မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, February 18, 2016
ရှမ်းမြောက်လားရှိုးနှင့် နမ့်ဆန်သို့ပြေးဆွဲသော ယာဉ်လိုင်းများတွင် ခရီးသည် ပုံမှန်ပြန်လည်ရရှိ ----- ----- -----
ရှမ်းမြောက်လားရှိုးနှင့် နမ့်ဆန်သို့ပြေးဆွဲသော ယာဉ်လိုင်းများတွင် ခရီးသည် ပုံမှန်ပြန်လည်ရရှိ
----- ----- -----
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့တွင် မီးစတင်လောင်သည့် အချိန်မှ ငါးရက်ခန့်အထိ လားရှိုးနှင့် နမ့်ဆန်သို့ ပြေးဆွဲသည့် ယာဉ်လိုင်းများမှာ ခရီးသည်နှင့် ကုန်ပစ္စည်းသယ်ဆောင်မှု နည်းပါးခဲ့ကြပြီး ယခုရက်ပိုင်းတွင်
ပုံမှန် ပြန်လည် ပြေးဆွဲနေရကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။
နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီ ၄ ရက်က လောင်ကျွမ်းခဲ့သော မီးကြောင့် လားရှိုး-နမ့်ဆန် ပြေးဆွဲနေသော ခရီး သည်တင်ယာဉ်နှင့် ကုန်စည်သယ်ဆောင်မှုများမှာ သွားလာမှုနည်းပါးခဲ့ရပြီး ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်းမှ စ တင်ကာ ယာဉ်လိုင်းများ ပုံမှန်အတိုင်း
ပြန်လည်ပြေးဆွဲ နေကြောင်း သိရသည်။
“ မီးစလောင်ပြီးတဲ့ နောက်ပိုင်း လေးငါးရက်လောက်တော့ ရပ်သွားတဲ့ပုံ
ဖြစ်သွားတယ်။ သွားလာနေဖို့ အကြောင်း မရှိ ဖြစ်နေတာပေါ့။ မီးလောင်ပြီး နောက်ပိုင်းမှာတော့ ခရီးသည်လည်း မရှိ၊ ကုန်ပစ္စည်းလည်း မရှိ အရမ်းပါးသွား ပါတယ်။ အခုတော့ ပုံမှန်ပြန်ဖြစ်နေပါပြီ ’’ဟု ငြိမ်းချမ်းအောင် ခရီးသည်နှင့် ကုန်ဂိတ်ပိုင်ရှင်
ဒေါ်ယဉ်ယဉ်နွယ်က ပြောသည်။
နမ့်ဆန်မြို့တွင် မီးလောင်ပျက်စီးသွားသည့် နေရာများမှာ နမ့်ဆန်မြို့၏ ကုန်ပစ္စည်းများ သိုလှောင်ထားသည့် နေရာနှင့် ကုန်စုံဆိုင်များ
ရောင်းချရာ နေရာများ ဖြစ်သောကြောင့် လားရှိုး-နမ့်ဆန် ပြေးဆွဲ
နေသော ယာဉ်လိုင်းများမှာ လေးငါးရက်ခန့် ရပ်တန့်သွားခဲ့ရခြင်း
ဖြစ်ကြောင်း ဒေသခံ ယာဉ်လိုင်းများထံမှ သိရသည်။
“ ဒီရက်ပိုင်းကတော့ ကြက်သွန်ဖြူနီ၊ တစ်ကိုယ်ရေသုံး
ပစ္စည်းတွေ၊စားသောက်ဖို့ ကုန်ခြောက်တွေ အဓိက တင် ပို့ပေးနေ ရပါတယ်။ နမ့်ဆန်က အပြန်ကတော့ လူလောက်ပဲတင်လာရပါတယ်။ ဘာကုန်မှမရှိပါဘူး ” ဟု ယာဉ်မောင်း ကိုအိုက်ကျော်က ပြောသည်။
လားရှိုး-နမ့်ဆန်သို့ ကားဂိတ်နှစ်ခုဖြင့် ပုံမှန်အချိန်အတိုင်း ပုံမှန်ဈေးနှုန်းဖြင့် ပြေးဆွဲလျက်ရှိပြီး မီးမလောင်ခင် အချိန်က ခရီးသည်နှင့် ကုန်ပစ္စည်းများ အပြည့်ဖြင့် သွားလာနေရသော်လည်း မီးလောင်ပြီး
နောက်ပိုင်းတွင် လားရှိုးမြို့မှ ခရီးသည်နှင့် ကုန်စည်အနည်းငယ် သွားလာမှုရှိပြီး အပြန်တွင်ကုန်ပစ္စည်းတင်ပို့ခြင်းမရှိကြောင်း သိရသည်။
သတင်း - MMK
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment