မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်အနီးတွင် အမြောက်များဖြင့် ပစ်ခတ် ++++++++++++++++++++++++++++++++++++++++++++++++
မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ်အနီးတွင် အမြောက်များဖြင့် ပစ်ခတ်
++++++++++++++++++++++++++++++++++++++++++++++++
ဆိုးလ်၊ ဖေဖော်ဝါရီ ၂၀ ။ ။မြောက်ကိုရီးယား နိုင်ငံ သည် ဖေဖော်ဝါရီ ၂၀ ရက်နေ့က နယ်စပ် ကျွန်းတစ်ကျွန်းအနီး၌ အမြောက်ပစ် ခတ်စစ်ရေးလေ့ကျင့်မှုအကြိမ် အနည်း ငယ်ပြုလုပ်ခဲ့ သည်ဟု တောင်ကိုရီး ယားနိုင်ငံ၏ ပြောရေးဆိုခွင့်ရှိသူ က ပြောကြား လိုက်ပြီး ယင်းသည် ပြုံ ယမ်းမှ ဒုံးပျံနှင့်နျူကလီးယားစမ်း သပ်မှုများပြုလုပ် မှုကြောင့် တင်းမာ မှုများမြင့်တက်နေ ဆဲ အချိန်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
၎င်းအပြင် ယင်းဖြစ်ရပ်သည် တောင်ကိုရီးယားနိုင်ငံနှင့် အမေရိ ကန်နိုင်ငံတို့ပူးတွဲကာ နှစ်စဉ်ပြုလုပ် နေကျ အကြီးကျယ်ဆုံး စစ်ရေးလေ့ ကျင့်မှုကို နောက်လတွင် ပြုလုပ်မည် ဟု ကြေညာခဲ့ပြီး ရက်များမကြာမီ အတွင်း ပေါ်ပေါက်လာ ခဲ့ခြင်းလည်း ဖြစ်သည်။
မြောက်ကိုရီးယားစစ်တပ် သည် ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၇ နာရီ မိနစ် ၂၀ (ဂရင်းနစ်စံတော် ချိန် ၂၂၂၀ နာရီ)အချိန်တွင် ကိုရီး ယားနှစ်နိုင်ငံ အကြား အငြင်းပွား ပင်လယ်ပြင်တောင်ဘက်ကမ်းခြေ ဂျန်ဆန်ဂေါ့အငူရှိ အမြောက်တပ်ခွဲ တစ်ခွဲမှ လေ့ကျင့် ပစ်ခတ်ခဲ့ခြင်းဖြစ် သည်ဟု တောင် ကိုရီးယား နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောဆို လိုက်သည်။
မြောက်ကိုရီးယားနိုင်ငံအနေ နဲ့ ပင်လယ်ရေပိုင်နက်နယ်စပ်ကနေ စစ်ရေးလေ့ကျင့်နေခြင်းဖြစ်သည် ဟုလည်း ဆက်လက်ပြောကြား လိုက် သည်။
သို့သော် ကြိုတင်ကာကွယ်မှု အနေဖြင့် ဗျောင်ညောင်ဒိုကျွန်း ရှိ ဒေသခံ များနှင့် တံငါသည်များသည် ကျည်လွတ်ရာ နီးစပ်ရာဆိပ်ကမ်း များ၌ ခိုလှုံနေ ထိုင်ကြရန် တောင်ကို ရီးယားမှ တိုက်တွန်းထားသည်။ ၂၀၀၈ ခုနှစ်ကလည်း အငြင်း ပွား ပင်လယ်တွင်းနယ်စပ် ဗျောင် ညောင် ဒိုကျွန်း အနီးရှိ ယောင်ပြွန်း ကျွန်းပေါ်သို့ မြောက်ကိုရီးယား အမြောက် ကျည်ကျရောက်ပေါက် ကွဲ မှုကြောင့် လူ လေးဦးသေဆုံးခဲ့ ရသေးသည်။
Ref: AFP
Subscribe to:
Post Comments (Atom)
No comments:
Post a Comment