Friday, February 5, 2016

မန်းတွင် ဖမ်းမိသော ယူရေနီယမ်ဟုဆိုသောအရာကို စစ်ဆေးရာ ကားပတ်တီးဆေးများဖြစ်နေ

မန်းတွင် ဖမ်းမိသော ယူရေနီယမ်ဟုဆိုသောအရာကို စစ်ဆေးရာ ကားပတ်တီးဆေးများဖြစ်နေ Friday, February 5, 2016 မန္တလေးမြို့တွင် ကျပ် သိန်းသောင်းချီတန်ဖိုးရှိသော ယူ ရေနီယမ်သတ္တုဟု ယူဆရသည့် ပစ္စည်းများကို စစ်ဆေးရာ ကား ဆေးမမှုတ်မီ ပတ်တီးအဖြစ် အသုံးပြုသည့်ဆေးများသာဖြစ်ကြောင်း မှုခင်းရဲတပ်ဖွဲ့ (ဓာတု/ရူပဌာန)က အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။ ချင်းပြည်နယ် ကလေး၊ ဖလမ်းနှင့် ရိခေါဒါရ်မြို့နယ်တို့ တွင် နေထိုင်သည့် အသက် ၄၀ နှစ်ခန့်ရှိ ချင်းတိုင်းရင်းသားအမျိုး သားသုံးဦးထံမှ ကြယ်ငါးပွင့်တံ ဆိပ်ပါ ယူရေနီယမ် ၁ဒသမ၁ ကီ လိုဂရမ်နှင့် ကြယ်သုံးပွင့်တံဆိပ်ပါယူရေနီယမ်တစ်ကီလိုဂရမ် နှစ်မျိုးကို ဇန်န၀ါရီ ၁၂ ရက် ညနေပိုင်း က ဖမ်းဆီးရမိခဲ့ပြီး အဏုမြူစွမ်းအင်ဝန်ကြီးဌာနနှင့် မှုခင်းတပ်ဖွဲ့တို့က စစ်ဆေးအတည်ပြုခဲ့ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ‘‘ယူရေနီယမ်မဟုတ်ဘူး။ ကားပတ်တီးဆေး (Acetae) ဒြပ် ပေါင်းထားတာ။ ပတ်တီးရိုက်တဲ့ နေရာမှာ အသုံးပြုတယ်။ ဓာတု ဗေဒ၀န်ရုံးမှာ စစ်တော့လည်း ပတ်တီးဆေးလို့ ပြောတယ်။ ထပ်ပြီး တိကျသေချာအောင် မှုခင်းရဲတပ် ဖွဲ့မှာ ထပ်ပြီးစစ်ဆေးလိုက်တာ ပါ။ အိန္ဒိယဘက်မှာ လိမ်ပြီးရောင်းလိုက်တာ စီးပွားရေးသဘောအရ အရောင်းအ၀ယ်ပြုလုပ်တာပဲ။ တခြားဘာရည်ရွယ်ချက်မှ မရှိပါ ဘူး’’ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အ ကြီးတန်းရဲအရာရှိတစ်ဦးက ပြော သည်။ အဆိုပါ ဖမ်းဆီးရမိသည့် ပစ္စည်းများသည် ယူရေနီယမ် သတ္တုမဟုတ်ကြောင်း သက်ဆိုင် ရာဌာနများက စစ်ဆေးအတည်ပြု ခဲ့ပြီးနောက် တရားစွဲဆိုသင့်၊ မသင့် ဥပဒေအကြံပြုတောင်းခံ သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။ မန္တလေးမြို့ မဟာအောင် မြေမြို့နယ် မဟာမြိုင် (၁) ရပ် ကွက် City Grand ဟိုတယ်တွင် တည်းခိုနေသူအချို့သည် ယူရေ နီယမ်သတ္တု (Uranium) များ အရောင်းအ၀ယ် ပြုလုပ်နေ ကြောင်း သတင်းအရ ၀ယ်ယူသူ အသွင်ယူဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အိုက်စောမြို့နေ အမျိုးသမီးတစ် ဦးထံမှ ယူရေနီယမ်ဟုဆိုကာ ကျပ်သိန်းခြောက်ထောင်ဖြင့် ၀ယ်ယူခဲ့ ပြီး မြန်မာနိုင်ငံတွင် ကျပ်သိန်း နှစ်သောင်းဖြင့် ပြန်လည်ရောင်းချရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ဒုရဲမှူးကြီး စိန်ထွန်းက ပြောသည်။ 7Day Daily

No comments: