖြစ်ကောင်းဖြစ်နိုင်တာ ပေါ့။ အဲဒီ ၂၁ ရာစု ပင်လုံညီလာ ခံကဲ့သို့သော ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံကိုအားလုံး အာရုံ ပြုနေကြတယ်လေ။ အာရုံစိုက်နေ ကြတယ်။ အဲဒါကြီးက တိုင်းပြည် အပြောင်းအလဲအတွက် ကြီးမား တဲ့ခြေလှမ်းတစ်လှမ်းဖြစ်မယ်လို့ လူတွေက ထင်ကြတာကိုး။ အဲဒီ လိုလည်း တကယ်ဖြစ်လာအောင် အစိုးရအနေနဲ့ အားလုံးပါဝင်ရေး၊ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်များအား လုံးပါဝင်ရေးကို လမ်းဖွင့်ပေးသင့် တယ်။ ဖြစ်အောင်ဆောင်ရွက်ပေး လိမ့်မယ်လို့ ကျွန်တော် ထင်ပါ တယ်။ တပ်မတော်အနေနဲ့လည်း အားလုံးပါဝင်ထိုက်တဲ့ပုဂ္ဂိုလ်များ ပါဝင်လာနိုင်အောင် တံခါးဖွင့်ပေး ဖို့၊ လမ်းဖွင့်ပေးဖို့လည်း လိုအပ် တယ်။ ဒါတွေသာ အားလုံးဆောင် ရွက်ပေးပြီးတော့မှ၊ တက်ရောက် သင့်တဲ့ပုဂ္ဂိုလ်တွေလည်း အားလုံး တက်ရောက်ပြီးတော့မှ၊ အားလုံး စုံစုံညီညီနဲ့ စိတ်ကောင်းစေတနာ ထားပြီးတော့၊ အပြန်အလှန် ညှိ နှိုင်းဆွေးနွေးပြီးတော့မှ ဖက်ဒရယ် နိုင်ငံကို ချီတက်တဲ့ ကျွန်တော်တို့ ရဲ့ဖြစ်စဉ်ဟာ ပိုပြီးတော့ထိရောက် အောင်မြင်မှုရှိဖို့ အားလုံးလိုလား နေကြတာပေါ့လေ။ ဒါကြောင့်မို့ လို့ ကိုယ့်ဘက်က ကိုယ်လုပ်သင့် လုပ်ထိုက်တာတွေကို နိုင်ငံရေးပါ တီတွေရော၊ အဖွဲ့အစည်းတွေ ရော၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရော ကြိုးစား လုပ်ဆောင်နေတဲ့အချိန် အင်မ တန် အရေးကြီးတဲ့အချိန် ဖြစ် တယ်။ အဲဒီလိုအချိန်အခါမျိုးမှာ ဒီလိုဝိုင်းဝန်းဆွေးနွေးခွင့်ရှိတဲ့၊ ဒီလို စီစဉ်ရေးဆွဲပေးတဲ့ ENAC ကို လည်း ကျွန်တော်တို့က အများကြီး ကျေးဇူးတင်တယ်။ လုပ်သင့်လုပ် ထိုက်တာဖြစ်တယ်လို့ ကျွန်တော် မြင်တယ်။ 

No comments: