Thursday, February 4, 2016

ဝမ်းသာစရာပါ ဝမ်းလည်းသာကြပါ ဒါပေမယ့်သူတို့မလွတ်မချင်း အားလုံးသွေးအေးမသွားပါနဲ့

ဝမ်းသာစရာပါ
ဝမ်းလည်းသာကြပါ ဒါပေမယ့်သူတို့မလွတ်မချင်း
အားလုံးသွေးအေးမသွားပါနဲ့

Anonymous ဟက်ကာအဖွဲ့ကြီး
လက်စွမ်းပြမှုနဲ့မြန်မာဘက်က ရှေ့နေများအဖွဲ့အစည်းများစုပေါင်းမှုကြောင့်
ဝင်းနှင့်ဇော်တို့
ခြေကျင်းလည်းမရှိတော့ပဲ အားကစားလည်းလုပ်ခွင့်ရသော အခြေအနေသို့ရောက်ရှိ

Anonymous ဟက်ကာအဖွဲ့မှ
ထိုင်းအကျဉ်းထောင်၏ အရေးကြီးအချက်အလက်ပေါင်း ၁၀၀ကျော်ကို
ဖောက်ထွင်းရရှိပြီး
ထိုင်းအကျဉ်းဦးစီးဝက်ဆိုဒ် ၂၀ကိုဟက်ထားပြီး
ခုချိန်ထိတခုပဲပြန်ဖွင့်နိုင်သေးတယ် သိရပါတယ်

မင်းတို့တရားရေးအကျဉ်းဦးစီးဌာနဝက်ဘ်ဆိုက်တွေကို ပြန်လည်ထူထောင်ဖို့အတွက်
အချက်အလက်တွေကိုငါတို့က ပြန်ပေးသွားပါမယ်ဟု ဟက်ကာအုပ်စုက
ရေးသားထားပြီး  ယင်းဌာန၏ ITကျွမ်းကျင်မှုကရှက်ဖွယ်ပါပဲဟု ပြောဆိုထားပါသည်
သူတို့ဟက်ကာဖောက်ထွင်းရရှိတဲ့အထဲမှာ
ထိုင်းနိုင်ငံရဲ့ အကျဉ်းထောင်ဖောက်ပြေးပြီးမမိသေးသော
တရားခံစာရင်းများလည်းပါကြောင်းဖော်ပြထားပါသည်

သေဒဏ်ပေးခံရသည့် မြန်မာနှစ်ဦးသည်
၎င်းတို့ပြစ်မှုကျုးလွန်ခြင်းမရှိတဲ့အမှုအတွက်
ထိုင်းရဲတို့၏ နှိမ်စက်ညှင်းပန်းခံရပြီး အတင်းဝန်ခံခိုင်းတဲ့အကြောင်း ထိုဟက်ကာအဖွဲ့မှ အခိုငိအမာပြောကြားပြီး
ဖမ်းဆီးခံ မြန်မာနှစ်ယောက်
မလွတ်မချင်း ထပ်မံတိုက်ခိုက်သွားမည်ဟု
ပြောကြားခဲ့ပါသည်

ထိုသတင်းတွေထွက်ပေါ်လာသည့်တချိန်တည်းမှာပင်
ဖမ်းဆီးစွပ်စွဲသေဒဏ်အမိန့်ချခံရသော
မြန်မာနှစ်ယောက်ကို ဒီကနေ့ မြန်မာသံရုံးအထူးအဖွဲ့ကသွားရောက်တွေ့ဆုံရာ
ကျန်းမာစွာတွေ့ရှိရပြီး ခြေကျင်းလည်းမခတ်ထားကြောင်း
အားကစားလည်းလုပ်ခွင့်ရှိကြောင်း သိရှိရသည်
ထိုအကျဉ်းထောင်သည် ထိုင်းနိုင်ငံ၏အကြီးဆုံး
ထောင်ဖြစ်ပြီး နှစ်ကြီး မြန်မာအကျဉ်းသား
၁၇၂ယောက်ရှိကြောင်း သိရှိရသည်

သထုံ နယ်စားလေး

No comments: