Friday, October 16, 2015

၂ဝ၁၅ ခုနှစ် ထူးချွန်ထင်ရှား နိုဘယ်ဆုရှင်များ

၂ဝ၁၅ ခုနှစ် ထူးချွန်ထင်ရှား နိုဘယ်ဆုရှင်များ
*************************************
လျှံလင်း

ကမ္ဘာတစ်ဝန်းလုံးမှ ထူးချွန်ထင်ရှား သူများကို နှစ်စဉ် ရွေးချယ်ချီး မြှင့်လေ့ရှိသော နိုဘယ်ဆု(Nobel Prize) များကို အောက်တိုဘာ ၅ ရက် တနင်္လာနေ့ က စတင်ချီးမြှင့်ခဲ့ရာတွင် ပထမဦးဆုံးအနေနှင့် ဆေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုအား ကပ်ပါး ပိုးများကြောင့်ဖြစ်ပွားရသည့် ရောဂါများအ ကြောင်း လေ့လာခဲ့သော သုတေသီသုံးဦးက ပူးတွဲ ရရှိသွားခဲ့သည်။

အိုင်ယာလန်နိုင်ငံမှ ဝီလျံစီကင်းဘဲလ် နှင့် ဂျပန်နိုင်ငံမှ ဆာတိုရှီ အိုမူရာတို့နှစ်ဦး သည် သန်ကောင်ကြောင့် ဖြစ်ပွားသော ကူး စက်ရောဂါများ တိုက်ဖျက်ရေး နည်းလမ်းသစ် တစ်ရပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး တရုတ်နိုင်ငံမှ ယူယူတူးသည် ငှက်ဖျားရောဂါ တိုက်ဖျက်နည်း နည်းလမ်းသစ်တစ်ရပ်အား ဖော်ထုတ်နိုင်ခဲ့ သည့်အတွက် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ အ ခြေစိုက် နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက ရွေးချယ် ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။

နိုဘယ်ဖောင်ဒေးရှင်းသည် သီးသန့်ပုဂ္ဂလိ က ဖောင်ဒေးရှင်းတစ်ခုဖြစ်၍ နိုဘယ်ဆုဆိုင် ရာ ငွေကြေးကိစ္စရပ်များကို ထိန်းသိမ်းရန် ၁၉ဝဝ ပြည့်နှစ် ဇွန် ၂၉ ရက်တွင် စတင်ဖွဲ့ စည်းခဲ့ခြင်း ဖြစ်သည်။ ၄င်းဖောင်ဒေးရှင်းကို ဒိုင်းနမိုက်တီထွင်ခဲ့သူ အဲလ်ဖရက်နိုဘယ်၏သေတမ်းစာပါ ညွှန်ကြားချက်အရ ထူထောင် ခဲ့ခြင်းပင်ဖြစ်သည်။ နိုဘယ်ဆု ဖြစ်ပေါ်လာ ပုံ သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်မည် ဆိုလျှင် ဆွီဒင်နိုင်ငံသား စဦးတီထွင်သူနှင့် ဓာတုဗေဒပညာရှင် အဲလ်ဖရက်ဘနာ့ဒ်နိုဘယ် (၁၈၃၃-၁၈၉၆)မှ အစပြုရမည် ဖြစ်ပေသည်။

နိုဘယ်အား စတော့ဟုမ်းမြို့၌ ၁၈၃၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်တွင် ဖွားမြင်ခဲ့ ပြီး ¤င်း၏ဖခင်ဖြစ်သူသည်လည်း တီထွင်ပ ညာရှင် တစ်ဦးဖြစ်သည်။ ငယ်ရွယ်စဉ်က စိန့် ပီတာစဘတ်မြို့၌ ပညာသင်ကြားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်၍ နာမည်ကျော် အင်ဂျင်နီယာကြီးတစ်ဦးဖြစ်သူ အဲရစ်ကာဆန်ထံတွင် အင်ဂျင်နီယာ အတတ် ပညာကို ဆည်းပူးခဲ့သည်။

နိုဘယ်သည် အမေရိကန်မှ စိန့်ပီတာ စဘတ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ဖခင်ဖြစ်သူ၏ လုပ်ငန်းများကို ကူညီဆောင် ရွက်ရင်း နိုက်ထရိုဂလစ်ဆရင်းဓာတ်ကို စမ်း သပ် လုပ်ကိုင်ကြည့်ရာတွင် အောင်မြင်ခဲ့သည်။ ¤င်းအောင်မြင်ခဲ့မှုကြောင့် ပထမဦးဆုံးသော နိုက်ထရိုဂလစ်ဆရင်း ထုတ်လုပ်သည့်စက်ရုံ ကို ဆွီဒင်တွင် တည်ထောင်ခဲ့သည်။ နိုဘယ် ထူထောင်ခဲ့သည့် စက်ရုံသည် မူလနဂိုမျှော်လင့် ခဲ့သည့်အတိုင်း ဘေးကင်း လုံခြုံစိတ်ချရခြင်း မရှိဘဲ ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်ခဲ့ သည်။

တစ်ကြိမ်တွင်မူ အလုပ်ရုံအတွင်း ပေါက် ကွဲမှု၌ ညီဖြစ်သူ အသက်ဆုံးရှုံးသွားရ၍ ဖခင် ကြီးမှာလည်း ထိခိုက်ဒဏ်ရာရရှိပြီး မသန်စွမ်း ဖြစ်သွားခဲ့ရသည်။ သို့သော် နောက်ဆုံးတွင် ၁၈၆၇ ခုနှစ်အရောက်၌ နိုက်ထရိုဂလစ်ဆရင်း ကို အခြားဓာတ်ပစ္စည်းတစ်မျိုးနှင့် ပေါင်းစပ် ကြည့်ရာတွင် ဘေးကင်းလုံခြုံစွာ ကိုင်တွယ်နိုင် သည်ကို တွေ့ရှိခဲ့ရပြီး'ဒိုင်းနမိုက်'ခေါ် ယမ်း ဘီလူးဟု အမည်ပေးခဲ့သည်။ ယမ်းဘီလူးတွေ့ ရှိခဲ့မှုကြောင့် နိုဘယ်သည် ¤င်းလုပ်ငန်းနှင့် ချမ်းသာကြွယ်ဝလာခဲ့ရာ ကမ္ဘာ့အချမ်းသာ ဆုံး ပုဂ္ဂိုလ်များထဲတွင် တစ်ဦးအပါအဝင် ဖြစ် လာခဲ့သည်။

နိုဘယ်သည် ¤င်း၏ ညီ၊ ဖခင်ဖြစ်သူနှင့် အခြားလူသား အများအပြားကို ထိခိုက်သေ ကျေစေနိုင်သော အန္တရာယ်ရှိသည့် ကုန်ပစ္စည်း တစ်ရပ်ကို ထုတ်လုပ်မိခဲ့ပြီဟု သံဝေဂ ဖြစ်ပေါ် လာခဲ့သည်။ အထက်ပါ သံဝေဂဖြစ်ပေါ်ခဲ့မှု ကြောင့် နိုဘယ်သည် ၄င်းမသေဆုံးမီ တစ် နှစ်အလို ၁၈၉၅ ခုနှစ်တွင် တစ်ကမ္ဘာလုံးကို အံ့အားသင့်စေသည့် သေတမ်းစာတစ်စောင် ကို ရေးသားသွားခဲ့သည်။ ထိုသည်မှာ လူ့လော က ငြိမ်းချမ်းတိုးတက်မှု ရှိလာစေချင်သော စိတ်ဆန္ဒဖြင့်သော်လည်းကောင်း၊ မေတ္တာစိတ်၊ ဂရုဏာစိတ်များ ပျံ့နှံ့စေလိုသည့် ဆန္ဒဖြင့်သော် လည်းကောင်း ၄င်းပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာ အားလုံးကို လှူဒါန်းသွားခဲ့ခြင်းပင် ဖြစ်သည်။

နိုဘယ်၏ သေတမ်းစာတွင် ရန်ပုံငွေအ ဖြစ် အမေရိကန်ဒေါ်လာ ကိုးသန်းကို သီးသန့် ဖယ်ရှားထားရှိခဲ့ပြီး ¤င်းငွေများအား နှစ်စဉ် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းသူ၊ ဓာ တုဗေဒ ပညာရပ်တွင် ရှာဖွေတီထွင်နိုင်သူ၊ ဆေးပညာ (သို့မဟုတ်) ခန္ဓာဗေဒပညာရပ် တွင် ရှာဖွေတီထွင်နိုင်သူနှင့် စာပေထူးချွန်သူ စာရေးဆရာများကို ဆုချီးမြှင့်သွားရန် စီစဉ် ထားရှိ သွားခဲ့မှုကြောင့် နိုဘယ်ဆု ဖြစ်ပေါ် လာရခြင်းပင်ဖြစ်သည်။ မစ္စတာနိုဘယ်သည် ၁၈၉၆ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်တွင် အီတလီ နိုင်ငံ ဆန်ရီမိုမြို့၌ ကွယ်လွန်သွားခဲ့သည်။

နိုဘယ်ဆု ချီးမြှင့်ခံရသူများမှာ ဆုပစ္စည်း သုံးမျိုး လက်ခံရရှိပြီး ၄င်းတို့မှာ ဒီပလိုမာ လက် မှတ်၊ ဆွဲပြားနှင့် ဆုကြေးငွေပမာဏ ဖော်ပြ ထားသော လက်မှတ်တို့ဖြစ်ကြသည်။ ဆုကြေး ငွေအနေနှင့် ယခုခေတ်ပြောင်းလဲလာသော ကာလတန်ဖိုးအရ ဆုတစ်ဆုလျှင် ဒေါ်လာ တစ်သိန်းကျော်တန်ဖိုးရှိနေကြောင်း သိရသည်။ နိုဘယ်သည် နိုဘယ်ဆုချီးမြှင့်ရန် အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းစေ၍ ၄င်းအဖွဲ့အစည်းအား ¤င်းပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာအားလုံးကို လှူ ဒါန်းသွားခဲ့ခြင်းဖြစ်သည်။

အဖွဲ့အစည်းသည် လှူဒါန်းသွားမှုများ အပေါ်မှ နှစ်စဉ်ရရှိသော အကျိုးအမြတ်ငွေ များကို ငါးစုခွဲဝေ၍ ဆုကြေးငွေလက်မှတ် ပေး အပ်ခဲ့ခြင်းဖြစ်သည်။ နိုဘယ်ဆု ငါးရပ်အနက် အထင်ရှားဆုံးဖြစ်သော ငြိမ်းချမ်းရေးနိုဘယ် ဆုကိုမူ ယခုနှစ်၌ တူနီးရှားနိုင်ငံမှ ဒီမိုကရေ စီကူးပြောင်းဖြစ်စဉ်ကို အကူအညီပေးခဲ့သောNational Dialogue Quartet(NDQ) အ ဖွဲ့ကို ပေးအပ်ခဲ့သည်။ NDQ အဖွဲ့သည် တူနီး ရှားရှိ လူမှုကူညီစောင့်ရှောက်ရေး အသင်း အဖွဲ့လေးခုမှ စေ့စပ်ညှိနှိုင်းသူများ ပေါင်းစပ် ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ပါဝင်နေသော အဖွဲ့အစည်းများမှာ တူ နီးရှား အထွေထွေအလုပ်သမားသမဂ္ဂ၊ တူနီး ရှား စက်မှုလက်မှုနှင့် ကုန်သွယ်ရေးအသင်း၊ တူနီးရှား လူ့အခွင့်အရေးအဖွဲ့ချုပ်နှင့် တူနီး ရှား ရှေ့နေများအဖွဲ့တို့ပင် ဖြစ်သည်။ ၄င်းအ ဖွဲ့သည် ၂ဝ၁၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် စပယ် ဖြူတော်လှန်ရေးခေါ် အာရပ် နွေဦးတော်လှန် ရေးတွင် တူနီးရှား၏ ဒီမိုကရေစီအသွင်ကူး ပြောင်းမှု၌ အရေးပါသော အခန်းကဏ္ဍမှ ပါ ဝင်ခဲ့ကြောင်း ဆုရွေးချယ်ရေးကော်မတီမှ သုံး သပ်ခဲ့သည်။

ထိုအချိန်က ပြည်တွင်းစစ် ဖြစ်ပေါ်လု နီးပါး အခြေအနေရှိသော တူနီးရှားအား ငြိမ်း ချမ်းစွာ ဒီမိုကရေစီနိုင်ငံ ကူးပြောင်းမှု ဖြစ်ပေါ် စေရန် NDQ အဖွဲ့က အထောက်အပံ့ ပေးခဲ့သည်။ တူနီးရှား၏ အာရပ်နွေဦးတော်လှန် ရေးသည် ပထမဦးဆုံးနှင့် အအောင်မြင်ဆုံး တော်လှန်ရေးတစ်ရပ် ဖြစ်သွားခဲ့သည်။ စပယ် ဖြူတော်လှန်ရေးတွင် အခြားပါဝင်ခဲ့သော နိုင်ငံ များဖြစ်သည့် လစ်ဗျား၊ အီဂျစ်၊ ယီမင်နှင့် ဆီး ရီးယားနိုင်ငံများသည် တူနီးရှားကဲ့သို့ အောင် မြင်သော ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အသွင် ကူးပြောင်းနိုင်ခြင်း မရှိခဲ့ခြေ။

ငြိမ်းချမ်းရေးနိုဘယ်ဆုကို မချီးမြှင့်နိုင် သော နှစ်များလည်း ရှိခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်က ဆွတ် ခူး ရရှိခဲ့ဖူးသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိ သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါကစ္စတန်နိုင်ငံမှ မာလာလာ ယူဆွတ်ဆေးတို့ အပါအဝင် အမျိုးသမီးဆုရှင် စုစုပေါင်း ၁၄ ဦး ပါဝင်ခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ဓာတုဗေဒ ဘာသာရပ်ဆိုင်ရာ နိုဘယ်ဆုကိုမူ လူသား မျိုးရိုးဗီဇပြုပြင်ရေးနှင့် သက်ဆိုင်သော လုပ်ဆောင်ချက်အတွက် သိပ္ပံပညာရှင် သုံးဦး အား ချီးမြှင့်ခဲ့သည်။ ၄င်းတို့မှာ ဗြိတိန်နိုင်ငံမှ Sir Francis Institute နှင့် Clare Hall ဓာတ် ခွဲခန်းမှ သောမတ်စ်လင်ဒယ်၊ အမေရိကန် နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် Duke တက္ကသိုလ်မှ ပေါလ်မိုဒရစ်နှင့်Chapel Hill ကျောင်းမှ အာဇစ်ဆန်ကတို့ဖြစ်ကြသည်။

ယင်ဒယ်သည် ဆွီဒင်နိုင်ငံသား၊ မိုဒရစ် က အမေရိကန်နိုင်ငံသားနှင့် ဆန်ကာမှာမူ တူရကီနိုင်ငံသားများ ဖြစ်ကြသည်။ ၄င်းတို့၏ တွေ့ရှိချက်များသည် ကင်ဆာရောဂါ ကုသရေး တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ဓာတုဗေဒ ဆု မချီးမြှင့်မီ အောက်တိုဘာ ၆ ရက်တွင် ရူပ ဗေဒ ဘာသာရပ်ဆိုင်ရာ နိုဘယ်ဆုကို ဂျပန် နိုင်ငံမှ တာကာအာကီကာဂျီတာနှင့် ကနေဒါ နိုင်ငံမှ အာသာဘီမက်ဒေါ်နယ်တို့က ပူးတွဲ ဆွတ်ခူးရရှိသွားခဲ့သည်။ ၄င်းတို့နှစ်ဦးသည် စကြဝဋ္ဌာ၏ နေရာတိုင်းတွင်ရှိနေသော နူထ ရီနိုခေါ် အက်တမ်အောက် အမှုန်တစ်မျိုး၏သဘောသဘာဝနှင့်ပတ်သက်၍ တွေ့ရှိချက် အသစ်များကို ဖော်ထုတ်နိုင်ခဲ့သည်။

ကာဂျီတာနှင့်မက်ဒေါ်နယ်တို့ နှစ်ဦးသည် နူထရီနို လေ့လာသောအဖွဲ့ နှစ်ဖွဲ့အား ဂျပန် နှင့် ကနေဒါတွင် ကိုယ်တိုင် ဦးစီးဦးဆောင်ခဲ့ သူများ ဖြစ်ကြသည်။ ¤င်းတို့၏ တွေ့ရှိချက် သည် ဒြပ်ရုပ်တုများ၏ အတွင်းအကျဆုံး လည် ပတ်မှုများအကြောင်းကို ကမ္ဘာက သိနားလည် မှု ပြောင်းလဲစေနိုင်ခဲ့ကြောင်း နိုဘယ်ကော် မတီက ပြောသည်။ ယခုနှစ်အတွက် စာပေ ဆိုင်ရာ နိုဘယ်ဆုကိုမူ ဘီလာရုစ်နိုင်ငံသူ စာ ရေးဆရာမ ဆဗက်လာနာအလက်ဇီဗစ်အား ချီးမြှင့်လိုက်သည်။

သူသည် ရှာနိုဘိုင်းလ်နျူကလီးယားစက် ရုံ မတော်တဆဖြစ်ရပ်ကြောင့် လူများခံစားရ သော အကျိုးဆက်များ၊ ဆိုဗီယက်-အာဖဂန် ၁ဝ နှစ်ကြာစစ်ပွဲ၊ ဆိုဗီယက်နှင့် ဆိုဗီယက် ခေတ်လွန် ကာလသမိုင်းကြောင်းနှင့် ပတ်သက် သော စာအုပ်များကို ရေးသားခဲ့သူဖြစ်သည်။

ဆွီဒင် တော်ဝင်သိပ္ပံအသင်းကြီး၏ မူလ နိုဘယ်ဆုငါးရပ်တွင် နောက်ဆုံးထပ်မံဖြည့် သွင်းခဲ့သော စီးပွားရေးဘာသာရပ်ဆိုင်ရာ နိုဘယ်ဆုရှင်ကို အောက်တိုဘာ ၁၂ ရက်က ကြေညာသွားခဲ့ပြီး အမေရိကန်နိုင်ငံ နယူးဂျာ စီပြည်နယ် ပရင်စတန်တက္ကသိုလ်မှ စကော့ဒ် တလန်ဇာတိဖွား ပါမောက္ခအန်းဂတ်စ်ဒေတန် က ရရှိသွားခဲ့သည်။

ပါမောက္ခ အန်းဂတ်စ်ဒေတန်၏ သုတေ သန စာတမ်းတွင် ဝင်ငွေနှင့် ကယ်လိုရီစား သုံးမှုအကြား ဆက်စပ်မှုနှင့် မိသားစုအတွင်း လိင်ခွဲခြားမှု အတိုင်းအတာကဲ့သို့သော ကိစ္စ ရပ်များကို ဖြန့်ကျက်ပြနိုင်သော မိသားစုဆိုင် ရာအ ချက်အလက်များကို ကျွမ်းကျင်စွာအသုံးပြုထားနိုင်ကြောင်း ဆုရွေးချယ်ရေးကော် မတီမှ သုံးသပ်သွားခဲ့သည်။

မစ္စတာဒေတန်သည် ဗြိတိန်နှင့် အမေ ရိကန် နှစ်နိုင်ငံသား ခံယူထားသူဖြစ်၍ စီးပွား ရေးနိုဘယ်ဆုအတွက် ချီးမြှင့်ငွေမှာ ဒေါ်လာ ၉၇၈ဝဝဝ ဖြစ်ပါကြောင်း အချုပ်အားဖြင့် တင် ပြအပ်ပါသည်။

Ref: BBC, VOX, UPI



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: