မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, February 7, 2016
စစ်ကိုင်းတောင်ရိုးက ဆရာတော်ရွှေကိုင်းသား အမှတ်တရ ကျောက်စာတိုင်
မြန်မာစာပေနှင့် ယဉ်ကျေးမူနယ်ပယ်တွင် ထင်ရှားခဲ့သော စာရေးဆရာသုတေသီ ရွှေကိုင်းသား(ဆရာတော်ဦးသောဘိတ) အမှတ်တရကျောက်စာတိုင် စိုက်ထူပူဇော်ပွဲကိုဒီနေ့မနက်ပိုင်း ဆရာတော်သီတင်းသုံးခဲ့တဲ့ စစ်ကိုင်းတောင်ရိုး အနုရုဒ္ဓါချောင်မှာကျင်းပခဲ့ပါတယ်။
အခမ်းအနားကို စစ်ကိုင်းမှ စာရေးဆရာမျိုးသူရ၊ အောင်မြင့်မြင့်(စစ်ကိုင်း)၊ နန္ဒာမင်းလွင်တို့ဦးစီးကျင်းပပြီး ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့် စာရေးဆရာညီပုလေးတို့က အမှတ်တရစကားပြောကြားပါတယ်။
ဆရာတော်ရွှေကိုင်းသား၏ ငယ်အမည်မှာ ကိုထွန်းလှိုင်ဖြစ်ပြီး သာသနာဘောင်မ၀င်မီက ရှေးဟောင်းသုတေသနဌာနတွင် ဓာတ်ပုံဆရာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။၁၉၃၂ ခုနှစ်မှာ မင်းရှင်စောဆောင်းပါးနဲ့ စာပေနယ်ကို ၀င်ရောက်ခဲ့ပြီး ဆင်ယင်ထုံးဖွဲ့မှုကျမ်းနှင့် ၁၉၅၁မှာ သုတပဒေသာ စာပေဗိမ္မာန်ဆု ရခဲ့ပါတယ်။ မန္တလေး နှစ် ၁၀၀ ပြည့်ကို ရေးသားခဲ့သလို စာပေ၊ သမိုင်း၊ မြန်မာမှု အနုပညာဆိုင်ရာ စာအုပ်စာတမ်းများ ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ဒါအပြင် သုတေသီအဖြစ် ရှေးဟောင်းပစ္စည်းများ စုဆောင်းထိန်းသိမ်းပါတယ်။
နောက်ပိုင်းမှာတော့ အနုရုဒ္ဓါချောင်မှာ တပါးတည်းရှိစဉ် ဓားပြများရဲ့ ရိုက်နှက်မှုကို ခံရကာ ဆေးရုံတက်ကုသခဲ့ ပြီး ၁၉၈၇ ခုနှစ် ဇွန် ၂၉ရက်နေ့မှာ သက်တော် ၇၅နှစ်၊ သိက္ခာတော် ၄၃၀ါတွင် ပျံလွန်တော်မူခဲ့ပါတယ်။
အင်္ဂလိပ်- မြန်မာ ၂ဘာသာဖြင့် ရေးထိုးထားသည့် ရွှေကိုင်းသား အမှတ်တရကျောက်စာတိုင်ကို ပန်းပုပညာရှင် ဦးအောင်မင်းက ထုလုပ်ပေးထားတာဖြစ်ပါတယ်။
မင်းထက်ငြိမ်းချမ်း ပေးပို့သည် မြန်မာစာပေနှင့် ယဉ်ကျေးမူနယ်ပယ်တွင် ထင်ရှားခဲ့သော စာရေးဆရာသုတေသီ ရွှေကိုင်းသား(ဆရာတော်ဦးသောဘိတ) အမှတ်တရကျောက်စာတိုင် စိုက်ထူပူဇော်ပွဲကိုဒီနေ့မနက်ပိုင်း ဆရာတော်သီတင်းသုံးခဲ့တဲ့ စစ်ကိုင်းတောင်ရိုး အနုရုဒ္ဓါချောင်မှာကျင်းပခဲ့ပါတယ်။
အခမ်းအနားကို စစ်ကိုင်းမှ စာရေးဆရာမျိုးသူရ၊ အောင်မြင့်မြင့်(စစ်ကိုင်း)၊ နန္ဒာမင်းလွင်တို့ဦးစီးကျင်းပပြီး ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာစိုးနိုင်(မန္တလေးတက္ကသိုလ်)နှင့် စာရေးဆရာညီပုလေးတို့က အမှတ်တရစကားပြောကြားပါတယ်။
ဆရာတော်ရွှေကိုင်းသား၏ ငယ်အမည်မှာ ကိုထွန်းလှိုင်ဖြစ်ပြီး သာသနာဘောင်မ၀င်မီက ရှေးဟောင်းသုတေသနဌာနတွင် ဓာတ်ပုံဆရာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။၁၉၃၂ ခုနှစ်မှာ မင်းရှင်စောဆောင်းပါးနဲ့ စာပေနယ်ကို ၀င်ရောက်ခဲ့ပြီး ဆင်ယင်ထုံးဖွဲ့မှုကျမ်းနှင့် ၁၉၅၁မှာ သုတပဒေသာ စာပေဗိမ္မာန်ဆု ရခဲ့ပါတယ်။ မန္တလေး နှစ် ၁၀၀ ပြည့်ကို ရေးသားခဲ့သလို စာပေ၊ သမိုင်း၊ မြန်မာမှု အနုပညာဆိုင်ရာ စာအုပ်စာတမ်းများ ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ဒါအပြင် သုတေသီအဖြစ် ရှေးဟောင်းပစ္စည်းများ စုဆောင်းထိန်းသိမ်းပါတယ်။
နောက်ပိုင်းမှာတော့ အနုရုဒ္ဓါချောင်မှာ တပါးတည်းရှိစဉ် ဓားပြများရဲ့ ရိုက်နှက်မှုကို ခံရကာ ဆေးရုံတက်ကုသခဲ့ ပြီး ၁၉၈၇ ခုနှစ် ဇွန် ၂၉ရက်နေ့မှာ သက်တော် ၇၅နှစ်၊ သိက္ခာတော် ၄၃၀ါတွင် ပျံလွန်တော်မူခဲ့ပါတယ်။
အင်္ဂလိပ်- မြန်မာ ၂ဘာသာဖြင့် ရေးထိုးထားသည့် ရွှေကိုင်းသား အမှတ်တရကျောက်စာတိုင်ကို ပန်းပုပညာရှင် ဦးအောင်မင်းက ထုလုပ်ပေးထားတာဖြစ်ပါတယ်။
မင်းထက်ငြိမ်းချမ်း ပေးပို့သည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment