မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 22, 2016
အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန်ရှိဟု ဒီချုပ်ဗဟိုပြန်ကြားရေးကော်မတီဝင်ပြော
အစိုးရသစ်လက်ထက်တွင် နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန်ရှိဟု ဒီချုပ်ဗဟိုပြန်ကြားရေးကော်မတီဝင်ပြော
Monday, February 22, 2016
အစိုးရသစ်လက်ထက် တွင် အစိုးရပိုင်ရုပ်သံနှင့် သတင်း စာများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော် မတီဝင် မုံရွာအောင်ရှင်ကပြော သည်။
‘‘အင်န်အယ်လ်ဒီရဲ့မူအရ ကတော့ အစိုးရပိုင်မီဒီယာဆိုတာ မရှိဘူး။ အစိုးရအာဘော်တွေပဲ ထုတ်လွှင့်တာ မဖြစ်စေရဘူး။ လက်ရှိအစိုးရပိုင် ရုပ်သံတွေ၊ သတင်းစာတွေကို ပုဂ္ဂလိကပိုင် လုပ်ဖို့ ရှိပါတယ်။ ဒါမှမဟုတ် လည်း ဖက်စပ်လုပ်တာတို့၊ အဲဒီ မီဒီယာတွေကို အများပိုင်လုပ်တာ တို့ကိုလည်း စဉ်းစားရမှာပေါ့’’ ဟု မုံရွာအောင်ရှင်ကပြောသည်။
ဒီချုပ်က လက်ရှိထုတ်ဝေ သော ဒီလှိုင်းစာစောင် တာဝန်ခံ အယ်ဒီတာလည်းဖြစ်သည့် မုံရွာ အောင်ရှင်က ဖေဖော်ဝါရီ ၂၁ရက်တွင် နိုဗိုတယ်ဟိုတယ်၌ ကျင်း ပသော မီဒီယာအဖွဲ့များစွာပါဝင် သည့် မြန်မာ့မီဒီယာဖွံ့ဖြိုးရေး ဆွေးနွေးပွဲတွင် ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
အစိုးရပိုင်မီဒီယာများကို ပုဂ္ဂလိကပိုင်ပြုလုပ်မည်ဖြစ်သော် လည်း အစိုးရ ထုတ်ပြန်ကြေညာ ချက်များ၊ မူဝါဒများကို ထုတ်ပြန် မည့် အခြားလမ်းကြောင်းများကို လည်း ထားရှိမည်ဖြစ်ကြောင်း မုံရွာအောင်ရှင်ကဆိုသည်။ ထို့ အပြင် ပုဂ္ဂလိကမီဒီယာများမှတစ် ဆင့် ထုတ်ပြန်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
‘‘ပုဂ္ဂလိကပိုင်လုပ်ဖို့ နှစ်မျိုး ရှိတယ်။ လုပ်ငန်းရဲ့ အတိုင်းအ တာအပေါ်မှာမူတည်တယ်။ လုပ် ငန်းကကြီးရင်လည်း ချက်ချင်း လုပ်လို့မရဘူး။ ခြေနိုင်၊ လက်နိုင် ပမာဏဆိုရင်တော့ ချက်ချင်းလုပ် လို့ရတာပေါ့။ ဥပမာ အစိုးရ သ တင်းစာနှစ်စောင်ရှိတယ်။ အဲဒီမှာ အလုပ်သမားက အများကြီးပဲ။ အဲဒီမှာ အခြေခံအဆောက်အအုံ တွေရှိတယ်။ အဲဒါကို ချက်ချင်းလွှဲ ပြောင်းယူလို့တော့ မရဘူး’’ဟု မုံရွာအောင်ရှင်ကဆိုသည်။
နိုင်ငံပိုင်မီဒီယာများကို ပုဂ္ဂ လိကပိုင်ပြုလုပ်ခြင်းဖြင့် ပုဂ္ဂလိက အစုရှယ်ယာများ ဖိတ်ခေါ်ပြီး အ များပိုင်မီဒီယာ ပြုလုပ်ခြင်းကို လည်း စဉ်းစားသင့်ကြောင်း သ တင်းမီဒီယာကောင်စီအတွင်းရေး မှူး ဦးသီဟစောက ယင်းဆွေးနွေး ပွဲတွင် အကြံပြုခဲ့သည်။ နိုင်ငံပိုင်သတင်းမီဒီယာအချို့ကို အများ ပိုင်ပြုလုပ်ပြီး တစ်ပြိုင်တည်းတွင် ပုဂ္ဂလိကမီဒီယာများကိုလည်း ရုပ် သံနှင့် ရေဒီယိုထုတ်လွှင့်မှုများ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုသင့် ကြောင်း ဦးသီဟစောကပြော သည်။
အစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာနကိုပင် သီးခြားထားရန် (သို့မဟုတ်) အခြားဝန်ကြီးဌာနများနှင့် ပေါင်းလိုက်ရန်ကိုမူ မဆုံးဖြတ်ရသေးကြောင်း မုံရွာအောင်ရှင်က ပြောသည်။
‘‘ပြန်ကြားရေးကို တခြားဝန် ကြီးဌာနတွေနဲ့ ပေါင်းလုပ်လို့ရ တယ်။ သမ္မတရုံးရဲ့ လက်အောက် မှာ ထားလို့ရတယ်။ ပြည်ထောင်စု အစိုးရအဖွဲ့မှာလည်း ထားလို့ရ တယ်။ ဒါကတော့ ကြိုက်သလို လုပ်လို့ရတာပေါ့။ ဘယ်လိုလုပ် မယ်ဆိုတာတော့ ပါတီခေါင်း ဆောင်တွေ မဆုံးဖြတ်ရသေးပါ ဘူး’’ဟု ၎င်းကဆိုသည်။
တပ်မတော်ပိုင်မီဒီယာများ ဖြစ်သည့် မြ၀တီရုပ်သံနှင့် စာပေ ထုတ်လုပ်ရေးလုပ်ငန်းများမှာမူ လတ်တလောတွင် ၎င်းတို့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း မုံရွာ အောင်ရှင်ကဆိုသည်။
လက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနက ဦးဆောင်ရေးဆွဲ ထားသည့် ရုပ်သံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပေ။ အဆိုပါဥပဒေကို မ ပြဋ္ဌာန်းသေးမီစပ်ကြား အစိုးရနှင့် ဖက်စပ်လုပ်ကိုင်နေသည့် ရုပ်သံ မှတစ်ပါး ပုဂ္ဂလိကရုပ်သံလိုင်းများ ပြုလုပ်ခွင့်မရှိကြောင်း ပြန်ကြား ရေးတာဝန်ရှိသူများက ပြောကြား ထားသည်။
ဖေဖော်ဝါရီ ၂၁ ရက် (တနင်္ဂနွေနေ့)က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော မီဒီယာဖွံ့ဖြိုးရေးဆွေးနွေးပွဲ (ဓာတ်ပုံ−ကျော်ဇင်သန်း)
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment