၂၀၁၁ မှာ ...
ခင်ဗျားတို့ မထောက်ခံတဲ့  ....
ဦးသိန်းစိန် အစိုးရ တက်လာခဲ့တယ် ...
အဲဒီတော့ ....
ပြီးခဲ့တဲ့  ငါးနှစ်လုံးလုံး ....
ဖေ့စ်ဘုတ်မှာ ...
ကိုယ် ဘယ်လို လုပ်ခဲ့လဲ ...
ကိုယ် ဘယ်လိုရေးခဲ့လဲ ...
ကိုယ် ဘယ်လိုပြောခဲ့လဲ ...
ကွကိုတော့ မှတ်မိကြပေလိမ့်မယ် ....
အခု ကိုယ်ထောက်ခံသူ အစိုးရ ဖြစ်ခါနီးမှ ...
ခင်ဗျားတို့ အပြုသဘောဆောင်ကြပါ ...
အပျက်သဘော မဆောင်ပါနဲ့  ....
နေရာတကာ လိုက်အပြစ်ပြောလို့  ဖြစ်မလား ....
စသဖြင့် စသဖြင့် ....
ရွှေပြည်အေးတရားဟောလို့  မရနိုင်ဘူး ...
ဘာလို့ တုန်းဆိုတော့ ...
ဒီဘက်ကလူတွေဟာလဲ ...
လူတွေ ဖြစ်နေလို့ ပဲ ....
ဆင်းခါနီး သမ္မတကို ကန်တော့တဲ့ ကိစ္စကိုတောင် ...
ကိုယ့်စီးပွားရေး ဒုတ်နဲ့  တက်ထိုးသလို ...
ဆတ်ဆတ်ခါနာပြီး သရော်ကြတာ ...
လှောင်ကြ ပြောင်ကြတာ ...
ပူပူနွေးနွေးပဲ ရှိပါသေးတယ် ....
အရာအားလုံးနီးပါးဟာ ...
ခင်ဗျားတို့ တုန်းက လုပ်ခဲ့တဲ့  အတိုင်း ...
ပြန်လာကြမှာပဲ ....
ဒါလောကကြီးရဲ့  နိယာမတစ်ခုပဲ မဟုတ်လား ....
ကျေကျေနပ်နပ် လက်ခံလိုက်ပါလေ ...
:) :) :) :) :)
No comments:
Post a Comment