Saturday, February 20, 2016

အခု လွှတ်တော်ကြီးထဲမှာ နိုင်ငံခြားသားတွေ ဝင်ရှူပ်ရှက်ခက်ပြီး ခြေရှုပ်နေတာကို ဒီလို ခေတ်ကြီးထဲမှာ မမြင်ချင်ဘူး။. အဲ့ဒီ

အခု လွှတ်တော်ကြီးထဲမှာ နိုင်ငံခြားသားတွေ ဝင်ရှူပ်ရှက်ခက်ပြီး ခြေရှုပ်နေတာကို ဒီလို ခေတ်ကြီးထဲမှာ မမြင်ချင်ဘူး။.   အဲ့ဒီ        နိုင်ငံသားတစ်ယောက်ရဲ့ ဥပဒေကင်းလွတ်တဲ့ အမြင် သဘောထားကို ဒီမို တချို့က ဒီလိုပြန်ဖြေပါတယ်..အဲ့ဒီနိုင်ငံခြားသားလောက် မင်းသောက်ဆင့်ရှိလို့လား..ပညာတတ်လို့လား..အဲ့ဒီ နိုင်ငံခြားသားလို ပညာတတ်မှ မင်း ဝေဖန်ပါလို့ လည်း မဆိုင်တာတွေ ပြန်ပြောတယ် ...အာ့ဆို လွှတ်တော်ထဲကတချို့အမတ်တွေ ထက် ပညာတတ်တဲ့သူတွေ ပြည်သူထဲမှာ ရိုက်သတ်လို့ မကုန်အောင်ရှိနေတာကိုမေ့နေပုံရတယ် ...ဝေဖန်လေကန်တယ် ဆိုတာ ပညာတတ်မှ ပညာရည်တန်းတူမှ လုပ်လို့ရတာမျိုးမဟုတ်ဘူးဆိုတာကို  ဒီမိုလေးတွေ သိကြပုံမရဘူး..ဒီမိုကရေစီနိုင်ငံတိုင်းမှာ  ဘောင်လွတ်သော လွတ်လပ်စွာ ထင်မြင်ပြောဆိုရေးသားခွင့် လွတ်လပ်စွာ  ထင်မြင်ခွင့် freedom of speech နဲ့ freedom of thought ဆိုတာတွေဟာ  နိုင်ငံသားတိုင်းရဲ့ မူလ အခွင့်အရေး civil rights ဖြစ်တယ်။ အမေရိကန် ခေါင်းဆောင်တွေ အိမ်ဖြူတော်က ဆုံးဖြတ်ချက်တွေ ကို  ထောက်ပြဝေဖန်နေတဲ့ opinion page တွေမှ အွန်လိုင်းမှာ တပုံကြီး..သူတို့ဟာ အမတ်တွေမဟုတ်ကြဘူး..အိမ်ဖြူတော်ထဲက အကြံပေးတွေမဟုတ်ကြတာတော့သေချာတယ်။      အမေရိကန် လွှတ်တော်ကြီးကလည်း အိမ်ဖြူတော်ထဲက ဆုံးဖြတ်ချက်တွေနဲ့ လွှတ်တော်ကြီးရဲ့ လုပ်ငန်းစဉ်တွေကို ဒီလို မဝေဖန်ကြဖို့ ပြည်သူလူထုကြီး အတွက် သတိထားဆင်ခြင်ကြဖို့ လွှတ်တော်ကြီးရဲ့ သိက္ခာတွေကျမှာဆိုးလို့ သတိပေးစာဆန်ဆန် မဝေဖန်ကြပါနဲ့လို့ စာတစ်တန် ပေတစ်တန် ကြေငြာချက်မထုတ်တာကတော့ ရာနှူန်းပြည့်သေချာတယ် ... မနှစ်က အစ္စ္စရေး ခေါင်းဆောင်နေတန်ရာဟု တစ်ယောက် အမေရိကန်လွှတ်တော်ထဲမှာ ပါလက်စတိုင်းနဲ့ဖြစ်နေတဲ့ စစ်ပွဲအတွက် သူ့ဘက်ကပါဝင်ကြဖို့ စည်းရုံးပြောဆိုခဲ့တာမှာ အမေရိကန်အမတ်တွေက သူတို့နိုင်ငံအချူပ်အခြာအာဏာ အတွင်း ဒီလို ရဲရဲတင်းတင်းပြောရပါ့မလားဆိုပြီး သောက်ပစ်တွေဝိုင်းတင်လိုက်ကြကတာများဝက်ဝက်ကွဲပဲ..။ ဒါတောင် အစ္စ္စရေးခေါင်းဆောင်ဟာ နံမည်ပျက်လုံးဝမရှိတဲ့ ခေါင်းဆောင်နော် ..အခုမြန်မာ့လွှတ်တော်ထဲရောက်နေတဲ့ အဖော်အချွတ်ဒါ့ပုံတွေ နဲ့ နံမယ်ကြီးခဲ့တဲ့  ဟောင်ကောင်အမတ်လို မဟုတ်ဘူးနော်..ဟဲဟဲ

No comments: