Saturday, October 17, 2015

အမေရိကန်သမ္မတ အိုဘားမားလက်ထောက် မြန်မာနိုင်ငံလာမည်

အမေရိကန်သမ္မတ အိုဘားမားလက်ထောက် မြန်မာနိုင်ငံလာမည်

17.10.2015

အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေး ဒုတိယအကြံပေးတာဝန်နှင့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား၏ လက်ထောက် တာဝန် ကို တွဲဖက်ယူထားသော Mr.Ben Rhodes သည် မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၁၈ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။
သမ္မတ အိုဘားမား၏နာမည်ကျော်ခဲ့သော မိန့်ခွန်းများရေးသားသူ Mr.Ben Rhodes သည် မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်မည်ဖြစ်ပြီး အောက်တိုဘာလ ၂၀ရက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အမေရိကန်သမ္မတ အိုဘားမား၏ ၂၀၀၇ ခုနှစ် မဲဆွယ်ကာလအတွင်းပြောကြားခဲ့သော မိန့်ခွန်းများကို Mr.Ben Rhodes က ရေးသားပေးခဲ့ပြီး ၂၀၁၁ ခုနှစ်တွင်အသက် ၄၀ အောက် လွှမ်းမိုးမှုအရှိဆုံး ကမ္ဘာကျော်ကြားသူ ၄၀ စာရင်း၌ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

The Voice



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: