Saturday, February 6, 2016

ဖေ့ဘွတ်ပေါ်မှာ ထုံးစံအတိုင်း ကောက်ရိုးမီး ဖြစ်နေတဲ့ ကိစ္စတစ်ခုကို အမှုမဲ့ အမှတ်မဲ့ပဲ နေမိပေမယ့် အမှုက တော်တော်ကြီးလာတော့ လိုက်ဖတ်ကြည့်တယ်...... ဒေါ်စုကို လုပ်ကြံမယ်ဆိုပီး ခေါင်းစဉ်တပ်ထားကြတယ်.... စာတွေ လိုက်ဖတ်ကြည့်တဲ့အခါ သူတို့ ပြောနေတဲ့ အကောင့်ပိုင်ရှင် ချာတိတ် ရေးထားတဲ့စာကို ဖတ်ကြည့်လိုက်တယ်.......

ဖေ့ဘွတ်ပေါ်မှာ ထုံးစံအတိုင်း ကောက်ရိုးမီး ဖြစ်နေတဲ့ ကိစ္စတစ်ခုကို အမှုမဲ့ အမှတ်မဲ့ပဲ နေမိပေမယ့် အမှုက တော်တော်ကြီးလာတော့ လိုက်ဖတ်ကြည့်တယ်...... ဒေါ်စုကို လုပ်ကြံမယ်ဆိုပီး ခေါင်းစဉ်တပ်ထားကြတယ်.... စာတွေ လိုက်ဖတ်ကြည့်တဲ့အခါ သူတို့ ပြောနေတဲ့ အကောင့်ပိုင်ရှင် ချာတိတ် ရေးထားတဲ့စာကို ဖတ်ကြည့်လိုက်တယ်....... ဒီစာကိုပဲ အွန်လိုင်းပေါ်မှာ ကမ္ဘာပျက်လုမတတ် ရေးနေ ရှယ်နေကြတဲ့အပြင် ကြည့်မရတဲ့လူတွေကိုပါ အမှုတွဲကို အတင်းဆွဲသွင်းနေကြတာတွေ တွေ့ရတော့ တစ်ခု ထောက်ပြချင်လာတယ်...... အဲ့ဒါက ဘာလဲဆိုတော့ အဲဒိချာတိတ်နဲ့ မောင်ဆောင်းခရဲ့ အမှုနဲ့ အသွင်သဏ္ဍန်တူကြတယ်....... အဲ့ဒိ ချာတိတ် ရေးထားတဲ့စာမှာ မည်သူမည်ဝါဆိုတာ နာမည်တတ်မထားဘူး...... သို့သော် ဒေါ်စုကိုလို့ အားလုံးက စွတ်စွဲ ရေးသားနေကြတာ တွေ့ရတယ်...... တစ်ချို့ သမာသမတ်ရှိတဲ့ မီဒီယာတွေကတော့ ဒေါ်စုကို ရည်ညွှန်းပုံရတယ်လို့ ရေးသားကြတာ တွေ့ရတယ်...... မောင်ဆောင်းခတုန်းကလည်း သမ္မတကြီးဆိုတာ နာမည်တတ်မထားတဲ့အတွက် ဘယ်သမ္မတမဆို ဖြစ်နိုင်တာပဲလို့ အားလုံး ပြောခဲ့ကြတယ်....... တကယ်အမှုရင်ဆိုင်တဲ့အခါ မောင်ဆောင်းခဟာ မြန်မာပြည်မှာနေပြီး သမ္မတကြီးလို့ သူသုံးတဲ့စကားဟာ ဘယ်သူ့ကို ရည်ရွယ်တယ်ဆိုတာ အားလုံးသိကြပေမယ့် တရားဥပဒေလမ်းကြောင်းအရ လျှောက်လှဲခွင့်ရှိတဲ့အပေါ်မှာ ခိုင်မာတဲ့ သက်သေ မပြနိုင်တဲ့အတွက် အမှုကနေ ကွင်းလုံးကျွတ် လွတ်သွားခဲ့တယ်....... ဒီချာတိတ် ကိစ္စမှာလည်း ဘယ်သူ ဘယ်ဝါဆိုတာ ဘိုင်နိမ်း တတ်မထားတဲ့အတွက် တရားစွဲရင်တောင် အမှုက လွတ်ဖို့ အခြေအနေက များတယ်....... ၆၆ (ဃ) အရ တိုင်ရင် ဥပဒေရဲ့ အားနည်းချက်ကြောင့် မှားတာ မှန်တာနောက် အဲ့ဒိချာတိတ် အထဲဝင်ရမယ်..... NLD ဘက်ကလည်း ဦးဝင်းထိန်တို့က တရားဥပဒေ လမ်းကြောင်းအရ ဘယ်လို အရေးယူနိုင်မလဲ ဆွေးနွေးနေတယ်ဆိုတာကို ပြောထားတာ တွေ့ရတယ်..... လက်ရှိမှာ ပုံမှန် တရားဥပဒေ လမ်းကြောင်းအရ တိုင်ကြားခြင်းမပြုပဲ အွန်လိုင်းကနေ အဲ့ဒိ ချာတိတ်ရဲ့ နေရပ်လိပ်စာ၊ အလုပ်အကိုင်တွေပါ ဖော်ပြပီး ရေးသားလာကြတာ တွေ့ရတယ်........ ဘာကြောင့်လဲ မေးစရာတွေ ရှိလာတယ်...... လက်ရှိမှာတော့ တရားရုံးမှာ တရားရင်ဆိုင်ပီးရင် လွတ်မယ်....... ဒါတွေကြောင့် တရားဥပဒေကြောင်းအရ ရဲစခန်းမှာ အမှုမဖွင့်ပဲ အွန်လိုင်းကနေ ဆိုင်တာကော မဆိုင်တာတွေပါ ရောပီး ရေးသားနေကြတာလား မေးစရာဖြစ်လာတယ်...... မကြာခင် NLD အစိုးရ တက်လာတော့မယ့်အချိန် တရားဥပဒေကြောင်းအရ အမှုဖွင့်ချိန် အရေးမယူရင် NLD အစိုးရ ကိုင်တွယ်လို့ရတယ်...... ဒီနေရာမှာ ထောက်လို့ရတာက ပြည်ထဲရေး ဝန်ကြီးကို ကာချုပ်ခန့်တာပဲဆိုတဲ့ ဆင်ခြေ..... ကာချုပ်ခန့်ပေမယ့် သမ္မတက မကြိုက်ရင်ဖြစ်စေ သတ်မှတ်ထားတဲ့ အချက်တွေကို ချိုးဖောက်ရင်ဖြစ်စေ လွှတ်တော်ကနေ စွတ်စွဲပြစ်တင် ဖြုတ်ချပိုင်ခွင့် ရှိတယ်...... လက်ရှိမှာ လွှတ်တော်ဟာလည်း NLD အမတ်တွေအပြည့်........ ဒါဆိုရင် ဘာကြောင့် အွန်လိုင်းကနေ Cyber Bullying လုပ်နေတာလည်းဆိုတာ မေးချင်လာတယ်..... ဒီလိုရေးလို့ ဒီချာတိတ်ကို ကာကွယ်နေတာမဟုတ်ဘူး ရဲစခန်းမှာ အမှုဖွင့်လိုက် တည်ဆဲဥပဒေအရ ရှင်း..... သို့သော် လက်ရှိက တည်ဆဲဥပဒေအရ ဒီချာတိတ် လွတ်သွားနိုင်တာကို သိလို့ အွန်လိုင်းကနေ ရည်ရွယ်ချက်ရှိရှိ Bullying လုပ်နေတာလား မေးစရာဖြစ်လာတယ်..... ဒီလိုလုပ်နေတဲ့နေရာမှာ မဆီမဆိုင် အဲ့ဒိ ချာတိတ် မိဘ အလုပ်အကိုင်တွေပါ ထည့်ပြီး ပြောဆိုလာတာ တွေ့ရတယ်....... ဒါတင်သာမက ဒီချာတိတ် ပို့စ်ကို လိုက်နှိပ်သူ ချာတိတ် ပို့စ်အောက်မှာ မှတ်ချက်ရေးသူတွေကိုပါ ထောက်ပြ အရေးယူဖို့ ပြောဆိုနေကြတာ တွေ့ရတယ်...... လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေအရ သူတို့ ထောက်ပြ ပြောဆိုပီး အရေးယူစေချင်တဲ့ ပုဒ်မဟာ တစ်ချိန်တုန်းက သူတို့ ကိုယ်တိုင် ဆန့်ကျင်နေတဲ့ ပုဒ်မတွေပဲ...... ဒါတွေကို ခုချိန်မှာ ကိုးကားနေကြတယ်...... ဒီလုပ်ရပ်တွေဟာ ဘာနဲ့ အလားသဏ္ဍန်တူသလဲဆိုရင် တစ်ချိန်က ပဲခူးရိုးမထဲက ဘဝ ဟစ်တိုင်မှာ ကြွေးကျော်ကြ မကျေနပ်တဲ့လူကို စွတ်စွဲပစ်တင် ဝါးရင်းတုတ်နဲ့ လည်မြို ရိုက်သတ်တဲ့ လုပ်ရပ်တွေနဲ့ မကွာခြားလှ..... ထပ်ပြီး ဝါဒဖြန့်နေတာကတော့ ကုလ လုံခြုံရေး ကောင်စီပါ # လုပ်တွဲတင်နေတဲ့စာ...... စာပါ ရေးထားတာက Son of a Leader from Burmese Army……. လက်ရှိ မြန်မာနိုင်ငံ တပ်မတော်ရဲ့ ခေါင်းဆောင်ဟာ ကာချုပ် မင်းအောင်လှိုင်....... Son of a leader from Burmese Army လို့ သုံးထားတဲ့အတွက် ကာချုပ် မင်းအောင်လှိုင်ရဲ့ သားလို့ ပြောဆိုနေခြင်းပဲ..... ဒီလိုတင်နေခြင်းဟာ မဟုတ်မမှတ် ဝါဒဖြန့်နေခြင်းပဲ..... ဒီလိုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသူတွေဟာ အွန်လိုင်းက ၁ ပူး သတ်မှတ်တဲ့ ဆိတ်ဖွားနွယ်ဝင် ပါလီမန်ခေတ်က စကားလုံး သုံးရမယ်ဆိုရင် အွန်လိုင်း ပျူစောထီးတွေပဲ....... Intention ကို သေခြာလိုက်လေ့လာကြည့်လိုက်ရင် အဖေ တပ်ကအကောင်၊ စစ်တပ်က ဒီလိုလုပ်နေတယ် ဆိုတဲ့ပုံစံကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်နေတာကို တွေ့ရတယ်....... တရားဥပဒေလမ်းကြောင်းအရ ဖြေရှင်းလို့ ရပါသော်လည်း NLD ကိုယ်တိုင်က မဖြေရှင်းပဲ အသာ မြောလိုက်နေတာကို တွေ့ရတယ်...... ဘာကြောင့်လဲ စဉ်းစားစရာက လတ်တလောမှာ ဖြစ်ခဲ့တဲ့ စည်ပင် ဧည့်ရိပ်သာကို မီဒီယာတွေ ဝင်အင်တာဗျူးသွားပြီးနောက် NLD လွှတ်တော် အမတ်တွေကို ထိမ်းချုပ် စောင့်ကြည့်မယ့် အစီအစဉ် ဖြစ်လာတာကို အမတ်တွေထဲက အသံထွက်လာတာနဲ့လည်း တိုက်ဆိုင်နေပြန်တယ်...... ခွင့်ပြုချက်မရှိ အမတ်တွေ ခွင့်မယူဖို့၊ ဧည့်ရိပ်သာ ပြင်ပမထွက်ရန်၊ မီဒီယာ အင်တာဗျူး ရှောင်ရှားရန်အပြင် လွှတ်တော်တွင်း မဲပေးခြင်းကို အနောက်မှ ထိမ်းချုပ်စောင့်ကြည့်နေမယ် ဆိုတဲ့ ထိမ်းချုပ်မှုတွေ အသံထွက်လာချိန်....... နောက်ဆုံးအနေနဲ့ ပြောရရင်တော့ NLD အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကနေ ရွေးကောက်ပွဲအတွက် အာဏာလွှဲပေးဖို့ ကတိပြုချက်တွေ မရခင်အထိ တဖွဖွပြောခဲ့တဲ့ တရားဥပဒေ စိုးမိုးမှုအတိုင်း အဲ့ဒိ ရေးသားတဲ့ ချာတိတ်ကို တရားဥပဒေ နည်းလမ်းအတိုင်း အမှုဖွင့်၊ တရားဥပဒေအတိုင်း လွတ်လပ်စွာ ခြေပခွင့်ပေးပြီး တရားဥပဒေအတိုင်း စီရင်စေချင်တယ်......... ဒီလိုမှ မဟုတ်ပဲ တရားဥပဒေအရ နည်းလမ်းအတိုင်း မသွားပဲ အွန်လိုင်း ပျူစောထီးတွေနဲ့ Cyber Bullying လုပ်ပြီးတော့ ပါတီတွင်း အက်ကွဲကြောင်းတွေအတွက် Diversion လုပ်မယ်ဆိုရင်တော့ တော်တော်လေး လွဲနေတယ်လို့ ထောက်ပြချင်တယ်.......

No comments: