Monday, February 22, 2016

အွန်လိုင်းပေါ် သမီးရည်းစားထားခြင်းနှင့် ပြည်သူ့အသံ

အွန်လိုင်းပေါ် သမီးရည်းစားထားခြင်းနှင့် ပြည်သူ့အသံ Monday, February 22, 2016 မကြာသေးမီရက်ပိုင်းက လူစည်ကားရာ ပြည်လမ်း တော်ဝင်စင်တာကဲ့သို့ နေရာမျိုးတွင် အမျိုးသမီး ငယ်တစ်ဦးကိုအွန်လိုင်းမှ ခင်မင်သည့် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့သည်။ ယင်းမတိုင်မီကလည်း လူမှုကွန်ရက်တွင် တွေ့ဆုံရာမှ ချစ်သူရည်းစားများဖြစ်ခဲ့သည့် မော်ဒယ်အမျိုးသားနှင့် နည်းပညာတက္ကသိုလ်ကျောင်းသူတို့ လက်ထပ်ရန် ညှိနှိုင်းရာမှ အဆင်မပြေသဖြင့် အမျိုးသားက အမျိုးသမီးကို လည်ပင်းညှစ်သတ်၍ အလောင်းဖျောက်ဖျက်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။ထို့အပြင် ပြီးခဲ့သည့် နှစ်တစ်နှစ်အတွင်း ချစ်သူရည်းစားချင်း အဆင်မပြေရာမှ အမျိုးသမီးများ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်၍ သတ်ဖြတ်သည်အထိဖြစ်ပွားခဲ့သော အမှုအခင်းများ ဆယ်မှုထက်မနည်းရှိခဲ့ရာလူငယ်ထုကြား အဖြစ်များလာသည့် ယခုကဲ့သို အကြမ်းဖက်သတ်ဖြတ်ခံရသော အမှုအခင်း များ လျော့နည်းစေရေးနှင့် အမျိုးသမီးများ အွန်လိုင်းမှတစ်ဆင့် ချစ်သူရည်းစားထားခြင်းအပေါ် သတိပြုစရာတို့ကို ပြည်သူ့အသံအဖြစ် စုစည်းဖော်ပြလိုက်ပါသည်။ ဒေါ်အမာနီ (အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ၊ မန္တလေး) တကယ်တော့ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား ပြီး ကာကွယ်ရမှာပါ။ ကိုယ်က တန်ဖိုးထားမှ သူများကလည်း တန်ဖိုး ထားမှာပေါ့။ အယုံမလွယ်ဖို့ပါ။ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ သမီးရည်းစား ဖြစ်ကြတာဟာလည်း လွယ်လွန်းတယ် လို့ ဆိုရမလားပဲ။ အမှန်တကယ် အသက်၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရှိ၊မရှိဆိုတာ အမှန်မတင် ဘူး။ လိမ်လို့ညာလို့ အကောင်းဆုံးကတော့ ဖေ့စ်ဘွတ်ခ်ပါပဲ။ အန်တီက တော့ အမျိုးသမီး ငယ်တွေကို အထူးပြောချင်တာကဖေ့စ်ဘွတ်ခ်ပေါ်ကနေ သမီးရည်းစားမထားဖို့ပါ။ ခဏခဏလည်း ကြားနေရတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရည်းစားဖြစ်၊ အပြင်မှာချိန်းတွေ့တာ ဖေ့စ်ဘွတ်ခ်ပေါ်က ရုပ်နဲ့အပြင်နဲ့ တခြားစီဖြစ်၊ ရည်းစားဖြစ်ပြီး အိမ်ထောင်ကျတာတောင် အဆင်ပြေချင်မှပြေတာ။ သူ့မိသားစု၊ ကိုယ့်မိသားစုဆိုတာတောင် ပေါင်းကြည့်မှသိရတာ။ အစကတည်းက အမျိုးသမီးတွေကာကွယ်ထားရမယ်လေ။ ခြိမ်းခြောက်မှုတကယ်ဖြစ်လာရင် မိသားစုကို ပွင့်ပွင့်လင်းလင်းပြောပြီး ဖြေရှင်းနည်းကတော့ မှန်ရမယ်။ ယောက်ျားလေးတွေကလည်း ကိုယ့်မြန်မာမိန်းကလေးတွေကို တန်ဖိုးထားတတ်ရမယ်။ခြိမ်းခြောက်မှုကို ကာကွယ်ဖို့သမီးပျိုလေးများ ဖေ့စ်ဘွတ်ခ်ချက်ဘောက်စ်မှာ ကိုယ်မသိတဲ့ ယောက်ျားလေးများနဲ့ စကား မပြောဖို့ပါ။ နောက်ပြီး သူငယ်ချင်းအဖြစ် လက်ခံမယ်ဆိုရင်တောင် အဲဒီလူရဲ့ စာမျက်နှာကိုဝင်ကြည့်ပါ။မြန်မာ့ ရိုးရာဓလေ့အရ အမျိုးသမီးတွေဟာ အားနွဲ့သူလို့ သတ်မှတ်ထားပြီး အမြဲအိမ်တွင်းအကြမ်းဖက်မှုကတော့ အနည်းနဲ့အများ ခံနေရရတာပါ။ ကာကွယ်ဖို့ကတော့ အားနည်းသူအမျိုးသမီးတွေအတွက် ဥပဒေစိုးမိုးမှုရှိဖို့လိုသလို ပတ်ဝန်းကျင်ကလည်း ကာကွယ်စောင့်ရှောက်ဖို့လိုပါတယ်။ အန်တီတို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လိုက်လံကူညီဆောင်ရွက်ပေးနေတာပါ။ ဒီလိုအသိစိတ်ဓာတ်နဲ့ ကူညီပေးနေတဲ့သူတွေကို အာဏာပိုင် အဖွဲ့ အစည်းတွေကလည်း မြန်မြန်ဆန်ဆန် ၀ိုင်းဝန်းကူညီပေးဖို့လိုပါတယ်။ ဒေါက်တာဇာနည်ဇင် (မဟာအောင်မြေမြို့နယ်၊ မန္တလေး) အွန်လိုင်းက ခင်မင်မှုကို ယုံမနေနဲ့။ ဖေ့စ်ဘွတ်ခ်မှာ စည်းမျဉ်းက ပါထားပြီးသား။ အပြင်မှာမသိဘဲ Friend မလုပ်နဲ့လို့ ပြောထားပြီး သားလေ။ အခုကျတော့ အကုန်လက်သင့်ခံပြီး ဒုက္ခတွေဖြစ်ကြတယ်။ မိဘတွေကလည်း ကိုယ့်ကလေးကို လွှတ်မထားသင့်တော့ဘူး။ အဓိက အပြင်မှာကို မတွေ့နဲ့။ မိန်းကလေးတွေဆိုရင် ကိုယ့်အချက်အလက်တွေ၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေမပေးနဲ့။ မပြောနဲ့။ ယောက်ျားလေးတွေ လည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ အွန်လိုင်းမှာ အသက် (၃၀) ကျော်အမျိုးသမီးတွေနဲ့ခင်မင်ပြီး ပြဿနာတွေတက်တာတွေ့ဖူးတယ်။ မိန်းကလေးမှမဟုတ်ဘူး၊ ယောက်ျားလေးတွေလည်း သတိထားသင့် တယ်။ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး လေ့လာပြီးမှ ရည်းစားဖြစ်သင့်တယ်။ အွန်လိုင်းမှာတွေ့ ချစ်ကြိုက်ပြီး စရိုက်မသိ ဘာမသိနဲ့ အန္တရာယ်အရမ်းများတယ်။ တစ်ယောက်အကြောင်းတစ်ယောက်မသိဘဲ ခုကြိုက် ခုချစ်နဲ့ ပြဿနာတွေဖြစ်မှာပဲ။ တချို့မိန်းကလေးတွေကျတော့လည်း ခေတ်ရှေ့အရမ်းပြေးပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှုအားနည်းတယ်။ ဒီနေ့ကြိုက် ဒီနေ့တွဲ နောက်နေ့ကွဲချင်ကွဲလိုက်မယ်။ တစ်ဖက်သား စိတ်ထဲမှာ ဘယ်လိုရှိတယ်မတွက်တော့ ပြဿနာတွေဖြစ်မှာပဲ။ ကိုယ်ဖြစ်ကိုယ်ခံရမှာပဲ။ ကိုယ့်ရည်းစားနဲ့ မပြေလည်တဲ့အချိန် တခြားကောင်လေးကို အပျော်တွဲတာသွားလုပ်ရင်လည်းခံရမှာပဲ။ လူ့အသိုင်းအ၀ိုင်းကြီး က ရိုင်းလာပြီ။ ကြောက်စရာကောင်းတယ်။ ကိုအောင်သက်ခိုင် (အလုပ်သင်ရှေ့နေ) ဆိုရှယ်မီဒီယာသုံးတာက ကျွန်တော်တို့လူငယ်တွေကြားမှာ မထူး ဆန်းတော့သလိုဖြစ်နေပြီ။ ကိုယ်ဝါသနာပါရာ ရွေးချယ်လေ့လာခွင့်က အဲဒီမှာရှိနေတော့ လူငယ်တွေကြားမှာ ဆိုရှယ်မီဒီယာက မရှိမဖြစ်လိုကို ဖြစ်နေတာ။ ဒါနဲ့အတူ လူငယ်သဘာဝတွေ ပါလာတာပဲ။ ကိုယ့်အသိ ဉာဏ်နဲ့၊ အသိစိတ်နဲ့ ထိန်းသိမ်းပြီးသုံးရင် ပြဿနာမရှိပါဘူး။ ရှက်စိတ်၊ ကြောက်စိတ်ရှိဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက ဥပဒေအကြောင်းအ ရာပေါ့။ ပြစ်မှုတွေ ပြစ်ဒဏ်တွေ သေချာသိရှိနားလည်ထားဖို့လိုတယ်။ လေ့လာထားသင့်တာပေါ့။ ဒါမှ ဒေါသအလျောက်ဖြစ်တော့မယ်ဆိုရင် ဆင်ခြင်တုံတရားရှိလာမှာလေ။ အခု ပိုက်ဆံရှိလူငယ်အသိုင်းအ၀ိုင်း ကြားမှာက ငွေများတရားနိုင်ဆိုတဲ့ စကားပုံကို ခံယူချက်လိုလိုယူဆထား သူတွေရှိနေတယ်။ မိဘကချစ်တာကိုး။ ဒီတော့ စိတ်ခံစားမှုကို လိုက်ပြီး ဒေါသအလျောက်တွေ ဖြစ်ကုန်တယ်လို့ထင်ပါတယ်။ ဒီလိုခံယူတာတွေ ပျောက်ဖို့ တရားဥပဒေက ကျောသားရင်သားမခွဲခြားဘဲ တိတိကျကျ လုပ်တယ်ဆိုတာမျိုး ခံစားရတဲ့စိတ်ဖြစ် လာရင် ဒီလိုဖြစ်ရပ်တွေ ရှိလာမှာမဟုတ်ဘူး။ သေချာပေါက် နည်းသွားမှာပါ။ မကေဇင် (ကမ္ဘာအေး) ပထမဆုံးပြောချင်တာကတော့ လူငယ်ယောက်ျားလေးရော၊မိန်းက လေးတွေပါ အွန်လိုင်းကနေ ရည်းစားမရှာသင့်ပါဘူး။ အွန်လိုင်းဆိုတာ က အမှန်တရားကို ဖုံးကွယ်ထားတဲ့၊ အရမ်းကြောက်ဖို့ကောင်းတဲ့နေရာ တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးတွေအ တွက်အန္တရာယ်များတဲ့နေရာပါ။ တစ်ယောက်နဲ့တစ်ယောက် အကြောင်း သေချာမသိဘဲနဲ့ အွန်လိုင်းကနေ စကားပြော သမီးရည်းစားဖြစ်ရာကနေ အပြင်မှာ ချိန်းတွေ့ပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြတဲ့အချိန်မှာ အဓိ ကခံရတဲ့သူက မိန်းကလေးပါ။ အခုနောက်ပိုင်းမှာဆို သမီးရည်းစားတွေ ဖြစ်လာကြတဲ့ ပြဿနာမှာ ယောက်ျားလေးတွေဘက်က ဒေါသတွေကြီး စိတ်တွေမထိန်းနိုင်ဘဲ အလွန်အကျွံဖြစ်ပြီး အသက်အန္တရာယ်ထိပါ ပါလာကြတာ တွေ့ရတယ်။ ဒါကြောင့် ယောက်ျားလေးဘက်က ဒီလိုခြိမ်းခြောက်မှုမျိုးတွေ ပြုလုပ်လာရင်တော့ မိန်းကလေးတွေဘက်က ရေငုံနှုတ် ပိတ်ထားတာမလုပ်ဘဲ ကိုယ့်ရဲ့မိဘဆွေမျိုးတွေကနေတစ်ဆင့် သက်ဆိုင်ရာကို သတိပေးထားသင့်ပါတယ်။ အခုခေတ်က အသက်အန္တရာယ်အထိပါ စိုးရိမ်စရာတွေ ဖြစ်လာပြီမို့ပါပဲ။ ကိုစိုင်း (ဓာတ်ပုံဆရာ၊ မြောက်ဥက္ကလာပမြို့နယ်) လူငယ်တွေ အွန်လိုင်းကို အကျိုးရှိရှိသုံးတာ အကောင်းဆုံးပါ။ သုံး ရင်လည်း privacy ထားသင့်တယ်။ အခုခေတ်က ဖုန်းတွေ၊ အင်တာ နက်တွေ အရမ်းပေါလာတော့ လွယ်လွယ်ကူကူရနိုင်တယ်လေ။ အွန် လိုင်းကနေ ခြိမ်းခြောက်မှုတွေပါ ရှိလာတာတွေ့ရတယ်။ မြန်မာနိုင်ငံမှာ က အခုမှ ဒီမိုကရေစီရတာ။ ဘာဥပဒေမှမရှိဘူး။ တစ်ခုခုဆိုရင်လည်း အရေးယူလို့မရဘူး။ ဒါကြောင့် ယောက်ျားလေးတွေရော၊ မိန်းကလေး တွေရော ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းတာ အကောင်းဆုံးပါ။နောက်တစ်ခု ကဖုန်းတွေ၊ အင်တာနက်တွေက အခုမှပေါလာတော့အင်တာနက်ဆိုတာ ကိုလည်း သေသေချာချာ မသုံးတတ်ကြတာပါတယ်။ တစ်ဖက်က အ ကောင်းပေမယ့် တစ်ဖက်က အဆိုးပေါ့။ တကယ်မကြိုက်ဘဲ ရည်းစားမထားသင့်ဘူး။ မိန်းကလေးတွေက ပိုအရေးကြီးတာပေါ့။ ယောက်ျားလေးက စကားလာပြောရင် ကိုယ်မသိတဲ့သူဆို စကားမပြောတာ အကောင်း ဆုံးပါ။ ဒီလိုနည်းနဲ့ပဲ ထိန်းသိမ်းစေချင်ပါတယ်။ အချိန်အားရင် အင်တာနက်သုံးနေမယ့်အစား၊ chatting ၀င်နေမယ့်အစား စာဖတ်စေချင်ပါတယ်။ မရည်မွန် (ပြည်မြို့) အွန်လိုင်းနဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ကြရုံနဲ့ တစ် ယောက်အကြောင်း တစ်ယောက် ဂဃနဏမသိဘဲ မချစ်ကြိုက်ကြတာ အကောင်းဆုံးပဲ။ ကိုယ်နဲ့ကြိုက်နေသူရဲ့ စိတ်နေသဘောထား အကျင့် စရိုက်တွေကို သေသေချာချာ လေ့လာခွင့်လည်း မရှိဘူး။ လူ့စိတ်ဆိုတာ လည်း ခက်သားပဲလေ။ မတတ်နိုင်လို့ သာယာသွားခဲ့ရင် စကားတွေ မကျွံအောင် ဆင်ခြင်သင့်တယ်။ အချိန်ယူပြီး နားလည်မှုရရှိအောင် လုပ်သင့်တယ်။ ကိုယ့်ချစ်သူကို လက်မခံနိုင်တော့ရင် အလိမ္မာသုံးပြီး ရှောင်သင့်တယ်။ လက်မထပ်ချင်တာမျိုး၊ လက်မထပ်နိုင်တာမျိုးဖြစ်တဲ့ အခါ ပြတ်ပြတ်သားသား ငြင်းလိုက်တာမျိုး၊ ချက်ချင်းပဲ ဒေါသ အ လျောက် ဇွတ်ငြင်းတာမျိုးမလုပ်ဘဲ တစ်ဖက်လူရဲ့ အနေအထားပေါ် စိတ်ခံစားမှုအပေါ်ကို သေချာသုံးသပ်ပြီးမှ ဖြည်းဖြည်းချင်း နားလည်မှုယူ ပြီး လမ်းခွဲသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဘက်က ခံစားချက် တဒင်္ဂဒေါသအလျောက် ကိုယ်ထိလက်ရောက် ပြုမူတဲ့အခါမိန်းကလေးတွေပဲခံရမှာလေ။ ချစ်သူသမီးရည်းစားအဆင့်မှာတင် အကြမ်းဖက်ခြိမ်းခြောက်မှုတွေ လျော့နည်းစေဖို့က အမျိုးသမီးရေး လှုပ်ရှားသူတွေအနေနဲ့ အမျိုးသမီးထုအပေါ် သက်ရောက်မှုရှိတဲ့ ချစ်သူချင်း နားလည်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေ ပိုမို ဆောင်ရွက်ပေးသင့်တယ်။ ဒေါ်ရွှေရွှေစိန်လတ် (အမျိုးသမီးအရေး လှုပ်ရှားသူ) လူချင်းမသိတဲ့သူတွေနဲ့ အွန်လိုင်းမှာ မဆက်သွယ်တာ အကောင်း ဆုံးလို့ပဲ ပြောချင်ပါတယ်။ အွန်လိုင်းက ဘာမှ စိတ်မချရဘူး။ ပြီးတော့ တော်ဝင်စင်တာမှာဖြစ်တဲ့ ဓားထိုးမှုဆိုရင် စင်တာအကြီးကြီးမှာတောင် ဓားထိုးမှုဖြစ်တယ်ဆိုတော့ လုံခြုံမှုအပိုင်း အားနည်းတယ်ဆိုတာကို ပြ နေတာပဲ။ အွန်လိုင်းက ဆက်သွယ်ပြီး သိတဲ့လူမှမဟုတ်ဘူး၊ ကိုယ်နဲ့ လူချင်းအပြင်မှာ သိတဲ့လူလည်း ဒီလိုလုံခြုံမှုအားနည်းရင် လုပ်နိုင်မှာပဲ။ အဓိကကတော့ အမျိုးသမီးတွေအတွက် မလုံခြုံဘူးဆိုတာကို မီးမောင်း ထိုးပြလိုက်တာပဲ။ ဒီလိုမျိုးပြဿနာတွေမဖြစ်ရအောင် အမျိုးသားတွေ ကို အဓိကပညာပေးသင့်တယ်လို့ ထင်တယ်။ အဓိကကတော့ မူးယစ် ဆေးဝါး၊ အရက်သေစာနဲ့ အလုပ်လက်မဲ့ ပြဿနာတွေကြောင့် ဒီလိုဖြစ်တယ်လို့ယူဆတယ်။ အမျိုးသမီးတွေ အတွက် အသက်အန္တရာယ်မဖြစ်အောင် ထိန်းသိမ်းဖို့တာဝန်ရှိတယ်။ အမျိုးသမီးအကြမ်းဖက်မှု ကာကွယ် တားဆီးဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေတာ သုံးနှစ်လောက်ရှိပြီ။ အမြန်ဆုံးထွက်လာနိုင်အောင် ကြိုးစား နေတယ်။ ဥပဒေထွက်လာရင်လည်း ဥပဒေအတိုင်း အရေးယူဖို့၊ ဥပဒေနဲ့အညီ ထိုက်သင့်တဲ့ပြစ်ဒဏ် ထိထိ ရောက်ရောက် ပေးဖို့လိုအပ်တယ်။ မအေးစိုးထွန်း (လှိုင်မြို့နယ်) ကျွန်မတို့ငယ်ငယ်က အဲဒီလိုသမီးရည်းစားတွေ ချိန်းတွေ့ရန်ဖြစ် ကြ၊ သတ်ပုတ်ကြတာ တကယ်ရှားတယ်။ ကောင်မလေးတွေကလည်း အရှက်တရားရှိသလို ကောင်လေးအများစုကလည်း အရှက်အကြောက် လေးတွေ။ ဒီလိုနဲ့ပဲ သမီးရည်းစားဖြစ်လာကြတာလေ။ အခုခေတ်က တော့ ဘယ်လိုတွေကဘယ်လို ကြိုက်ကြမှန်းမသိဘူး။ ပြီးရင်လည်း လူ မသိသူမသိတွေ သွားချိန်းတွေ့၊ ပြီးရင် အသတ်ခံရ၊ အလုခံရနဲ့ မိန်းက လေးတွေပဲ ကိုယ်ကျိုးနည်းတာပေါ့။ အခုကကွယ်ရာမှာမပြောနဲ့ လူစည် ကား ရင်တောင် သတ်ပုတ်နေကြတာမြင်ဖူးရဲ့။ မိဘအုပ်ထိန်းမှုလည်း အရမ်းလိုတာပေါ့။ လိုက်စောင့်ကြည့်နေစရာမလိုပါဘူး။ ငယ်ငယ်က တည်းက ကိုယ့်ကလေးကို ဘယ်ဟာမကောင်းဘူး၊ ဒီဟာကောင်းတယ် သင်ပေးနိုင်၊ ပြောပြထားပေးနိုင်ရမယ် လေ။ ပြီးတော့ မိန်းကလေးတွေအနေနဲ့ကလည်း တချို့ကျအရမ်းအကြောတင်းတယ်။ စဉ်းစားကြည့်ရင် ယောက်ျားနဲ့ ယှဉ်ဖြစ်တယ်ဆိုပါတော့။ သူပဲခံရတာလေ။ ပြဿနာတက် စရာကိစ္စရှိလာပြီဆို အိမ်အနီးမှာချိန်းတာဖြစ်ဖြစ်၊ သမီးရည်းစားထားတော့မယ်ဆို မိဘကိုအသိပေးတာမျိုးပဲဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။ ကိုဝေဇင်ဟန် (အိုင်တီနည်းပညာကျွမ်းကျင်သူ၊ တောင်ကြီး) နည်းပညာအကြောင်းကို နားမလည်ဘဲ သုံးလိုက်မယ်ဆိုအန္တရာယ် ရှိနိုင်တယ်။ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ သွားတာ၊ လာတာ၊ စားတာ သောက်တာတွေကို ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်စာမျက်နှာတွေမှာ အ ကုန်လုံး မတင်သင့်ပါဘူး။ အပြင်မှာ မဆုံခင် အင်တာနက်ပေါ်မှာ တွေ့ တဲ့လူတစ်ယောက်ကို ယုံကြည်သင့်လား၊ မယုံကြည်သင့်သလားဆိုတာ ချင့်ချိန်စဉ်းစားပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။ လူတစ်ယောက်ကို တစ်ခါ တွေ့တာနဲ့ ချက်ချင်းယုံကြည်တာမျိုး မလုပ်သင့်ဘူး။ ဖုန်းဆိုရင်လည်း ရီကော်ဒါနဲ့ အသံဖမ်းတာတွေ၊ အရေးပေါ် ဖုန်းနံပါတ်တွေ အလွယ်တကူ ရှာဖွေနိုင်အောင်လို့ ထည့်ထားသင့်ပါတယ်။ အပြင်မှာတွေ့ဆုံလို့ အန္တ ရာယ်တစ်ခုခု ကြုံတော့မယ်ဆိုရင် နီးစပ်ရာကို လှမ်းအော်ပြီး အကူအညီ တောင်းရမယ်။ နှစ်ယောက်တည်း လူပြတ်တဲ့နေရာတွေမှာ သွားတာလာတာ ဆင်ခြင်သင့်ပါတယ်။ မဖြစ်မနေ အကျပ်ကိုင်လို့ အပြင်မှာတွေ့ဆုံရ မယ်ဆိုရင်လည်း မိန်းကလေးအချင်းချင်း တိုင်ပင်တာတွေ၊ ဖွင့်ပြောတာတွေ လုပ်ပြီးတော့ အကြံဉာဏ်ရယူရမယ်။ ဥပမာ မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကိုတော့ ရင်ဖွင့်တိုင်ပင်မှာ မဟုတ်ဘူး။ အမျိုးသမီးအချင်းချင်း ဖွင့်ပြောမယ်။ လုပ်သင့်တဲ့အတိုင်း လုပ်မယ်။ ဥပဒေအတိုင်းဆောင်ရွက်မယ်ဆိုရင် ဒီလိုဖြစ်စဉ်တွေ လျော့နည်းလာနိုင်မယ်လို့ ကျွန်တော်မြင်တယ်။ အင်တာနက်ဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ မယုံကြည်ဖို့ အကြံပြုချင်ပါတယ်။ ဒေါက်တာမင်းကိုကိုနိုင် (Entry Trading ကုမ္ပဏီ ဒါရိုက်တာ) အွန်လိုင်းကတစ်ဆင့် ခင်မင်မှု၊ ပေါင်းသင်းမှုတွေက ရှောင်လို့မရ ဘူး။ ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ သန်း ၅၀ ကျော်မှာ အနည်းဆုံး တစ်သန်းအထက်က ဖေ့စ်ဘွတ်ခ်ပေါ်ရောက်နေပြီ။ စီးပွားရေးတွေ အ ကုန်လုံးကလည်း အွန်လိုင်းနဲ့ ချိတ်ဆက်ပြီး လုပ်လို့ရတဲ့ အနေအထား အထိ ကမ္ဘာမှာပြောင်းသွားဖို့များတယ်။ အွန်လိုင်းကတစ်ဆင့် ခင်မင်မှု၊ ပေါင်းသင်းမှုတွေ ရှောင်လို့မရဘူးဆိုပေမယ့် သတိထားဖို့လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် ခင်မင်မယ်၊ မိတ်ဆွေဖွဲ့တော့မယ်ဆိုရင် ကိုယ်ခင်မင်မယ့်သူရဲ့ စိတ်ဓာတ်အတွေးအခေါ်လေးတွေ သိသင့်တယ်။ သူ့ရဲ့အတွေးအခေါ်ကို သူ share တဲ့ပို့စ်တွေကနေ၊ like လိုက်တာတွေ ကနေ သိနိုင်တယ်။ တော်ရုံတန်ရုံအလွယ်တွေ့မယ့်အစား တကယ် ခင်မင်မယ်ဆိုရင် သူ့ share လုပ်တာ၊ like လုပ်တာတွေလေ့လာပြီးမှ ခင်မင်တာ နည်းနည်း အန္တရာယ်ကင်းမယ်။ ကျွန်တော့်အမြင်ပေါ့နော်။ အွန်လိုင်းနဲ့သွားတဲ့ ခင်မင်မှုတွေက ရှောင်လို့ရမှာမဟုတ်တော့ ဆင်ခြင် အကဲခတ်ပြီးခင်တာ အကောင်းဆုံးပဲ။ ကိုယ့်လုံခြုံရေးကိုဂရုစိုက်ပါ။ မအေးအေးခိုင် (သင်္ဃန်းကျွန်းမြို့နယ်) အွန်လိုင်းသုံးရင် ကိုယ့်ဘက် သူ့ဘက် ရင်းနှီးမှုမရှိသူတွေနဲ့ သိပ်ပြီး ရင်းရင်းနှီးနှီး မကျွမ်းဝင်သင့်ဘူး။ နောက်တစ်ခုက အွန်လိုင်းက ကောင် လေးတွေ ချိန်းတိုင်းသွားမတွေ့သင့်ဘူး။ မိန်းကလေးတွေ အွန်လိုင်းက တစ်ဆင့် ချစ်ကြိုက်သူတိုင်း မယုံပါနဲ့လို့ ပြောချင်တယ်။ အွန်လိုင်းတင် မကပါဘူး။ အပြင်မှာ မျက်နှာများတဲ့ ကောင်မလေးတွေအတွက်ပါ။ ကိုယ်က အဲဒီလူတစ်ယောက်ကို မကြိုက်တော့ဘူးဆိုရင် သူချိန်းတိုင်း လည်းမသွားပါနဲ့တော့။ သူနဲ့လည်း အားနာပါးနာ ဖုန်းလက်ခံမပြောပါ နဲ့တော့။ သူကတွေ့ချင်တယ်ဆိုရင်တောင် သူချိန်းတဲ့နေရာကို သွားမ တွေ့ဘဲ ကိုယ့်အတွက် လုံခြုံမယ့် နေရာကို လာတွေ့ဖို့ ချိန်းပါ။ သူ့ကို လုံးဝအဆက်ဖြတ်မယ်ဆုံးဖြတ်ပြီးသားဆိုရင် အိမ်ကမိဘဖြစ်ဖြစ်၊ အစ်ကိုတွေ၊ အစ်မတွေဖြစ်ဖြစ် သူနဲ့ မဖြစ်မနေသွားတွေ့ရင် ခေါ်သွားပြီး ခပ်လှမ်းလှမ်းမှာနေခိုင်းထားပါ။ ဒါဟာ မိန်းကလေးတွေအတွက်အကောင်းဆုံးဖြတ်တဲ့နည်း၊ အလုံခြုံဆုံးနည်းလမ်းပါ။ အဓိကကမျက်နှာမများဖို့ကို အမျိုးသမီးအချင်းချင်း သတိပေး ရမယ်။ ယောက်ျားလေးတွေ ချိန်းဆိုတဲ့နေရာတိုင်း သွားမတွေ့ဖို့၊ မိမိနဲ့အရင်းနှီးဆုံးလူကိုပါသွား တွေ့ မယ်ဆို ခေါ်သွားဖို့၊ လူပြတ်တဲ့နေရာမှာ နှစ်ယောက်တည်း မတွေ့ဖို့။ ဟိုတယ်၊ မိုတယ်တို့ကို ဘယ်လိုအကြောင်း ပြချက်ရှိရှိ မလိုက်သွားဖို့ကို အကြံပြုချင်တယ်။ ဒေါ်ခင်လေးငယ် (ဖန်တီးအိမ်) တော်ဝင်စင်တာမှာဖြစ်သွားတဲ့ ကိစ္စဆိုရင် စိတ်မကောင်းစရာပဲ။ ချစ်သူရည်းစားပြဿနာဖြစ်လို့ အကြမ်းဖက်ခံရတာတောင် မဟုတ်ဘူး။ ကောင်လေးဘက်က တစ်ဖက်သတ် လုပ်သွားတာ။ ဒါကလည်း ပြစ်မှု ကျူးလွန်တဲ့သူရဲ့ စဉ်းစားတွေးခေါ်နိုင်မှုအပေါ်မှာ အများကြီးမူတည် တယ်။ နေ့ခင်းဘက် လူလယ်ကောင်ကြီးမှာ လုပ်ရဲတယ်ဆိုတော့ဆက်စပ် တွေးခေါ်နိုင်စွမ်းအား နည်းတယ်လို့ ယူဆလို့ရတယ်။ ဒါကလည်း မြန်မာ နိုင်ငံရဲ့ ပညာရေးနဲ့ အများကြီးဆိုင်တယ်။ တရားဥပဒေကို မလေးစားလို့ လည်း အဲဒီလိုမျိုးကျူးလွန်တာလို့ ယူဆလို့ရတယ်။ ဒီလိုပြဿနာတွေဖြစ် ရင်လည်း မိန်းကလေးကိုပဲ အပြစ်တင်တတ်ကြတယ်။ မိန်းကလေးကိုပဲ လူတွေအားလုံးက ၀ိုင်းပြီးအပြစ်တင်တာမျိုး မလုပ်စေချင်ဘူး။ ပြီးရင် အွန်လိုင်းဆိုတာလည်း အသုံးချတတ်ရင် အကျိုးရှိတယ်။ အွန်လိုင်းသုံးတဲ့ အခါမှာလည်း ဆင်ခြင်တုံတရားထားပြီး သုံးဖို့လိုတယ်။ စဉ်းစားဆင်ခြင်ဖို့ လိုအပ်တယ်လို့ထင်တယ်။ အမျိုးသမီးအကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ဆိုပြီး လူမှုဝန်ထမ်းနဲ့ အမျိုးသမီးအဖွဲ့ တွေပေါင်းပြီးတော့ စီမံကိန်းတစ်ခုကို ၂၀၀၃ ကတည်းက ရေးဆွဲခဲ့တယ်။ ရေးဆွဲထားတဲ့အတိုင်း လက်တွေ့ လုပ်နိုင်ရတော့ ကောင်းတာပေါ့။ ပြီးတော့ လက်ရှိဖြစ်နေတာတွေနဲ့ ကိုက်ညီတဲ့ စီမံကိန်းဖြစ်ဖို့လည်း လိုအပ် သေးတယ်။ ဦးအေးကျော် (ကျောင်းဆရာ၊ အောင်လံမြို့) အခုက ဖုန်းကအစ အရမ်းပေါလာတယ်။ လူငယ်တွေရဲ့ မိဘတွေ ကိုပဲ အဓိကပြောရမလိုပါပဲ။ မိဘတွေက သားသမီးကိုချစ်တော့ အရွယ် မရောက်သေးဘူး၊ ဖုန်းပေးကိုင်တယ်။ အဲဒါလေးကစပြီး ပြုပြင်သင့် တယ်။ လူငယ်ဆိုလည်း သူတို့လွတ်လပ်ခွင့်ကို မထိခိုက်စေဘဲ စောင့် ကြည့်ထိန်းသိမ်းတာမျိုးလေး လုပ်သင့်တယ်။ မိဘတွေ ပင်ပန်းတာသိ တယ်။ ဒါပေမဲ့ အချိန်ပေးပြီးတော့ လုပ်သင့်တာပေါ့လေ။ နောက်တစ်ခု က လူငယ်တွေကလည်း ဒီလိုဖေ့စ်ဘွတ်ခ်တို့၊ ဗိုက်ဘာတို့အစရှိတာတွေ သုံးတဲ့အခါ တကယ်မသိဘဲနဲ့ အရမ်းခင်မင်တာမျိုး မလုပ်သင့်ဘူး။ ဒီလို အကြောင်းတွေဖြစ်တာ မီဒီယာကတစ်ဆင့် ဖော်ပြပေးတာမျိုး ကြိုဆို တယ်။ လူငယ်တွေ ဆင်ခြင်ကြမှာပါ။ အဖွဲ့အစည်းတွေက အသိပညာပေးတာမျိုးတွေ၊ ဟောပြောပွဲပုံစံတွေ များများလုပ်သင့်တယ်။ နောက်တစ်ခုက သူငယ်ချင်း အပေါင်းအသင်းအချင်းချင်းလည်း ထိန်းကျောင်းပေးတာ မျိုးပေါ့။ စာများများဖတ်စေချင်တယ်။ အင်တာနက်က စာကို ဖတ်တယ်ဆိုတာ အတုတွေရော၊ အဆိပ်တွေရော မျိုးစုံမို့ ခွဲခြားရခက်တယ်။ ဒါကြောင့် လူငယ်တွေ ပြင်ပစာပေတွေ၊ စာအုပ်စာစောင်တွေ ဖတ်စေချင်တယ်။ အသိပညာတိုးလာရင် ဒီလိုကိစ္စတွေ နည်းပါးသွားမယ်လို့ ယုံကြည်ပါတယ်။ 7Day Daily

No comments: