Sunday, February 7, 2016

စီးရီးအေပွဲစဉ် (၂၄) လက်ကျန်ပွဲများ အကြို သုံးသပ်ချက်

စီးရီးအေပွဲစဉ် (၂၄) လက်ကျန်ပွဲများ အကြို သုံးသပ်ချက် - - - - - ဗီရိုနာ နှင့် အင်တာမီလန် (တနင်္ဂနွေ ညနေ ၆း၀၀ နာရီ) - - - - - - ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပထမဆုံးနိုင်ပွဲရသွားတဲ့ ဗီရိုနာရဲ့ ခြေစွမ်းကို သတိထားရပါမယ်။ အင်တာမီလန်ရဲ့ (၁-၀)ရစ်သမ်လည်း ပျက်သွားပါပြီ။ တိုက်စစ်က ဂိုးတွေ သိပ်မရဘူး။ ခံစစ်က ဂိုးတွေ ပုံမှန်ပေးနေရ တယ်။ လက်ရှိရလဒ်က အသင်းရဲ့ လူအင်အားနဲ့ ယှဉ်လိုက်ရင် စိတ်ပျက်စရာဖြစ်နေတာတော့အမှန်ပဲ။ ကစားခွင့်ရသင့်တဲ့သူ တွေမရဘဲ၊ ခြေမငြိမ်တဲ့သူတွေက နေရာမြဲနေတာလည်း တော် တော်ဆိုးပါတယ်။ ဒီအတိုင်းဆိုရင် သရေခံကစားတာကောင်း နေတဲ့ ဗီိရိုနာဆီက (၃)မှတ်ရဖို့ မရှိပါဘူး။ နာပိုလီ နှင့် ကာပီ (တနင်္ဂနွေည ၈း၃၀ နာရီ) - - - - - - နာပိုလီခြေပျက်တာနဲ့ စီးရီးအေပြိုင်ပွဲက စိတ်လှုပ်ရှားစ ရာ ကုန်ဆုံးသွားလိမ့်မယ်။ ဂျူဗင်တပ်စ်တစ်သင်းထဲကို လွှတ် ပေးလိုက်ရသလိုဖြစ်သွားလိမ့်မယ်။ နာပိုလီကိုယ်တိုင်လည်း ဂျူဗင်တပ်စ်ရဲ့ ဖိအားဒဏ်ကို ခံနေရတယ်။ တစ်ချိန်ထဲမှာ သူ တို့အတွက် အားလည်းဖြစ်နေတယ်။ ဒါကြောင့် နိုင်သင့်တဲ့ပွဲတွေ ဆိုဂိုးမိုးရွာနေတာပါ။ ဒီပွဲလည်း အနည်းဆုံး နှစ်ဂိုးပြတ်မယ်။ တိုရီနို နှင့် ချီယေဗို (တနင်္ဂနွေည ၈း၃၀ နာရီ) - - - - - တိုရီနိုက အိမ်ကွင်းမှာ (၁၉)မှတ်ယူထားတယ်။ နောက် ပိုင်းပွဲတွေမှာတော့ နည်းနည်းလေး ကျရိပ်ပြလာတယ်။ ချီယေ ဗိုက အရင်နှစ်တွေလိုပဲ အဝေးကွင်းမှာ မထင်တာတွေလုပ်ပြ နေတုန်းပဲ။ နိုင်ပွဲတစ်ပွဲရဖို့ခက်နေတဲ့ တိုရီနိုအတွက် ချီယေဗိုက မထင်တာတွေလုပ်ပြသွားနိုင်တယ်။ ဘိုလော့ဂ်နာကိုအနိုင်က စားခဲ့သလိုပေါ့။ တိုရီနိုမနိုင်လောက်ဘူး။ ဖရိုဆီနိုနီ နှင့် ဂျူ ဗင်တပ်စ် (တနင်္ဂနွေည ၈း၃၀ နာရီ) - - - - ဒီအချိန်မှာ ဂျူဗင်တပ်စ်ဆီက အမှတ်ယူချင်ရင် အိမ် ကွင်းမှာပဲ စဉ်းစားသင့်တယ်။ ဒါပေမဲ့ အိမ်ကွင်းဖြစ်နေတယ်ဆို ရင်တော့ ဒီအသင်းဟာ အင်ပြည့်အားပြည့်နဲ့ တကယ်မာကျော ကျစ်လျစ်တဲ့အသင်းဖြစ်ရပါလိမ့်မယ်။ ကျန်တာကတော့ ကိုယ် ပိုင်တာ ဘာမှမရှိပါဘူး။ ဂျူဗင်တပ်စ်ပေးသလောက်ပဲ ရမှာပါ။ စီးရီးအေမှာ အိမ်ကွင်းဖြစ်နေတာတောင် ဂျူဗင်တပ်စ်ဆီက အ မှတ်မျှော်လင့်နိုင်ချေရှိတဲ့အသင်းကလည်း (၃၊ ၄) သင်းထက် မပိုသလိုဖြစ်နေပါတယ်။ ဒီအထဲမှာ ဖရိုဆီနိုနီ လုံးဝမပါပါဘူး။ အဝေးကြီးမှာပါ။ ဂျူဗင်တပ်စ် သေချာပေါက်နိုင်ဦးမှာပဲ။ အနည်းဆုံး (၂)ဂိုးတော့ သွင်းဦးမှာပါပဲ။ ဆာဆူအိုလို နှင့် ပါလာမို (တနင်္ဂနွေည ၈း၃၀ နာရီ) - - - - - ဆာဆူအိုလိုရဲ့ အိမ်ကွင်းရလဒ်က သာမန်ပဲ ရှိတယ်။ အိမ် ကွင်းသိပ်မကောင်းဘူးလို့တောင် ပြောလို့ရတယ်။ အမှတ်ပေး ဇယားမှာ ဒီအဆင့်နဲ့ ရပ်တည်နေတာက တခြားအသင်းတွေ ထက် အဝေးကွင်းမှာ အမှတ်ပိုယူနိုင်လို့ပါ။ ပါလာမိုက ရလဒ် တွေမဆိုးဘူး။ ဒါပေမဲ့ ခံစစ်ပြဿနာရှိတယ်။ ဆာဆူအိုလို ကပ် နိုင်ဖို့များတယ်။ (၂-၁)ကိုကြိုက်တယ်။ အေစီမီလန် နှင့် အူဒီးနီးစ် (တနင်္ဂနွေည ၈း၃၀ နာရီ) - - - - - - ဒီပွဲ မနိုင်ရင် အင်တာမီလန်ကို ဆန်စီရိုမှာ အေစီမီလန် ဂိုးပြတ်သွင်းထားတာ အလကားဖြစ်သွားလိမ့်မယ်။ အေစီမီလန် ရဲ့ခြေက အဲဒီလောက် မညံ့ပါဘူး။ အိမ်ကွင်းအကောင်းဆုံး (၅)သင်းလောက်ထဲမှာ သေချာပေါက်ပါနိုင်တယ်။ အူဒီးနီးစ်လို အသင်း မျိုးဆီက (၃)မှတ်ယူဖို့ ခက်မယ်မထင်ဘူး။ အေစီမီလန် (၂-၀၊ ၃-၁)လောက်နဲ့ နိုင်မယ်ထင်တယ်။ အတ္တလန်တာ နှင့် အမ်ပိုလီ (တနင်္ဂနွေည ၁၁း၃၀ နာရီ) - - - - - အမ်ပိုလီလည်း တဖြည်းဖြည်းကျလာတာ ဇယားအ လယ်နားကို ရောက်လာတယ်။ ရလဒ်တွေက မကောင်းဘူး။ ခြေစွမ်းကလည်း အရင်လို မမာတော့ဘူး။ ကံမလိုက်တာလည်း ပါတယ်။ အတ္တလန်တာကတော့ သရေတွေချည်းလှိမ့်ကန်နေ တယ်။ ခြေစွမ်းကတော့သာမန်ပါပဲ။ ဒီပွဲလည်း သရေကျဦးမယ် ထင်တယ်။ အနိုင်ဆိုရင်တော့ အမ်ပိုလီကိုအလှည့်ပြန်ပေးမယ်။ ရိုးမား နှင့် ဆမ်ဒိုးရီးယား (တနင်္လာနေ့ နံနက် ၂း၁၅ နာရီ) - - - - - စပယ်လက်တီလက်ထက်မှာ ရိုးမားက ထူးပြီးကောင်းလာ တယ်လို့တော့ မထင်ပါဘူး။ ဒါပေမဲ့ ကြွေတက်လာတယ်။ အ ပြောင်းအလဲလေးဖြစ်သွားတယ်။ အယ်လ်ရှာရာဝီကလည်း ရိုး မားကို ရောက်တာနဲ့ ဂိုးတွေဆက်တိုက်သွင်းနေတယ်။ ဆမ်ဒိုးရီးယားစုတ်ပြတ်နေပုံနဲ့ စပယ်လက်တီအတွက်နိုင်ပွဲနောက်တစ်ပွဲပါ။

No comments: