Wednesday, October 2, 2013

မုနတိုင်းသတိ

ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်ပေါ်မှုကိုလည်း အားပေးစေတတ်တဲ့အတွက် နောက်(၂၄)နာရီဟာ စိတ်ဝင်စားစရာဖြစ်လာပါလိမ့်မယ် Wednesday, October 2, 2013 အရှေ့လေပွေလှိုင်းရဲ့ ဘင်္ဂလားပင်လယ်အော်ထဲအ၀င် Weather News Update 2-10-2013 4:08 am တိုင်းဖွန်းမုန်တိုင်း Wutip ရဲ့ အကြွင်းအကျန်တိမ်တိုက်ဟာ (၁-၁၀-၂၀၁၃)ရက် ညနေ(၃)နာရီခွဲအချိန်ခန့်ကစတင်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်ကိုစတင်ဖြတ်သန်းလာခဲ့ပါတယ်။ အဲဒီ ညနေပိုင်းကစပြီး တစ်ညလုံး မြန်မာနိုင်ငံအတွင်း ပိုင်းဒေသတွေ ကိုဖြတ်ကျော်လာခဲ့ပြီး၊ ညသန်းကောင်ယံအချိန်မှာတော့ ရခိုင်ပြည်နယ်အလယ်ပိုင်းကို ဆက်လက်ဖြတ်ကျော်နေပါတယ်။ မကြာမီ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းထဲကို ၀င်လာတော့မှာဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲရောက်ရင်တော့ ဘင်္ဂလားပင်လယ်အော်ရဲ့ ရာသီဥတုကို ပြန်ပြီး အားပျိုးလာစေဦးမှာဖြစ်တဲ့အပြင် ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန်တိုင်းဖြစ်ပေါ်မှုကိုလည်း အားပေးစေတတ်တဲ့အတွက် နောက်(၂၄)နာရီဟာ စိတ်ဝင်စားစရာဖြစ်လာပါလိမ့်မယ်။ ကျွန်တော်လက်ရှိ အခြေအနေကို စောင့်ကြည့်အဆင့်သတ်မှတ်ထားပါတယ်။ ဒေါက်တာထွန်းလွင်

No comments: