အသက်တချောင်း ကယ်ခဲ့ရပြန်ပြီ (သို့)
.........သေနေ့မစေ့သေးသူ.................
အချိန်က သန်းခေါင်ကျော် 02း20 နာရီအချိန်၊
ရက်စွဲက18.02.2016 နေ့၊ ရထားအမှတ်က
မြစ်ဆုံမန္တလာ လို့ခေါ်တဲ့ 38 Dn ရထားကြီး၊
နေရာက ချပ်ကြီး ဘူတာနှင့် ပင့်သာ ဘူတာ အကြား၊မိုင်တိုင်အမှတ်က 607/5နှင့်607/6
အတွင်းလှည်းလမ်းကူး သံလမ်းအလယ်ကောင်မှာ သံလမ်းနှစ်ချောင်းနှင်ြ့ပိုင်ပြီးအိပ်နေတဲ့လူတစ်ယောက်ကို ရထားရဲ့မီးမောင်း(Head light)
အလင်းရောင်အောက်မှာ အကွာအဝေး ပေ150
ခန့်လောက်ကနေပြီးရုတ်တရက်တွေ့လိုက်ရပါတယ်၊ပထမတော့ ရထားပေါ်ကနေပြီးကျခဲ့တဲ့
စောင်တစ်ထည်လို့်ထင်လိုက်သေးတယ်ဗျ၊
ှချမ်းအေးလှတဲ့ဆောင်းရာသီမှာသံလမ်းပေါ်
လူအိပ်နေလိမ္မယ်လို့ထင်မှတ်မထားဘူး၊
အသေအချာကြည့်လိုက်တော့မှ ကျွန်တော့်
ရထားလာမယ့်ဘက်ကိုခြေဆင်းပြီးသံလမ်းရဲ့
အလယ်ကောင်မှာအိပ်နေတဲ့လူတစ်ယောက်မှန်း
သိလိုက်ရတော့
လက်တစ်ဘက်က အရေးပေါ်တွဲဆိုင်းဘရိတ်နဲ့
စက်ခေါင်းဘရိတ်ကိုတပြိုင်ထဲဆွဲပြီး တချိန်
ထဲမှာဘဲ စက်ခေါင်းဥဩကိုအိပ်နေတဲ့လူသတိ
ထားမိအောင်အသံတိုအသံပြတ်အကြိမ်ကြိမ်
ဆွဲသော်လဲတုတ်တုတ်တောင်မလှူပ်ဘူးဗျာ၊
ရထားခုတ်မောင်းလာတဲ့မိုင်နှုန်းကလဲကီလို၄၀
ဝန်းကျင် နောက်ကပါလာတဲ့တွဲကတွဲကြီး ၁၁
တွဲ ရထားကလဲရုတ်တရက်မရပ်နိုင် ရထားလုံးဝရပ်မသွားခင်အထိတော့တစ်စက္ကန့်
ဆိုတာကျွန်တော့်အတွက်တော့တစ်ကမ္ဘာပါဘဲ
ရထားကတကျွီကျွီနဲ့အိပ်နေတဲ့လူဆီကိုတိုးဝင်၊
နီးကပ်လွန်းလာတဲ့အခါအိပ်နေတဲ့လူကိုစက်ခေါင်း
ဖရိမ်ကမြင်ကွင်းကွယ်သွားပြီးရထားလဲကျွိကနဲထိုး
ရပ်သွားပြီ၊ တစ်ကယ် စက္ကန့်ပိုင်းပါဘဲ
ရထားကတော့ရပ်သွားပြီ
ကျွန်တော်ရယ် ကျွန်တော့ရဲ့လက်ထောက်ရယ်
စက်မှု/လျှပ်စစ် စက်ပြင်ဆရာကြီး နှစ်ယောက်
ရယ် အားလုံးလေးယောက် တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့် ရင်း တစ်ပြိုင်ထဲရေရွတ်လိုက်
တာကတော့"သွားပြီ"တဲ့။မြင်ကွင်းကွယ်သွားပြီကိုး
သေချာပြီပေါ့စက်ခေါင်းကနင်းလိုက်ပြီဗေဒင်မေးစ
ရာမလိုတော့ဘူး၊ကိုယ့်စက်ခေါင်း ဖွဲ့စည်းတည်
ဆောက်ပုံအားလုံးသိပြီးသား၊စက်ခေါင်းဝန်ရိုးတွေ
ကိုမောင်းပေးတဲ့ မော် တာ(traction motor)
တွေနဲ့မလွတ်လောက်ဘူးဆိုတာကိုအားလူံးသိပြီး
ထားပြီးသား၊ စက္ကန့်ပိုင်းလောက်ကြက်သေ သေ
နေကြပြီး ကျွန်တော်ကဘဲစလို့
`ကဲ ဘာဘဲဖြစ်ဖြစ် ရထားလဲရပ်သွားပြီ ၊တတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားပြီးပြီဘဲ
ဘယ်တတ်နိုင်မလဲကွာ သူ့ကံပေါ့
ကဲဆင်းကြည့်ကြစို့´
ပြောသာပြောရတယ်တစ်ယောက်မှလဲဆင်းကြည့်ဘို့တုတ်တုတ်မလှုပ်ကြဘူး ၊ဘာတွေမြင်ရမလဲဆို
တာကြိုသိထားကြတာကိုး၊အချိန်ကလဲညသန်းခေါင်ကျော်ဆိုတော့ ဆင်းကြည့်ကြဘို့ဝန်လေးနေကြတာ
"ကဲကဲလာကြဗျာအားလုံးဆင်းကြည့်ကြမယ်"
ဆိုမှ လက်နှိပ်မီးတွေကိုယ်စီကိုင်ပြီးဆင်းကြည့်လိုက်တော့ ပုံမှာပါတဲ့အတိုင်းလှည်းလမ်းကူးမြေ
သားနဲ့စက်ခေါင်းရဲ့ပထမဦးဆုံးမော်တာကြားမှာ
ခရီးဆောင်အိပ်သေးသေးလေးကိုခေါင်းခုပြီးအိပ်
နေတဲ့လူတစ်ဦးကိုမော်တာကြီးကရင်ဘတ်ကို
ဖိထားတဲ့အနအထားမျိုးတွေ့လိုက်ရတယ်ဗျ
လူကတော့တုတ်တုတ်မလှုပ်ဘူး၊
အဲဒီအချိန်မှာဘဲ တစ်ယောက်က
"သေပြီလားမသိဘူး"တဲ့
သေသေချာချာဓါတ်မီးနဲ့ထိုးကြည့်လိုက်တော့
မော်တာနဲ့ မြေကြီးကြားမှာလူကကွက်တိ
ဖိညှပ်ထားတဲ့လက္ခဏာမရှိဘူး ဒါပေမဲ့ခရီးဆာင်အိပ်ကိုခေါင်းခုအိပ်နေတာဆိုတော့ရထားက
နောက်ထပ်တစ်ပေလောက်ရွေသွားပြီးမှရပ်သွား
မယ်ဆိုရင်မတွေးရဲစရာပါ။
"ဟေ့လူ...ဟေ့လူ"ဆိုပြီးပေါင်ကိုပုတ်နှိုးမှနဲနဲလှုပ်လာတယ်
"ဟာ မသေဘူးမသေဘူး အိပ်ပျော်နေတာထင်တယ်ဆွဲထုတ်ရအောင်
ရထားလုံခြုံရေးရဲ ကိုတစ်ယောက်သွားခေါ်
တစ်ခါတည်း ဂါတ်ဘိုကြီကိုပါခေါ်ခဲ့"
သူတို့သွားခေါ်နေတဲ့အချိန်မှာဘဲစက်ခေါင်း
အောက်ကမောင်မင်းကြီးသားထံကအသံထွက်လာတယ်
ဘာတဲ့ မော်တာကြီးကို လက်နဲ့ပုတ်ပုတ်ပြီး
"ဒါကြီးဖယ်ပေးပါ ဒါကြီးကိုဖယ်ပေးပါ"တဲ့အော်
နေလေ့
ရဲတွေရောက်လာတဲ့အခါကျတော့
အောက်ကလူကို ဘေးတိုက်ရွှေ့ခိုင်းကြည့်တယ်
"လှုပ်လို့မရဘူး"တဲ့
"ဘုရား ဘုရား"မှန်းစမ်းသေချာကြည့်စမ်းမယ်
ဘယ်ရမှာလဲ ဦးခေါင်းအောက်ကခေါင်းအုံးက
ထောက်ခံထားသလိုဖြစ်ပြီးလှုပ်မရတာကိုး
ခေါင်းအုံးဆွဲဖယ်လိုက်မှလွတ်လွတ်လပ်လပ်
လှုပ်ရှားလို့ရပြီးစက်အောက်ကဆွဲထုတ်လို့ရတော့တယ်ဗျာ၊အပြင်ရောက်မှ မေးကြည့်တော့
ရှေ့ကသွားတဲ့ရထားပေါ်ကပြုတ်ကျခဲ့တာတဲ့
၅၆ အစုန် အထူးအမြန်ရထားပေါ်ကပေါ့
ညကြီးဆိုတော့ ဘယ်မှမသွားတတ်တာရယ်
ဘာမှမမြင်ရတာနဲ့တွေ့တဲ့နေရာမှာအိပ်နေတာပါတဲ့ ဗျာ မသေကောင်းမပျောက်ကောင်း
ကံကောင်းလို့ပါလား ကျွန်တော် တော်လို့ မဟုတ်ဘူး နိုးနိုးကြားကြားရှိနေလို့ပါ
ကျွန်တော့ရထားကလဲပင့်သာဘူတာဖြတ်သန်းတော့မှာမို့ မိုင်နှုန်းလျှော့ထားတဲ့အချိန်
အဲဒီ လှည်းလမ်းကူးမြေပြင်အနေအထားက
ပေ ၂၀၀ မှာ ၁ ပေအတက်ခရီးကလဲဖြစ်
စက်ခေါင်းနဲ့တွဲဆိုင်းဘရိတ်စစ်စတမ်ကလဲ
ဘရိတ်မိအားကောင်းတဲ့ AAR စံနစ်
ရာသီဥတုကလဲ နှင်းမကျဘူးမြင်ကွင်းကောင်း
စက်ခေါင်းမီးမောင်းတွေကလဲလင်းအားကောင်း
ကံတရားအရ သေနေ့မစေ့သေးတဲ့လူအသက်
တစ်ချောင်းကိုကယ်ခဲ့ရတာပါ။
ဒါပေမယ့်
လုံခြုံရေးရဲနောက်ကိုတော့လိုက်သွှားလိုက်ပါ
ဦးမောင်မင်းကြီးသားရေ့
အမည်က ....သန်းနိုင်ဝင်း
အသက်........၁၈ နှစ်
အဘ............ဦးသန်းအောင်
နေရပ်............အလုံကြီးရွာ ၊မြိုင်မြို့နယ်
၅၆ အစုန်ရထားလက်မှတ်ပါရှိ လက်မှတ်အမှတ်
၈၂၄၃ တွဲ ၂ ခုံအမှတ် ၂၃
မန္တလေးစက်ခေါင်းရုံကစက်ခေါင်းအများကြီး
ရှိတဲ့အထဲမှာ ဟွန်းအကောင်းဆုံးခေါင်း
ဟွန်းတီးမယ်ဆိုနားကိုလက်နဲ့ပိတ်ပြီးတီးရတဲ့
ခေါင်း
ဟွန်းသံလဲမကြားဘုး စက်ခေါင်းကြီးလူပေါ်ရောက်နေတာတောင်မသိဘူးဆိုတော့မလွန်လွန်းဘူးလား ငါ့ညီရာ။
""""အန္တရာယ်ကင်းဘေးရှင်းကြပါစေ"""
win koko fbမှ
No comments:
Post a Comment