Monday, February 22, 2016

စတုတ္ထတန်းနှင့် အဋ္ဌမတန်းမေးခွန်းများ အချိန်မတိုင်မီပေါက်ကြားမှုနှင့် ပတ်သက်၍ လျှို့ဝှက်လုံခြုံ စွာ ထိန်းသိမ်းမှု မရှိသူများအား အမှုဖွင့်ထားဟုဆို

စတုတ္ထတန်းနှင့် အဋ္ဌမတန်းမေးခွန်းများ အချိန်မတိုင်မီပေါက်ကြားမှုနှင့် ပတ်သက်၍ လျှို့ဝှက်လုံခြုံ စွာ ထိန်းသိမ်းမှု မရှိသူများအား အမှုဖွင့်ထားဟုဆို ++++++++++++++++++++++++++++++++++++++++++++ ချောက်၊ ဖေဖော်ဝါရီ ၂၁- မကွေး တိုင်းဒေသကြီး ချောက်မြို့နယ် အ မှတ် (၁၂) ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၄ ရက်ကကျင်းပ ခဲ့သော ၂၀၁၅- ၂၀၁၆ ပညာသင်နှစ် စတုတ္ထတန်း နှင့် အဋ္ဌမတန်းမေးခွန်းများ အချိန် မတိုင် မီ ပေါက်ကြား မှုနှင့်ပတ်သက် ၍ ချောက်မြို့နယ် ပညာရေးမှူးက တရားလိုပြု လုပ်တိုင်ကြားသဖြင့် ချောက်မြို့နယ်ရဲစခန်းမှ နိုင်ငံတော် လျှို့ဝှက်ချက်အက် ဥပဒေဖြင့် ကျောင်း အုပ်ကြီးအဆင့်ရှိသူ ပညာရေးဝန် ထမ်း လေးဦးကို အမှုဖွင့် အရေးယူ ထားကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ မေးခွန်းများကို အချိန်မတိုင်မီ ပေါက်ကြားမှုနှင့်ပတ်သက်၍ ကျောင်း အုပ်ကြီးများဖြစ်ကြသော ဦး---- ၃၆ နှစ် သလုံးသွေး အလက(ခွဲ) အမှတ် (၇)ရပ်ကွက် အုတ်ဖိုရပ် ချောက်မြို့ နယ်၊ ဦး---- ၃၆ နှစ် ထန်စမ်း အလက(ခွဲ) ထန်စမ်းကျေးရွာ ချောက် မြို့နယ်၊ ဦး---- ၃၀ နှစ် အမှတ် (၁၀၉) အလက(ခွဲ) ချောင်းပိုက်ရွာ အမှတ် (၁၂) ရပ်ကွက် ချောက်မြို့နယ်၊ ဒေါ်---- ၅၉ နှစ် ထိန်ကန်အလက (ခွဲ) အမှတ် (၇) ရပ်ကွက် အုတ်ဖိုရပ် ချောက်မြို့နယ် နေသူတို့အား မေး ခွန်းများပေါက်ကြားမှုနှင့် ပတ်သက် ၍ ချောက်မြို့နယ်ပညာရေး မှူး ဒေါ်ကြည်ကြည်ဝင်းက တရားလိုပြု လုပ် တိုင်တန်းမှုပြုလုပ်ထားခြင်းဖြစ်သည်။ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးမင်းဟန်က ''ကျောင်းအုပ် ကြီးအဆင့်ရှိတဲ့ ပညာရေးဝန်ထမ်း လေးဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အမှုဖွင့်အရေးယူထား ပါတယ်။ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက် သွားမှာပါ''ဟု ဒီမိုကရေ စီတူဒေး သို့ ဖေဖော်ဝါရီ ၂၁ ရက် က ပြောသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ချောက်မြို့၊ အမှတ် (၁၂) ရပ်ကွက် ရွှေတွင်း ကုန်းရပ်ကွက်တွင် အဋ္ဌမ တန်း နှင့် စတုတ္ထတန်းမေး ခွန်း လွှာ များ လူမှုကွန် ရက်စာမျက်နှာဖြစ်သော Facebook မှတစ်ဆင့် ပျံ့နှံ့ခဲ့ခြင်း ကြောင့် ပညာရေးမှူး ၏တိုင်ကြားမှု ကြောင့် စုံစမ်း စစ်ဆေးနေခြင်းဖြစ် ကြောင်း၊ တိုင်ကြားခံရသူလေးဦးကို ဖေဖော်ဝါရီ ၂၀ ရက်က မကွေးတိုင်း ပညာရေး မှူး ရုံး က ခေါ်ယူ စစ်ဆေး ခဲ့ ကြောင်း ချောက်မြို့နယ်ရဲစခန်းမှ နယ်ထိန်း ဦးမင်းမင်းစိုးကပြောသည်။ အဆိုပါ ကျောင်းအုပ်ကြီးများ သည် စာမေးပွဲမေးခွန်းလွှာများကို လျှို့ဝှက်လုံခြုံစွာထိန်းသိမ်းစောင့် ရှောက်ရမည့် တာဝန်ရှိသူ များဖြစ် ကြ သော်လည်း မိမိတို့၏သဘောဆန္ဒ အလျောက်ဖွင့်ဖောက်၍ မသက်ဆိုင် သူများထံဖြန့်ဝေခြင်း၊ ပညာရေးဌာန ၏ စာမေးပွဲမေးခွန်းလွှာများကို ထိန်း သိမ်းခြင်းနှင့်ပတ်သက်သော ညွှန်ကြား ချက်များကိုလိုက်နာရန် ပျက်ကွက် ပြီး အချိန်မ တိုင်မီဖြန့်ဝေပေါက်ကြား ခဲ့ခြင်း၊ ရာထူးတာဝန်အလျောက် လျှို့ဝှက် လုံခြုံစွာထိန်းသိမ်းရမည့် မေး ခွန်းများကို အချိန်မတိုင်မီ ဖွင့်ဖောက် ဖြန့်ဝေပေါက်ကြားစေ ခဲ့မှုတို့ကြောင့် ၎င်းတို့အား ချောက်မြို့နယ် ပညာရေး မှူးက တိုင်တန်းမှုပြုလုပ် ခဲ့ခြင်းဖြစ် သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ မကွေး တိုင်းပညာရေးမှူးရုံးသို့ ဆက်သွယ် ရာ ဖုန်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။ ချောက်မြို့နယ် ပညာရေးမှူးရုံးသို့ ဆက် သွယ်မေးမြန်း ရာတွင် မြို့နယ် ပညာရေးမှူးသည် တိုင်းပညာရေးမှူး ရုံးသို့ သွားနေကြောင်း၊ ၎င်း၏ လက် ကိုင်ဖုန်းမှာ ရုံး၌မေ့ကျန်ခဲ့ကြောင်း၊ တိုင်ကြား ခံထားရသူ ကျောင်းအုပ် သုံးဦး၏ဖုန်းများမှာလည်း သိမ်းဆည်း ခံထားရ သည်ဟု ကြားသိကြောင်း ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေ ကြားသည်။ ယင်းကျောင်းအုပ်ကြီးများအား အရေးယူပေးပါရန် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် ချောက် မြို့နယ် ပညာရေး မှူးဒေါ်ကြည် ကြည် ဝင်းက တရားလိုပြုလုပ်တိုင်တန်းသ ဖြင့် ချောက်မြို့နယ် မြို့မရဲစခန်းမှ (ပ)၂၃/၂၀၁၆၊ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ ၅(၁)(က)(ဂ)အရ အရေးယူ မှု ပြုလုပ်ထားကြောင်း သိရသည်။ KMZ, ZZ, TN #Democracytoday

No comments: