မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Saturday, February 20, 2016
အလှမ်ဝေးနေဆဲ ငြိမ်းချမ်းရေးအတွက် စင်တာအသစ် --------- ---- ------- --
အလှမ်ဝေးနေဆဲ ငြိမ်းချမ်းရေးအတွက် စင်တာအသစ်
--------- ---- ------- --
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် စင်တာ နှစ်ခုရှိပြီး ဖြစ်သော်လည်း ငြိမ်းချမ်းရေးစင်တာသစ်တစ်ခု ထပ်မံ တည်ထောင် ဖွဲ့စည်းလိုက်သည်။ အသစ် ဖွဲ့စည်းလိုက်သည့် စင်တာအား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး စင်တာ (CPR) ဟု အမည်ပေးထားသည်။
သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၂ တွင် တည်ထောင်ခဲ့သည့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ အဖွဲ့ဝင်အများစုမှာ CPR တွင် ဆက်လက်ပါဝင်မည်ဟု ဆိုသည်။ စင်တာနှင့် နီးစပ်သူတစ်ဦးက “စင်တာ တည်ထောင်ရတဲ့ ရည်ရွယ်ချက်က NLD နဲ့ စစ်တပ်ကြား ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းက ကနဦး အဆင့်မှာပဲ ရှိနေသေးတဲ့အတွက် ဖြစ်ပါတယ်။ ဒီအဖွဲ့ နှစ်ခုကြားမှာ ကျွန်တော်တို့ကြောင့် နားလည်မှု လွဲတာမျိုး မဖြစ်စေချင်ပါဘူး” ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးဖြေရှင်း ရမည့် ပြသ၁နာများစွာ ရှိနေသေးသည်။ NLD လွှမ်းမိုးထားသည့် လွှတ်တော် က ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဟောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ် ခဲ့ခြင်းကို စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီတို့က နှစ်ခြိုက်ခြင်းမရှိဟု သတင်းထွက်လျက်ရှိသည်။
KHTun
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment