မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
မေးခွန်းပေါက်ကြားမှုကို အခြေခံပညာဦးစီးဌာနက တိုက်ရိုက် ကိုင်တွယ်မည်ဟုဆို
မေးခွန်းပေါက်ကြားမှုကို အခြေခံပညာဦးစီးဌာနက တိုက်ရိုက် ကိုင်တွယ်မည်ဟုဆို
Saturday, February 20, 2016
မကွေးတိုင်းဒေသကြီးတွင် ယခုရက်ပိုင်းအတွင်း ကျောင်းသားမိဘများအကြား ဟိုလေးတကျော်ကျော်ဖြစ်နေသော အဌမတန်း အတန်းတင် တိုင်းမေးခွန်း ဖြေဆိုကြရာတွင် မေးခွန်းပေါက်ကြားမှုများ ရှိခဲ့သောကြောင့် အဆိုပါကိစ္စကို အခြေခံပညာဦးစီးဌာနက တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦးက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က News Watch သို့ ပြောကြားသည်။
‘’ကျွန်တော်တို့ လောလောဆယ် ဘာမှပြောလို့မရသေးပါဘူး။ ဒါတွေကို တိုင်းအဆင့်နဲ့ ထုတ်မပြောဖို့လည်း အခြေခံပညာဦးစီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ အသေးစိတ်ကို အခြေခံပညာဦးစီးဌာနကိုသာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်‘’ ဟု အဆိုပါ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပြသည်။
ယင်းမေးခွန်းပေါက်ကြားမှုတွေက စတုတ္ထတန်းခရိုင်စစ်မေးခွန်းနဲ့ အဌမတန်း တိုင်းစစ်မေးခွန်းအဖြစ် စတင်ပြောင်းလဲစစ်ဆေးခဲ့သော ၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကတည်းက ကျေးရွာများပါအကျန် မေးခွန်းပေါက်ကြားခဲ့သည်ဟု စလင်းမြို့နယ်ပညာရေးမှူးရုံးမှ အရာထမ်းတစ်ဦးက ပြောပြသည်။ မေးခွန်းပေါက်ကြားမှုမရှိအောင် သက်ဆိုင်ရာ ကျောင်းအုပ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ရှေ့မှောက်တွင် မေးခွန်းလွှာများကို သေတ္တာထဲထည့် သော့ခတ်ပြီး ပေးလိုက်ခြင်းသည်ဟု ယင်းကပြောဆိုသည်။
စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment