မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 22, 2016
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့အစီအစဉ် ======================================= ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမရက်မြောက်နေ့ကို အစီအစဉ် (၁၄)ခုဖြင့် ကျင်းပမည်။
၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ ၂၂ ရက်
-------------------------------------------------
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမနေ့အစီအစဉ်
=======================================
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး နဝမရက်မြောက်နေ့ကို အစီအစဉ် (၁၄)ခုဖြင့် ကျင်းပမည်။
* ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နေရာယူခြင်း၊
* ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သယံဇာတနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီတို့တွင် ပါဝင်မည့်အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ၎င်းကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုလည်းကောင်း၊
ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် ကျန်းမာရေးနှင့်
အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီတို့ ဖွဲ့စည်းကြောင်း ကြေညာခြင်း၊
* ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊
* ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ က ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ဖတ်ကြားတင်ပြခြင်း၊
* ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ပါဝင်ရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည် စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ပြည်သူ့လွှတ်တော်သို့ တင်ပြခြင်း၊
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး နဝမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး ဒသမနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ကြေညာမည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment