မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, February 2, 2016
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသူ ၆၀ ဦး ပြည်တော်ပြန်ခွင့်ရ
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံထားရသူ ၆၀ ဦး ပြည်တော်ပြန်ခွင့်ရ
Tuesday, February 2, 2016
မလေးရှားနိုင်ငံ Belantik လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၆၀ ဦးကို ဇန်န၀ါရီလ ၁ ရက်နေ့က မြန်မာ့လေကြောင်းဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ယနေ့ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
မြန်မာ သံရုံးဝန်ထမ်းများက Belantik လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ သွားရောက်တွေ့ဆုံ စိစစ်ခဲ့သည့်အနက် ကျန်းမာ ရေး ချို့ယွင်းသူ ၂ ဦး၊ အသက်အရွယ်ကြီးရင့်သူ ၄ ဦး၊ အသက် ၁၈ နှစ်အောက် လူငယ် ၃ ဦး၊ ထိန်းသိမ်းရေးစခန်းတွင် ကာလ ကြာ ရှည်ထိန်းသိမ်းခံထားရသူ ၂ ဦး၊ မှတ်ပုံတင် အထောက်အထားများ တင်ပြနိုင်သူ ၈၅ ဦး စသည်ဖြင့် စုစုပေါင်း ၉၆ ဦးတို့အနက် ၆၀ ဦးကို ပြန်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
တချို့မှာ မလေးရှား လ.၀.က အမှုများ မပြီးဆုံးသေးခြင်းနှင့် အခက်အခဲတချို့ကြောင့် အားလုံးကို တပြိုင်နက်တည်း ပြန်မပို့နိုင်သေး ကြောင်း၊ ၎င်းတို့နှင့်အတူ Bukit Jalil Camp မှ အမျိုးသား ၁၀ ဦးကိုလည်း ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၎င်းတို့အားလုံးထဲမှ ကျန်းမာရေး ချို့ယွင်းသူ ၅ ဦးအတွက် လေယာဉ်စရိတ်ကို သံရုံးမှ စိုက်ထုတ်ကူညီပေးခဲ့ကြောင်းလည်း သိရသည်။
ပုံစာ - မလေးရှားလေဆိပ်တွင်တွေ့ရသည့် ပြည်တော်ပြန်မည့် မြန်မာနိုင်ငံသားများ
(ဓာတ်ပုံ - မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဖေ့စ်ဘုတ်)
ထွန်းထွန်း/ဧရာဝတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment