. Indawgyi Lake
- အင်းတော်ကြီးအင်း(အိုင်)
အင်းတော်ကြီးအင်း(အိုင်) သည် အထက်မြန်မာပြည် မိုးညှင်းခရိုင် မိုးညှင်းမြို့၏ အနောက်မြောက်ဖက် မိုင်၄၀ ကျော်အကွာ ပေ ၁၀၀၀ထောင်ကျော်မှ ၄၀၀၀ ကျော်အတွင်းရှိသော
တောင်တန်းကြီးများအလယ်မှာ မျက်စိတဆုံး ပင်လယ်ပြင်အလားကျယ်ပြောလှစွာ သာတောင့်သာယာတည်ရှိနေတာဖြစ်ပါတယ်
အင်းကြီးရဲ့အကျယ်မှာ ဟိုရှေးယခင်က တောင်မှမြောက် အလျား ၁၈ မိုင်၊ အရှေ့အနောက်အကျယ် ၈မိုင်ထိရှိခဲ့သော်လည်း
ယခုအခါ တောင်မှမြောက် အလျား ၁၄ မိုင်၊ အရှေ့အနောက် အကျယ်ဆုံးနေရာထိ ၇.၅မိုင်ခန့်သာတည်ရှိပါတော့သည်။
အင်းတော်ကြီးအင်း(အိုင်) သည် မြန်မာနိုင်ငံ၏ အကျယ်ဆုံးအင်း(အိုင်)ဖြစ်ပြီး အရှေ့တောင်အာရှတွင်လည်း အကြီးဆုံးအင်း(အိုင်)ဖြစ်ပါသည်။
အင်းတော်ကြီးအင်း(အိုင်) ဟာ
အရှေ့လောင်ဂျီတွဒ် (၉၆ ဒီဂရီ ၂၃မိနစ် နှင့် ၉၇ ဒီဂရီ) ကြားနှင့်
မြောက်လတ္တီတွဒ် (၂၅ ဒီဂရီ ၁၈မိနစ် နှင့် ၂၆ ဒီဂရီ) ကြား
ပင်ရေမျက်နှာပြင်အထက် ပေ ၇၀၀ အမြင့်
မြန်မာပြည်အထက်ပိုင်း မိုးညှင်းမြို့နယ် မှာတည်ရှိပါသည်။
အင်းတော်ကြီးအိုင်သည်၊ မိုးကောင်း ချောင်းဖျားခံရာ၌ ရှိပေသည်၊ အင်း(အိုင်) ရေပြင်သည် စတုရန်းမိုင် (၁၀၀)ခန့်မျှရှိပါသည်။ မိုးရာသီအချိန်တွင်အနောက်ဖက်ကမ်း လုံးတုံ နှင့် အရှေ့ဖက်ကမ်း ဟဲပု ရွာကြားရေပြင်သည်အရှေ့
အနောက်အကျယ်ဆုံးရေပြင်ဖြစ်ပါသည်။
အင်း၏ဘေးပတ်လည် အရှေ့ဖက် တွင် မိုးကောင်းမြို့နယ် အထိ၊ အရှေ့တောင် ဘက်တွင် ဟိုပင်- မိုးညှင်း ကကျော်တောင်ကြားအထိ တောင်ဘက် တွင် စစ်ကိုင်းတိုင်း (ဟုမ္မလင်းမြို့နယ်) မံစီကြီးအထိ အနောက်ဘက် တွင်
ဗန်းမောက်မြို့နယ် နှင့် မြောက်ဘက်တို့တွင် ကာမိုင်းမြို့နယ်ထိ ကျယ်ဝန်းပြီး အကျယ်ဝန်း စတုရန်းမိုင် ဒေသကြီးတစ်ခုလုံး ၃၁၄.၆၇ စတုရန်မိုင်ခန့်ရှိ၍ အ၀န်းတခုလုံးကို အင်းတော်ကြီးဒေသဟု လည်းကောင်း
ယခုအခါ မိုးညှင်းမြို့နယ်၏ နယ်မြေအမှတ် (၅) ဒေသဟူ၍လည်းကောင်း အသိအမှတ်ပြု ခေါ်တွင်သည်။
မြန်မာနိုင်ငံ အထက်ပိုင်း အလယ်ရိုးမ တောင်တန်းတွင် ပါဝင်သော တောင်ကုန်းတောင်တန်းတို့ဖြင့် အင်းတော်ကြီး ဒေသကိုဝန်းရံ ပတ်ဝိုင်းထားပါသည်
မြင်မားမတ်စောက်သော တောင်ကုန်း တောင်တန်းများ တည်ရှိ သည်အလယ်ရိုးမတစ်ကြောတွင် အမြင့်ဆုံး ဒေသဟု ဆိုဘွယ်ဖြစ်သည်။
တောင်ပေါ်ပင်လယ်လေးဟုပင် တင်စားခေါ်ဝေါ်ကြပါသည်။
ရေချောင်း စီးဆင်းရာရေဝေရေလဲတို့သည်၊ မြောက် ဖက်သို့ (ပြောင်းပြန်)စီးဆင်းသည်၊ အင်းတောင်မော်လူး ဖက်ရှိသော ဆင်ခေါင်းတောင်၊ ကန့်လန့်ကာ (လော ခွန်း) တောင်တို့မှ
စီးဆင်းသော ချောင်းရေ သည် တောင်ဖက်မော်ဟန်၊ မိုးညှင်း(နန့်ရင်းချောင်း)သို့ စီးဆင်း၍ မြောက်ဖက်၌အင်းတော်ကြီး (အင်း)သို့စီးဆင်း သည်၊ အင်းအနောက်ဖက်ရှိသော နန့်စတုံး (၁၂၂၆)တောင်နှင့်
ဒုတိယ ကမ္ဘာစစ်ကာလမှယနေ့တိုင် မှန်ပြ တောင်ဟူ၍ အမည်တွင်ခဲ့သော (၁၇၇၈)တောင်တို့မှစီးဆင်းသော ချောင်းရေသည်အနောက်ဖက်၌ အင်းတော်ကြီး (အင်း) သို့စီးဆင်း၏ အင်းတော်ကြီး (အိုင်)မှ လှည်းလောင်း(ခေါ်)
စည်ခမ်းချောင်းသည် မြောက်ဖက် ပြောင်းပြန် စီးဆင်း၍ မိုးကောင်းမြို့ အနီး မိုးကောင်းချောင်း (နန့် ကောင်း)နှင့် ဆုံသည်၊ မိုးကောင်း(နန့်ကောင်း)ချောင်းသည် ဧရာဝတီမြစ်သို့စီးဆင်းသည်။
လမ်းပမ်းခရီးကတော့ မီးရထားဖြင့်လာလျှင် မန္တလေးမှ မြန်မာပြည်အထက်ပိုင်း မြစ်ကြီးနားဖက်ထွက်သော ရထားကိုစီးခဲ့ရမှာဖြစ်ပါတယ် အထက်ပိုင်းရောက်၍ မိုးညှင်း - နမ္မား ဘူတာအလွန် ဟိုပင်ဘူတာရောက်လျှင် ဆင်း၍
အင်းတော်ကြီးဖက် နန့်မွန်း - မိုင်းနောင် - မမုံကိုင် - လုံးတုံ - ဟဲပန်(ဆင်စင်းလမ်းခွဲ) - နမ့်ပတဲ - လွှဲမွန် သို့ထွက်သော ကားများဆက်စီးလျှင် အင်းတော်ကြီးသို့ရောက်ပါပြီ နမ့်ပတဲ ကျေးရွာမှဆင်း၍
အင်းတော်ကြီး ရွှေမဉ္ဖူ ရေလည်ဘုရားသို့ဘုရားဖူးနိုင်ပါပြီ
ကားလမ်းပိုင်းခရီးကတော့ မန္တလေးမြို့မှ ဧရာဝတီအရှေ့ဖက်ကမ်းလမ်း မန္တလေး - ဗန်းမော် လမ်းပေါ်မှ မောင်းကုန်းကျေးရွာမှလမ်းခွဲ ထီးချိုင့် - မြထောင် ဖက် ဧရာဝတီတံတားကိုဖြတ်ခါ ရွှေဘို - မြစ်ကြီးနားကားလမ်းပေါ်
ကျောင်းကုန်းကျေးရွာ - မဲဇာနန့်တဲ - အင်းတော် - မော်လူး - နန့်ဆီးအောင် - မိုးညှင်း - နမ္မား - ဟိုပင် မှ အင်းတော်ကြီးဖက် နန့်မွန်းတောင်မိုင်းညှို့ညှို့ဖက်ကိုထွက်လာရမှာဖြစ်ပါတယ် ထိုမှ - မိုင်းနောင် - မမုံကိုင် - လုံးတုံ -
ဟဲပန်(ဆင်စင်းလမ်းခွဲ) - နမ့်ပတဲ - လွှဲမွန် - နမ့်မီးလောင် - နမ့်တောင်းဆည် - ညောင်ပင် ထိုမှဆက်၍ ဝေခါ ဟောင်ပါး တာမခံ ဆိုင်းတောင် ဖားကန့် ကျောက်စိမ်းမှော်များသို့ ဆက်လက်သွားလာနိုင်ပါသည်။
ငှက်ချစ်သူ ငှက်ကြည့်သူများ ရှုခင်းနှင့်တောတောင် ရှေးဟောင်းအမွှေအနှစ် အင်းကြီး၏သဘာဝအလှအပများကို လေ့လာလိုသူများ ကတော့ လွဲမွန်ကျေးရွာလေးသို့ အရောက်သွား ညအိပ်စားတဲချပြီး စက်လှေငှါး၍ အင်းကြီး၏ အရှေ့
အနောက် တောင်မြောက် ခရီးဆက်လေ့လာနိုင်ကြပါသည်။
----------------------------------------
အင်းတော်ကြီးအင်းဘေးပတ်လည်၌ ရှေးနှစ် ရာစုများစွာကတည်းက လူနေ မြို့ရွာများ တည်ရှိ ခြင်း ထင်ရှားသည့် သာဓကအားဖြင့် ယခု မမုံကိုင်ရွာတောင်ဘက်ရှိ မြို့ဟောင်းကုန်းဆိုသောအရပ်၌
အရေ တွက်မခန့်မှန်းနိုင်သော မြို့ဟောင်းတံတိုင်း ယနေ့ တိုင်တည်ရှိနေသည်။
မမုံကိုင်၊ မိုင်းနောင်ကြား မော်တော်ကားလမ်း ဘေးရှိ ရှေးဟောင်းဘုရားစေတီပျက် တစ်ဆူသည် သီရိဓမ္မာသောကမင်း တည်သော စေတီပျက်တော်ပေါင်း (၈၄၀၀) အနက် တစ်ဆူအပါဝင်
( ခိုင်လုံသော သမိုင်းအထောက်အထားမရှိသော) ဖြစ်သည်ဟု ရှေးဘိုးဘေးဘီဘင်များအဆိုအရသိရ၏၊ ဤကဲ့သို့ သမိုင်းအထောက်ထား ကင်းမဲ့နေသော စေတီတော်ပျက်များ အင်းဘေးပတ်လည်၌ ၀မ်းနည်းဖွယ်ရာ
အများအပြားတွေ့ရှိနိုင်ပါသည်။
အာသောက မင်းသည် အဘိသိတ်မခံမီ (၄)နှစ် ဘိသိတ်ခံပြီး (၄)နှစ် သာသနာသက္ကရာဇ် (၂၁၈)၊ ဘီစီ (၃၂၆) တွင် ၈၄၀၀၀ သော မြို့နိုင်ငံတို့၌ ၉၆-ကုဋေသော အဿပြာ တို့ဖြင့်
စေတီတော် ကျောင်းတော်များ တည်ခဲ့သည်။
ဤသည်ကား မြို့ဟောင်းနှင့် ဆက်စပ်တွေးခေါ်နိုင်ဖွယ် ရှိသေား သာဓကတစ်ရပ် တင်ပြခြင်းသာဖြစ်သည်၊ သို့ရာ၌ အင်းအိုင်ဖြစ်ပေါ်လာသည်ထက်စောနေသည်ကိုလည်း သိရှိရသည်။
-----------------------------------------
အေဒီ ၁၉ - ရာစု ကုန်းဘောင် ( မြန်မာ) မင်းများလက်ထက် လူနေမှုမှတ်တမ်း တင်ရချိန်၌ သျှမ်းနီ (တိုင်းလျဲန်) ကချင်နှင့် မြန်မာသွေးရင်းသားရင်များ(မြောက်များစွာ) တို့နေထိုင်ခဲ့လေသည်၊ အချင်းချင်း ယုံကြည်
လေးစား ရင်းနှီးခဲ့ကြ၏၊ ထိုစဉ်၌ အင်းတော်ကြီး ဒေသသည် မိုးကောင်းမြို့ စီရင်စု (စော်ဘွား) လက်အောက်ခံတွင် ပေါမိုင်းနယ် (၄)နယ်နှင့် (၂)ဋ္ဌာနဟု နယ်နမိတ် သတ်မှတ်ထားခဲ့လေသည်။
ဤသို့တွင် -
၁။ မိုင်းပင်း ( ကုမမုံ ) ပေါမိုင်း
၂။ စည်းခမ်း ( လွဲမွန် ) ပေါမိုင်း
၃။ ငွန်းဇင်း ( နမ့်ဖေါင်းဇင် ) ပေါမိုင်း
၎။ မောက်တောင်း (ဟဲပန်) ပေါမိုင်းနှင့် (၁)မပြင်တဋ္ဌာန (၂)လောဆွန် တစ်ဋ္ဌာဖြစ်သည်၊ အချုပ်အားဖြင့် (၄) ခရိုင် (၆)ဋ္ဌာန ဟူ၍နယ်အားဖြင့် ခွဲခြားသတ်မှတ် ခေါ်ဆိုခဲ့သည်။
ပေါမိုင်း သို့မဟုတ် ပေါ်မိန်း ဟူသည် ရှမ်းဘာသာ အခေါ်ဖြစ်၏ မြန်မာလို ပြန်သော ပေါ် - ဖေ၊ မိန်း- မြို့ ၊ မြို့အရှင်သခင် (သူကြီး) ဟူ၍ အဓိပ္ပါယ်ရသည်။
အင်းတော်ကြီးဒေသ လူနေမှုအစဉ်အလာနှင့် အုပ်ချုပ်မှု သမိုင်းမှတ်တမ်းများ တင်ရချိန်၌ အေဒီ(၂၀) ရာစုနှစ် မတိုင်မှီ ရှေးရာစုနုစ် အတန်ကြာ ကာလတွင် သျှမ်းနီ (တိုင်းလျဲန်) တို့သည် မြေပြန့် (အင်းဘေး ) ဒေသတွင်
လည်းကောင်း၊ ကချင်(ဂျိမ်းဖေါ) တို့သည် တောင်ပေါ်(တောင်တန်း) ဒေသတွင် လည်းကောင်း၊ အခြေချနေထိုင်ခဲ့လေသည်။ သာဓကအားဖြင့် ရှေးနှစ်ပေါင်း ရာစုများစွာမှ အင်းလေး၌ နေလာခဲ့သည်ဆိုသော တံငါအဖိုးကြီးတစ်ဦး၏
အမည်ကို သျှမ်းတို့က ပူတွတ်လား ဖိုးတွတ်လား ဟူ၍၎င်း၊ အင်းတော်ကြီး မြောက်ဖက် တွင် မြင့်မားမတ်စောက်သော တောင်တစ်လုံး၏ အမည်ကို ကချင်တို့က က၀ါပွန် အဖေ တောင်ဟူ၍၎င်း ယနေ့တိုင်
အမည်တွင်ခေါ်ဝေါ်လျက်ရှိပါသည်။
ရှေးယခင်က သျှမ်းနီ(တိုင်းလျဲန်) တို့၏ အခြေချနေထိုင်ရာ ဤအင်းတော်ကြီးဒေသ၌ သျှမ်းနီ စာပေကျမ်းဂန်များ ထွန်းကားပေါက်မြောက်ခဲ့ရာတွင် (ပုရပိုက်၊ ပေရွက်) ပေထက်အက္ခရာ သျှမ်းနီစာများကိုယနေ့တိုင်တွေ့မြင်နိုင်ကြပါသည်။
သို့ရာတွင် သျှမ်းနီ (တိုင်းလျဲန်)စာပေ သင်ကြားလေ့လာ တတ်မြောက်သူမရှိသလောက် ရှားပါးလှသည်ကို သျှမ်းနီလောက၌ အထင်အရှားပင်ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် ယခုအခါ ပညာတတ်သျှမ်းနီ သံဃာတော်များနှင့်
လူငယ်များမှတတတ်တအားကျိုးစားအားထုတ်၍ ဆင့်ပွားသျှမ်းနီ (တိုင်းလျဲန်) စာပေနှင့်ယဉ်ကျေးမှု သင်ကြားရေးကို အနယ်နယ်အရပ်ရပ်တာဝန်ကိုစီခွဲဝေကြလျှက် အထူးအားစိုက် လုပ်ဆောင်နေကြပါသည်။
------------------------------------
နေလင်း၏ အင်းတော်ကြီး-
- အင်းတော်ကြီးသမိုင်း မှတ်တိုင်များမှ ထုတ်နုတ်ရှာဖွေတင်ပြပါသည်။
. nyi nyi aung
No comments:
Post a Comment