မိုးညှင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နေ ဦးနေလင်း(ခ)ဦးဆယ်ပြား KIA ထောင်ထားသော မိုင်းနင်းမိ
=====================================
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံပေါ်တွင် မိုးညှင်းမြို့နယ်မှ ဒေသခံတစ်ဦး ဈေးရောင်းသွားရင်း ကေအိုင်အေ သောင်ကျန်းသူများ ထောင်ထားသော မိုင်းနင်းမိ၍ ဆေးကုသမှုခံယူနေကြောင်း ကြားသိရပါသည်။ ဖြစ်စဉ်မှာ မိုးညှင်းမြို့နယ်၊ အောင်ချမ်းသာ ရပ်ကွက်နေ ဦးနေလင်း(ခ)ဦးဆယ်ပိုသည် မိုးညှင်းမြို့မှ (၆)မိုင်ခန့်အကွာသို့ သီးနှံများ ရောင်းချရန် ဆိုင်ကယ်ဖြင့် ထွက်လာခဲ့ပါသည်။ ထိုသို့ထွက်ခွာလာရာ ဒေသအခေါ် အောက်ရေဆိပ် အရောက်တွင် KIA သောင်းကျန်းသူများ ထောင်ထားသောမိုင်းအား ဆိုင်ကယ်ဖြင့် နင်းမိပေါက်ကွဲခဲ့သည်ဟု သိရှိရပါသည်။
“ ဦးနေလင်းရဲ့ဒဏ်ရာမှာ အသက်အန္တရာယ် မစိုးရိမ်ရသော်လည်း နေ့စဉ်ဈေးရောင်း စားနေရသူတွေအတွက် မိုင်းထိထားလို့ ဈေးရောင်းနားရရင် အိမ်ကမိသားစုတွေ စားဝတ်နေရေး နည်းနည်းတော့ အခက်အခဲဖြစ်တာပေါ့… KIAတွေ အခုလိုလုပ်နေတာ ကျွန်တော်တို့မှာ တောထဲတွေမဟုတ်တော့ဘူး မြို့ပေါ်မှာသွားလာရတာတောင်မှ ခပ်ကြောက် ကြောက်ပဲဗျာ” ဟု ဦးနေလင်းနှင့်အတူ ဈေးရောင်းလိုက်ပါလာသည့် ဒေသခံတစ်ဦးမှ ယခုလိုပြောကြားခြင်းကိုလည်း ကြားသိရပါသည်။ KIA ကချင်သောင်းကျန်းသူများ ယခုကဲ့သို့ နေရာဒေသမရွေး မိုင်းများထောင်းထားခြင်းကြောင့် ကချင်ပြည်နယ်ရှိ ဒေသခံများမှာ ဒုက္ခိတဘ၀သို့ရောက်ကြရခြင်း၊ သေဆုံးကြရခြင်း စသည့်ဖြစ်စဉ်များမှာ ပြော၍မကုန်အောင် ရှိနေပါတော့သည်။
By Voice Of Kachin
No comments:
Post a Comment