မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 21, 2016
ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး မောင်းနှင်လာသည့်ယာဉ် ကန်ကြီးထောင့်မြို့နယ် လမ်းနံဘေးရှိ ထန်းပင်ကို ၀င်တိုက်ပြီး ရဲတပ်ဖွဲ့မှူး သေဆုံး
ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး မောင်းနှင်လာသည့်ယာဉ် ကန်ကြီးထောင့်မြို့နယ် လမ်းနံဘေးရှိ ထန်းပင်ကို ၀င်တိုက်ပြီး ရဲတပ်ဖွဲ့မှူး သေဆုံး
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် ပုသိမ်ခရိုင် ဒုတိယရဲမှူးကြီး ဇော်ဝင်းကျော်မှာ ခဲရောင် Surf အမျိုးအစားကားအား မြောင်းမြ-ကန်ကြီးထောင့်-ပုသိမ်ကားလမ်းအတိုင်း ၎င်းကိုယ်တိုင် မောင်းနှင်လာစဉ် ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် တလိုင်စုကျေးရွာ တာတဇံ တံတားအနီး မိုင်တိုင်အမှတ် ၁၉ မိုင် ၂/၃ ဖာလုံအကြားတွင် အရှိန်လွန်ကာ ယာဘက်လမ်းနံဘေးရှိ ထန်းပင်အား ၀င်ရောက်တိုက်မိရာ ဖူးရောင်ညိုမည်း ဒဏ်ရာတစ်ချက်၊ ၀ဲဘက်ပါးတွင် ပွန်းပဲ့ဒဏ်ရာ တစ်ချက်၊ ၀ဲဘက်မျက်လုံးဒေါင့်တွင် ညိုမည်းဒဏ်ရာ တစ်ချက် ရရှိခဲ့ကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ် အနီးတွင် ရောက်ရှိလာသော မော်တော်ယာဉ် တစ်စင်းဖြင့် ဒုတိယရဲမှူးကြီးနှင့် ယာဉ်ပေါ်တွင် ခရီးလမ်းကြုံ လိုက်ပါလာသူတို့အား ခရီးလမ်း အနီးဆုံးရှိ မြောင်းမြပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ရာတွင် ပြည်သူ့ဆေးရုံကြီး အရောက်၌ ဒုတိယရဲမှူးကြီးမှာ သေဆုံးသွားခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လမ်းကြုံလိုက်ပါလာသူ အမျိုးသမီးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
"ကားတိုက်မိတဲ့ နေရာမှာက အက်စ်ကွေ့လိုဖြစ်နေတာ၊ လမ်းချော်သွားတယ် ထင်တယ်ဗျ၊ ဒဏ်ရာတွေက မများပေမယ့် ရောဂါ အခံရှိလို့လား မသိဘူး အခုလို ဖြစ်သွားတာပါ" ဟု ဒုတိယ ရဲမှူးကြီး၏ ယာဉ်တိုက်မှု ဖြစ်စဉ်ကို လိုက်လံကူညီပေးခဲ့သူ တစ်ဦးက ဆိုသည်။ ဒုတိယရဲမှူးကြီး ဇော်ဝင်းကျော်မှာ ပုသိမ်ခရိုင် အတွင်းရှိ နယ်မြေရဲစခန်းများကို လိုက်လံစစ်ဆေးနေစဉ် ယင်းကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားကာ အသက်ဆုံးပါးရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment