Wednesday, February 10, 2016

Beechcraft 1900D အကြောင်း တစေ့တစောင်း

Beechcraft 1900D အကြောင်း တစေ့တစောင်း ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆ ဒီနေ့ မနက်မှာ တပ်မတော် (လေ) က Beech-1900D အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး ပျက်ကျတဲ့အတွက် ဗိုလ်မှူးတဦး၊ ဗိုလ်ကြီး ၂ ဦးနဲ့ အုပ်ခွဲ တပ်ကြပ်ကြီး တဦးတို့ သေဆုံးခဲ့ရပြီး အခင်းဖြစ်စဉ်က ရှင်ကျန်ခဲ့တဲ့ တပ်ကြပ် တဦးထပ်မံ သေဆုံးခဲ့ပါတယ်။ လေယာဉ် ပျက်ကျမှု အခြေအနေ အသေးစိတ်ကို တာဝန်ရှိသူတွေက စစ်ဆေးနေကြောင်း မြဝတီ သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာ့ တပ်မတော်မှာ ရှိတဲ့ Beechcraft 1900D အကြောင်း တစေ့တစောင်း ဖော်ပြလိုက်ပါတယ်။ Beech 1900 လေယာဉ်တွေကို အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Beech Aircraft ကော်ပိုရေးရှင်းနဲ့ Raytheon Aircraft ကုမ္ပဏီ တို့က ထုတ်လုပ်ပါတယ်။ ဒီသယ်ပို့လေယာဉ်တွေကို အမေရိကန် တပ်မတော်နဲ့ တခြား အစိုးရတွေက ဝယ်ယူအသုံးပြုကြပါတယ်။ Beech 1900 လေယာဉ် မျိုးကွဲတွေ ဆက်လက် ထုတ်လုပ်ခဲ့ပြီး 1990C, 1990D စတာတွေ ဖြစ်ပါတယ်။ အခုလေတပ်မတော်က ပျက်ကျသွားတဲ့ လေယာဉ်က 1900D ပါ။ ၁၉၉၁ ခုနှစ်မှာ ဗားရှင်းအသစ်အဖြစ် 1990D အမည်နဲ့ ထုတ်လုပ်တဲ့ Beech လေယာဉ်တွေဟာ ဒေသတွင်း အဲယားလိုင်းတွေမှာလည်း နာမည်ရပါတယ်။ ခရီးသည် ၁၉ ဦး လိုက်ပါနိုင်တဲ့ Beechcraft 1900D ဟာ အရင် အမျိုးအစားတွေရဲ့ အားနည်းချက်တွေကို ဒီဇိုင်းပြင်ပြီး ထုတ်လုပ်ပါတယ်။ အင်ဂျင်ပါဝါ ပိုကောင်းပြီး လေယာဉ်ပန်ကာတွေကိုလည်း အဆင့်မြှင့်ထားပါတယ်။ အားကောင်းတဲ့ အင်ဂျင်နဲ့ ကိုက်ညီအောင် အမြီးပိုင်းလည်း အရင် အမျိုးအစားတွေထက် ပိုကြီးထားပါတယ်။ Beechcraft 1900D အမျိုးအစားဟာ လေယာဉ်တွေထဲမှာ နာမည်အကြီးဆုံး ဗားရှင်း ဖြစ်ပါတယ်။ မြန်မာ့ တပ်မတော် (လေ) မှာ အမေရိကန်လုပ် Beechcraft 1900 ၃ စီးရှိပါတယ်။ (ဖြည့်စွက်ချက် - ဟေတီ၊ ကနေဒါ၊ အမေရိကန်၊ နိုက်ဂျီးရီးယား၊ ကင်ညာ တို့မှာလည်း Beechcraft 1900D အမျိုးအစားတွေ ပျက်ကျခဲ့ဖူးပြီး နောက်ဆုံး ပျက်ကျဖူးတဲ့ Beechcraft 1900D တစီးကတော့ နီပေါမှာ ဖြစ်ပါတယ်။) (Source - Wikipedia)

No comments: