မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 22, 2016
လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးအနီး ပေါက်ကွဲမှုများကြောင့် ဒေသခံများ သွားလာရေးစိုးရိမ်
လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးအနီး ပေါက်ကွဲမှုများကြောင့်
ဒေသခံများ သွားလာရေးစိုးရိမ်
Monday, February 22, 2016
လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးရှိ နမ့်ဖက်ကာကျေးရွာ အနီးတွင် ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ဒေသခံများလမ်းပိတ်ဆို့မှုများ
ဖြစ်ပေါ်နေရပြီး လမ်းခရီးသွားလာရန်လည်း စိုးရိမ်နေရကြောင်း လားရှိုးမြို့ဒေသခံများက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၉ရက်နေ့ ည ၁၁နာရီကျော်ခန့်က လားရှိုးမြို့ ၉မိုင်ခန့်အကွာတွင် ကားတန်းများအနီး လက်နက်ကြီးကျ ပေါက်ကွဲခဲ့ပြီး လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည့် အတွက် ယခုကဲ့သို့ စိုးရိမ်နေကြခြင်း
ဖြစ်ပြီး နမ့်ဖက်ကာကျေးရွာ ပြည်ထောင်စု လမ်းမကြီးအနီး TNLAက လုံခြုံရေးယူထားသည့်အတွက်လည်း ယင်းသို့ လမ်းပိတ်ဆို့ရခြင်း
ဖြစ်ကြောင်း အဆိုပါဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ ဘယ်သူလက်ချက်ဆိုတာ မပြောနိုင်ဘူး။ အခုတိုက်ပွဲတွေ ပြန်ဖြစ်နေတယ်။
အရင် သုံးနာရီလောက်ပဲသွားရတဲ့ခရီးက ခုက လုံခြုံရေးတွေလည်း ချထားတော့ လမ်းကြပ်တာတွေလည်းရှိတယ်။ သူတို့ အချင်းချင်း
ဖြစ်ရင်တောင် ခရီးသွားတွေ ဒေသခံတွေ ထိခိုက်မှာစိုးလို့ မူဆယ်ဘက်သွားစရာရှိတာတောင် မသွားရဲဘူး”ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ဆိုသည်။
ယခင်က မူဆယ်မှ လားရှိုးသို့ သုံးနာရီခန့်သာ သွားရောက်ရပြီး လက်ရှိတွင် ကားလမ်းပိတ်ဆို့မှုများကြောင့် အချိန်များစွာစောင့်ဆိုင်းရသည်များလည်း ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
“ပေါက်ကွဲမှုတွေတော့ ဖြစ်နေတယ်။စစ်ပွဲဖြစ်တာတော့ မရှိပါဘူး။
လောလောဆယ်တော့ပေါက်ကွဲမှုတွေကြောင့်ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံတင်ထားရသေးတယ်။မစိုးရိမ်ရပါဘူး။ အမှုဖွင့်အရေးယူတာတွေ
လောလောဆယ်တော့ မလုပ်ရသေးပါဘူး”ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၁နာရီ မိနစ် ၃ဝ ခန့်က လားရှိုး - မူဆယ်
ပြည်ထောင်စုလမ်း လားရှိုးအထွက် ၉ မိုင်တွင် တပ်မတော်ယာဉ်
ဖြတ်သန်းပြီးစဉ် လက်နက်ကြီးကျရောက်မှုကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့်ခရီးသည်တစ်ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ချင်းရွှေဟော် ၁၂မိုင်ကုန်းဆင်းဘက်တွင်လည်း ဆွဲမိုင်း သုံးလုံးပေါက်ကွဲ ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment