မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, February 5, 2016
ကန့်ဘလူ-ကျွန်းလှဒေသ၌ အထက်မြန်မာပြည် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်မည် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ကန့်ဘလူ-ကျွန်းလှဒေသ၌ အထက်မြန်မာပြည် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်မည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
ကျွန်းလှ ဖေဖော်ဝါရီ ၎
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ကန့်ဘလူ-ကျွန်းလှဒေသ၌ အထက်မြန်မာပြည် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်မည် ဖြစ်ကြောင်း သီတဂူစက္ခုဒါန ဆေးရုံတော်ခန်းမ၌ ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ကျွန်းလှမြို့နယ်ပထမအကြိမ်သံဃာ့ အစည်းအဝေးဆုံးဖြတ်ချက်အရ သိရှိ ရသည်။
စစ်ကိုင်းမြို့ IBEC ဆရာတော် အရှင်သောဘိတက ကန့်ဘလူ-ကျွန်းလှဒေသ၌ အထက်မြန်မာပြည် ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရန်သင့် ပါကြောင်း၊ အထက်မြန်မာပြည်၌ စာသင်တိုက်ကြီးများရှိသော်လည်း နိုင်ငံတကာနှင့် ဆက်သွယ်ဆောင် ရွက်နိုင်သော ဗုဒ္ဓဘာသာပညာရေး ဌာန တစ်ခုဖြစ်လာစေရန် အထက် မြန်မာပြည်ရှိ ရဟန်းသံဃာတော် များ ပိဋကတ်စာပေကို ခေတ်ပညာ နှင့်ယှဉ်တွဲသင်ကြားနိုင်ရန် အခြား သော နိုင်ငံရပ်ခြားတက္ကသိုလ်များ ကဲ့သို့ ငွေကြေးဖြင့်လေ့လာ သင်ယူ စရာမလိုဘဲ နိုင်ငံတကာ အဆင့်ပညာ ရပ်များကို လေ့လာသင်ယူနိုင်ရန် အထက်မြန်မာပြည်၌ နိုင်ငံတကာ နှင့်ယှဉ်သော မြတ်ဗုဒ္ဓသာသနာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါ ကြောင်း'' ပထမအကြိမ်သံဃာ့အစည်း အဝေးတွင် တင်ပြလျှောက်ထားချက် အရ သိရသည်။
ကျွန်းလှမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဣန္ဒက၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခ (မဟာဌာနမှူး) ငါးကျမ်းပြန် ဆရာ တော် ဒေါက်တာဓမ္မပိယ တို့အား အမှူးပြု၍ သံဃာတော် အရှင်သူမြတ် ၂၅ ပါး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများ ပါဝင်ဆွေးနွေးသည့် ယင်းအစည်းအဝေးတွင် အထက် မြန်မာပြည်ဗုဒ္ဓတ က္ကသိုလ်ကို မြေ ဧရိယာ ၃ဝ ဒသမ ဝ၇ ဧကပေါ်တွင် ဓမ္မဝိနယနှင့်အညီ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အထက်မြန်မာပြည် ဗုဒ္ဓ တက္ကသိုလ်တည်ဆောက်ရာသို့ ပါဝင် လှူဒါန်းလိုပါက ဦးသန်းထွန်း အထက်မြန်မာပြည်ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေးကော်မတီ ကျွန်း လှမြို့ ဖုန်း ဝ၉-၄ဝ၂၅၆၃၁၁၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိ ရသည်။
(မြို့နယ် ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment