Saturday, February 20, 2016

ရေမဆေး

ရေမဆေး . . . .

ကျနော်တို့ ဘဝတွေဟာ ရေမဆေး ဆိုတဲ့ နာမည် အတိုင်း 

ရှာလို့ ရတဲ့  ကျောက်ကိုလည်း  ရေဆေးပြီး မရောင်းရဲပါဘူး ။
ရေဆေးလိုက်လို့ ကျောက်မျိုးမကောင်းရင် ကျနော်တို့ တစ်ရက်စာ မန်မန် တူတူပုန်းသွားနိုင်လို့ ပါ ။

ထမင်းစားရင်လည်း လက်ဆေးချိန်မရပါဘူး ...မြေဇာကားသွန်တဲ့ အချိန်ကို မမှီမှာစိုးရပါသေးတယ် ။

တစ်ရက်ကို (၁၈) နာရီ သင်္ဂျိုင်းကို မျက်စောင်းထိုးနေတယ်လို့ ပြောရင် ခင်ဗျားတို့ ယုံမယ်မထင်ပါ ။

ယုတ်စွအဆုံး သေတဲ့ အချိန်မှာတောင် ရေဆေးခွင့် မရတဲ့ ရေမဆေး အလောင်းတွေ အကြောင်း ခင်ဗျားတို့ ကြားလိုက်မှာပါ ။ 

အချို့ ကပြောကြပါသေးတယ် ။ ကျနော်တို့ကို လောဘကြီးသူတွေလို့ ။ ကျနော်တို့ လောဘကြီးတာ စားဘို့ ပါ ။ ချမ်းသာ ဘို့မဟုတ်ပါဘူး ။

ရေမဆေး လူသားတွေကြောင့် အာဏာပိုင်တွေ နဲ့  လုပ်ငန်းရှင်တွေ ခေါင်းစားချင် စားမယ် ။သဘာဝ အလှ အရှိတရားနဲ့  နိုင်ငံသားတွေကိုတော့ ဘယ်တော့မှ ဒုက္ခမပေးခဲ့ဘူးပါဘူး ။

ရူးတယ်ပဲပြောပြော ကျုပ်တို့ ကျောက်စိမ်းတောင်တွေ ခွေးစားသွားတာတော့ နှမျောတယ်ဗျာ . . .

ဇော်မိုးဌေး

No comments: