မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, February 8, 2016
မန္တလေး အဖေနေ့ အထိမ်းအမှတ် ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်
မန္တလေး အဖေနေ့ အထိမ်းအမှတ် ပြိုင်ပွဲဝင်စာမူများ ဖိတ်ခေါ်
-----------------------------------------
မန္တလေး၊ ဖေဖေါ်ဝါရီ ၇
မန္တလေးမြို့တွင် ဆဋ္ဌမအကြိမ်ကျင်းပမည့် အဖေနေ့အထိမ်းအမှတ် အလွတ်တန်းဝတ္ထုတိုနှင့် ကဗျာရှည်ပြိုင်ပွဲအတွက် စာမူများပေးပို့နိုင်ပြီ ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ စာမူရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါပြိုင်ပွဲကို ယှဉ်ပြိုင်လိုသူများအနေနှင့် အဖေနှင့်ပတ်သက်၍ ကြိုက်နှစ်ရာ ဝတ္ထုတိုနှင့် ကဗျာစာမူများကို လွတ်လပ်စွာ ရေးသားနိုင်ပြီး စာမူများကို မတ်လ ၉ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဆဋ္ဌမအကြိမ်မြောက် အဖေနေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့တော်ရှိ ပရိယတ္တိသာသနဟိတအသင်း၏ (ဦးလှသိန်းဗိမာန်) တွင်လည်း မတ်လ ၁၈ရက်နေ့မှ ၂၂ရက်နေ့အထိ မိဘခြေရာခံယူပွဲ ပြုလုပ်ပေးမည်ဖြစ်ပြီး ၁၃၇၇ ခုနှစ်၊ တပေါင်းလပြည့်(မတ်လ ၂၃ ရက်) နေ့ မွန်းတည့် ၁၂ နာရီမှစ၍ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ၊ သရုပ်ဆောင် ဗေလုဝ၊ စာရေးဆရာ ဆောင်းလုလင်၊ မန္တလေးမောင်အောင်ခင်တို့က အဖေ့ကျေးဇူးများအကြောင်း ဟောပြောကြမည်ဖြစ်ကြောင်းလည်း အဖေနေ့အခမ်းအနားကျင်းပရေး ကော်မတီဝင်များထံမှ သိရသည်။
ပြိုင်ပွဲဝင် ဝတ္ထုတိုနှင့် ကဗျာစာမူများကို ဖုန်းမြင့်အောင် (အဖေနေ့ အခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ) အမှတ် (၄၁) ၆၉လမ်း၊ လမ်း ၄ဝ နှင့် ၄၁ လမ်းကြား၊ မဟာမြိုင်(၁)ရပ်ကွက် မဟာအောင်မြေမြို့နယ်၊ ဦးထွန်းဦး (ထွန်းဦးစာပေ) ၈၄ လမ်းနှင့် ၂၉လမ်းထောင့် ချမ်းအေးသသာစ မြို့နယ်တိုသို့ မတ်လ ၉ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း ယင်းကော်မတီ စာမူရွေးချယ်ရေးအဖွဲ့ထံမှ သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment