မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
ပုဂံရှေးဟောင်းဘုရားများတွင် ယဉ်ကျေးမှုနှင့်မကိုက်ညီသော ကြော်ငြာရိုက်ကူးမှုကို ကန့်ကွက်စာတင်
ပုဂံရှေးဟောင်းဘုရားများတွင် ယဉ်ကျေးမှုနှင့်မကိုက်ညီသော ကြော်ငြာရိုက်ကူးမှုကို ကန့်ကွက်စာတင်
----------------------------------------------
ပုဂံရှေးဟောင်းနယ်မြေရှိ ပြဿဒ်ကြီးဘုရားပေါ်တွင် တရုတ်ဆေးကုမ္ပဏီတစ်ခု၏ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ကြော်ငြာရိုက်ကူးမှုကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း(UMTA)က ဝန်ကြီးဌာနများသို့ ကန့်ကွက်စာ
တင်ထားကြောင်း အဆိုပါအသင်းထံမှသိရသည်။
ဖေဖော်ဝါရီလ ၁၇ရက်နေ့ ညနေပိုင်းက ပြဿဒ်ကြီးဘုရားပေါ်တွင် ကြော်ငြာ
ရိုက်ကူးရန်အတွက် နိုင်ငံခြားသားအချို့က အနောက်တိုင်းဝတ်စုံများဖြင့်
ကခုန်ခြင်း၊ မြန်မာဝတ်စုံ ဝတ်ဆင်ထားသော မြန်မာအမျိုးသား၊ အမျိုးသမီးများက လက်ခုပ်တီး အားပေးနေသည့်ဗီဒီယိုများ၊ ဓာတ်ပုံများသည် လူမှု
ကွန်ရက် မီဒီယာများတွင် ပျံ့နှံ့လျက်ရှိကြောင်း အဆိုပါအသင်း၏ ထုတ်ပြန်
ချက်အရ သိရသည်။
မြန်မာနိုင်ငံ၏ ခရီးသွားပုံရိပ်ကို ထိခိုက်စေသည့် အပြုအမူများကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများဖြစ်သည့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနတို့ကို ဟန့်တာခြင်းပြုလုပ်ရန် ကန့်ကွက်စာ တင်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း
အထွေထွေအတွင်းရေးမှူး ဒေါ်သတိုးသူဇာအောင်က ပြောကြားသည်။
မြန်မာ့ရှေးဟောင်းနယ်မြေနှင့် ရှေးဟောင်းတန်ခိုးကြီးဘုရားများတွင် အလားတူ အဖြစ်အပျက်များ မကြာခဏ ဖြစ်ပွားခြင်းနှင့် ယင်းသို့ သရုပ်ပျက်အပြုအမူများ ထပ်မံမဖြစ်ပွားစေရေးတို့ကို ဝန်ကြီးဌာနများက ထိရောက်စွာ တားဆီးသင့်ကြောင်း ယင်းအသင်းက ထုတ်ပြန်ထားသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment